Wednesday, September 16, 2020

မင်းစလုပ်ဖို့ ကြောက်နေရင်

<Unicode>
⛳မင်းစလုပ်ဖို့ မကြောက်နဲ့⛳

⛳⛳⛳⛳⛳⛳⛳⛳⛳⛳⛳⛳⛳⛳

⛳မင်းစလုပ်ဖို့ ကြောက်နေရင် ပျင်းနေရင်
တိကျတဲ့ ရည်မှန်းချက် မရှိရင် မင်းသူများအတွက်
ပဲ လုပ်ပေးနေရမယ်။စလုပ်ပြီးရင်လဲ ဆက်လုပ်ပါ။

⛳ဒီနေ့ကိုယ်မကြိုက်တဲ့ အလုပ်တွေကိုလုပ်နေ
မှ နောင်တစ်ချိန် ကိုယ်လုပ်ချင်တာလုပ်နိုင်မယ်။

⚘လောကပတ်ဝန်းကျင်မှာ လူတွေက သင့်ကိုယ်မကောင်းပြောကြမယ် ၊ အတင်းတွေပြောကြမယ်၊

⛳ ဒါပေမဲ့ သင်သူတို့ကို
စိတ်မဆိုးပါနဲ့ ငါ့မှာလိုအပ်ချက် ပြုပြင်စရာ
ရှိသေးတယ်ဆိုတာကို လမ်းညွှန်ပြသပေးတာပဲလို့
သိပြီး အကောင်းမြင်ပေးလိုက်ပါ။

⚘လူတွေက သင့်ကိုဘာမှ မဟုတ်တဲ့သူ
မဖြစ်နိုင်ဘူး၊ စကားကြီး စကားကျယ် ပြောနေတဲ့
သူလို့ အပြစ်တင်ကြလိမ့်မယ် ဒါပေမဲ့ သင်စိတ်ဓာတ်မကျသွားပါနဲ့  ။

⛳သင်သူတို့ကို
စိတ်မဆိုးပါနဲ့ သင့်ကိုမခံချင်စိတ်တွေ၊ သင့်ရဲ့
အရည်အချင်းတွေ၊ အစွမ်းအစတွေ၊ယုံကြည်မှု့တွေ ပေါ်လာအောင် နှိုးဆွပေးတဲ့သူလို့ဆိုပြီး
အကောင်းမြင်ပေးလိုက်ပါ။

⚘ဘဝမှာ ရုံးကန်တယ်ဆိုတာ လွတ်မြောက်ဖို့
တစ်ခုအတွက်ပါ၊ သင်တကယ်အောင်မြင်ခြင်ရင် စာဖတ်ပါ၊
ကြိုးစားပါ၊ အားထုတ်ပါ၊လေ့လာပါ၊ သင်ယူပါ၊
လက်တွေ့လုပ်ပါ၊

⛳မလျှော့သော ဇွဲ လုံ့လ ဝီရိယရှိပါ၊ ရိုးသားခြင်း ၊ကြိုးစားခြင်း ၊ငွေကြေးသုံးစွဲမှု နည်းစနစ်
မှန်ကန်ခြင်း၊ကြိုးစားမှုနေရာမှန်ကန်ခြင်း၊ အောင်မြင်တဲ့သူတွေနဲ့ ပေါင်းသင်း
ဆက်ဆံပါ ။

⛳သူတို့လောက်မအောင်မြင်ရင်တောင်မှ
ဆင်းရဲမွဲတေတဲ့ ဘဝတွေကို မရောက်မှာသေခြာ ပါတယ်ဗျ။

⚘ရေကူးတဲ့ပညာကို စာဖတ်ရုံ၊ ကုန်းပေါ်မှာလေ့
ကျင့်ရုံနဲ့မရနိုင်သလို ကြိုးစားမှု့နေရာမမှန်ခြင်းကလည်း တိုးတက်ဖို့ အတွက်
နှောက်နှေးစေပါတယ်ဗျာ ဒါလေးကိုတော့
သတိပြုပေးပါ။

⛳သင်ဒီအချက်တွေကို လေ့လာ
လေ့ကျင့်နေရင် သင့်အတွက် ပျင်းရိချိန်ဆိုတာ
ရှားသွားလိမ့်မယ်။

⚘သင့်မှာ အမှားတွေ အခက်အခဲတွေကနေ သင်ခန်းစာယူပါ၊ အမှားကိုသိရင် အမှန်မြင်လာလိမ့်မယ်။
ဒီကနေ့သင်သိလိုက်တဲ့ အချိန်ကစပြီး
သင့်ဘဝတိုးတက်ဖို့အတွက် ပြုပြင်ဖို့အခွင့်ကောင်း
ဆိုတာသတိရလိုက်ပါ။

⚘သင့်ဘဝဟာ သူများပျော်လို့ပျော်၊ သူများမှား
လို့မှား၊ သူများယောင်လို့ယောင် မလိုလာအပ်တဲ့
ဂိမ်း အပျော်အပါး၊ အသောက်အစား လောင်းကစား တွေနဲ့ အချိန်ဖြုန်းအချိန်ကုန်နေသလား၊ ဒါတွေကို
ပြုပြင်သင့်ပါပြီလို့ အကြံပြုလိုက်ပါရစေခင်ဗျာ။

⚘သင့်ကို မနာလိုမှုတွေ ရဲ့ကဲ့မှုတွေရှိလာပြီး
ဆိုရင် သင့်တိုးတက်မှု ရရှိလာပြီဆိုတာ သင့်သိလိုက်ပါ။ ကြိုးစားမှု ပေါင်းများစွာရဲ့ နောက်ဆုံးရလာဒ်က အောင်မြင်ခြင်းပါပဲ။

နောက်ပြီးတော့ မင်းအနေနဲ့-

⛳ရင့်ကျက်မှု့ရှိအောင် ဝေဖန်ခြင်းကို လက်ခံပါ⛳

⛳⛳⛳⛳⛳⛳⛳⛳⛳⛳⛳⛳⛳⛳

⛳သူငယ်ချင်း မိမိကံကြမ္မာကို မိမိကိုယ်တိုင်
ဖန်တီးပါ၊ မိမိကံကြမ္မာကို မိမိကိုယ်တိုင် မဖန်တီးရင် သူများဖန်တီတာ ခံသွားရလိမ့်မယ်။

⛳မုန်တိုင်းတွေက အမြဲထန်မနေဘူး၊ လေငြိမ်တဲ့
နေ့တော့ရှိအုံးမှာပဲ၊ ကိုယ့်မှာဝီရိယ မရှိ ပျင်းနေရင်တော့ ဝီရိယရှိသူရဲ့ ခိုင်းစေချက်ကို
ခံသွားရလိမ့်မယ်၊၊

⛳ဝေဖန်ခြင်းက ခက်ထန်ပေးမဲ့ စေတနာရှိတဲ့
ဆရာတစ်ယောက်လို သဘောထားပါ၊
ဝေဖန်မှု့ကျောက်ပျင်ပေါ်မှာ မိမိရဲ့စိတ်ကူဓား
ထက်အောင်သွေးပါ၊

⛳ကိုယ့်ချေထောက်ပေါ် ကိုရပ်တည်နိူင်အောင်
ကြိုးစားပါ၊ ငွေအများကြီး လိုချင်ရင် ကိုယ့်ကိုယ်ကိုယ် တန်ဖိုးရှိအောင် အရင်လုပ်ပါ၊

⛳လူတိုင်းမှာ နောက်ဆုံးအချိန်ထိ ရွှေးချယ်ခွင့်
ရှိတယ်၊ဘဝကို လူသေလို့ မမှတ်လိုက်ပါနဲ့
မိဘရဲ့ အသက်သွေးချွေးနဲ့ လူဖြစ်လာတာ
အရှုံးပေး ၊ပျော့ညံ့ အရာရာကို အလုပ်ခင်က
တွေးကြောက်နေဖို့ မဟုတ်ဘူး၊

⛳ရွှံ့တုံးကို အပေါ်က ပစ်ချလိုက်ရင် မြေကြီးပေါ်
မှာ ပြားကပ်သွားလိမ့်မယ်၊လူတွေရဲ့ နင်ချခြင်းကို
ခံသွားရလိမ့်မယ်၊

⛳ဒုက္ခဆိုတာ နှင်းထုကြီးနဲ့ တူတယ် ၊နှင်းထုကြီး
အုပ်ဆိုင်းနေပေမဲ့ တကယ်တမ်း ဖြတ်သွားရင်တော့ နှင်းမရှိတော့ သလိုပါပဲ။

⛳သူများကိုတောင် ယုံသေးတယ်ဆိုရင်
ကိုယ့်ကိုကိုယ် မယုံကြည်ဘူး ဆိုတဲ့ စကား
ဘယ်တော့မှ မပြောမိစေနဲ့။

⛳ဘာကြောင့်လဲဆိုတော့ မွေးကတည်းက
တော်လာ ၊တတ်လာ ၊ ကျွမ်းကျင်လာတဲ့သူ
မရှိဘူး၊

⛳မင်း ကြိုးစာရင် ဘာမဆိုဖြစ်နိူင်တယ်၊
မင်းကြိုးစာတဲ့နေရာမှာ ဆရာမှန် ခေါ်င်းဆောင်မှန်
လူမှန်၊ နေရာ မှန်ဖို့တော့ လိုမယ်၊
လောကမှာ ရှိတဲ့သူတွေအားလုံးက ကိုယ့်ဆရာတွေကြီးပဲ၊

⛳မကောင်းတဲ့သူတွေက ကိုယ့်ကိုသင်ခန်းစာ
တွေပေးလိုက်မယ်၊ ကောင်းတဲ့သူတွေက
အသိပညာ ၊အတတ်ပညာ နည်းပညာတွေ
ပေးလိမ့်မယ်၊

⛳မင်းဘဝအောင်မြင် တိုးတက်ချင်ရင်တော့
မင်းပေါင်းနေတဲ့ အပေါင်းအသင်း မိတ်ဆွေနဲ့
ပတ်ဝန်းကျင်က မင်းဘဝရဲ့ အနိပ့်အမြင့်
ခွဲခြားပေးလိမ့်မယ်။ မင်းအနေနဲ့ အဲ့ဒါတွေကို သင်္ခန်းစာယူတတ်ပါစေ။

#Credit.
#Copy by Kyaw Aye.

<Zawgyi>
⛳မင္းစလုပ္ဖို႔ မေၾကာက္နဲ႔⛳

⛳⛳⛳⛳⛳⛳⛳⛳⛳⛳⛳⛳⛳⛳

⛳မင္းစလုပ္ဖို႔ ေၾကာက္ေနရင္ ပ်င္းေနရင္
တိက်တဲ့ ရည္မွန္းခ်က္ မရွိရင္ မင္းသူမ်ားအတြက္
ပဲ လုပ္ေပးေနရမယ္။စလုပ္ၿပီးရင္လဲ ဆက္လုပ္ပါ။

⛳ဒီေန႔ကိုယ္မႀကိဳက္တဲ့ အလုပ္ေတြကိုလုပ္ေန
မွ ေနာင္တစ္ခ်ိန္ ကိုယ္လုပ္ခ်င္တာလုပ္ႏိုင္မယ္။

⚘ေလာကပတ္ဝန္းက်င္မွာ လူေတြက သင့္ကိုယ္မေကာင္းေျပာၾကမယ္ ၊ အတင္းေတြေျပာၾကမယ္၊

⛳ ဒါေပမဲ့ သင္သူတို႔ကို
စိတ္မဆိုးပါနဲ႔ ငါ႔မွာလိုအပ္ခ်က္ ျပဳျပင္စရာ
ရွိေသးတယ္ဆိုတာကို လမ္းၫႊန္ျပသေပးတာပဲလို႔
သိၿပီး အေကာင္းျမင္ေပးလိုက္ပါ။

⚘လူေတြက သင့္ကိုဘာမွ မဟုတ္တဲ့သူ
မျဖစ္ႏိုင္ဘူး၊ စကားႀကီး စကားက်ယ္ ေျပာေနတဲ့
သူလို႔ အျပစ္တင္ၾကလိမ့္မယ္ ဒါေပမဲ့ သင္စိတ္ဓာတ္မက်သြားပါနဲ႔  ။

⛳သင္သူတို႔ကို
စိတ္မဆိုးပါနဲ႔ သင့္ကိုမခံခ်င္စိတ္ေတြ၊ သင့္ရဲ႕
အရည္အခ်င္းေတြ၊ အစြမ္းအစေတြ၊ယုံၾကည္မႈ့ေတြ ေပၚလာေအာင္ ႏႈိးဆြေပးတဲ့သူလို႔ဆိုၿပီး
အေကာင္းျမင္ေပးလိုက္ပါ။

⚘ဘဝမွာ ႐ုံးကန္တယ္ဆိုတာ လြတ္ေျမာက္ဖို႔
တစ္ခုအတြက္ပါ၊ သင္တကယ္ေအာင္ျမင္ျခင္ရင္ စာဖတ္ပါ၊
ႀကိဳးစားပါ၊ အားထုတ္ပါ၊ေလ့လာပါ၊ သင္ယူပါ၊
လက္ေတြ႕လုပ္ပါ၊

⛳မေလွ်ာ့ေသာ ဇြဲ လုံ႔လ ဝီရိယရွိပါ၊ ႐ိုးသားျခင္း ၊ႀကိဳးစားျခင္း ၊ေငြေၾကးသုံးစြဲမႈ နည္းစနစ္
မွန္ကန္ျခင္း၊ႀကိဳးစားမႈေနရာမွန္ကန္ျခင္း၊ ေအာင္ျမင္တဲ့သူေတြနဲ႔ ေပါင္းသင္း
ဆက္ဆံပါ ။

⛳သူတို႔ေလာက္မေအာင္ျမင္ရင္ေတာင္မွ
ဆင္းရဲမြဲေတတဲ့ ဘဝေတြကို မေရာက္မွာေသျခာ ပါတယ္ဗ်။

⚘ေရကူးတဲ့ပညာကို စာဖတ္႐ုံ၊ ကုန္းေပၚမွာေလ့
က်င့္႐ုံနဲ႔မရႏိုင္သလို ႀကိဳးစားမႈ့ေနရာမမွန္ျခင္းကလည္း တိုးတက္ဖို႔ အတြက္
ေႏွာက္ေႏွးေစပါတယ္ဗ်ာ ဒါေလးကိုေတာ့
သတိျပဳေပးပါ။

⛳သင္ဒီအခ်က္ေတြကို ေလ့လာ
ေလ့က်င့္ေနရင္ သင့္အတြက္ ပ်င္းရိခ်ိန္ဆိုတာ
ရွားသြားလိမ့္မယ္။

⚘သင့္မွာ အမွားေတြ အခက္အခဲေတြကေန သင္ခန္းစာယူပါ၊ အမွားကိုသိရင္ အမွန္ျမင္လာလိမ့္မယ္။
ဒီကေန႔သင္သိလိုက္တဲ့ အခ်ိန္ကစၿပီး
သင့္ဘဝတိုးတက္ဖို႔အတြက္ ျပဳျပင္ဖို႔အခြင့္ေကာင္း
ဆိုတာသတိရလိုက္ပါ။

⚘သင့္ဘဝဟာ သူမ်ားေပ်ာ္လို႔ေပ်ာ္၊ သူမ်ားမွား
လို႔မွား၊ သူမ်ားေယာင္လို႔ေယာင္ မလိုလာအပ္တဲ့
ဂိမ္း အေပ်ာ္အပါး၊ အေသာက္အစား ေလာင္းကစား ေတြနဲ႔ အခ်ိန္ျဖဳန္းအခ်ိန္ကုန္ေနသလား၊ ဒါေတြကို
ျပဳျပင္သင့္ပါၿပီလို႔ အႀကံျပဳလိုက္ပါရေစခင္ဗ်ာ။

⚘သင့္ကို မနာလိုမႈေတြ ရဲ႕ကဲ့မႈေတြရွိလာၿပီး
ဆိုရင္ သင့္တိုးတက္မႈ ရရွိလာၿပီဆိုတာ သင့္သိလိုက္ပါ။ ႀကိဳးစားမႈ ေပါင္းမ်ားစြာရဲ႕ ေနာက္ဆုံးရလာဒ္က ေအာင္ျမင္ျခင္းပါပဲ။

ေနာက္ၿပီးေတာ့ မင္းအေနနဲ႔-

⛳ရင့္က်က္မႈ့ရွိေအာင္ ေဝဖန္ျခင္းကို လက္ခံပါ⛳

⛳⛳⛳⛳⛳⛳⛳⛳⛳⛳⛳⛳⛳⛳

⛳သူငယ္ခ်င္း မိမိကံၾကမၼာကို မိမိကိုယ္တိုင္
ဖန္တီးပါ၊ မိမိကံၾကမၼာကို မိမိကိုယ္တိုင္ မဖန္တီးရင္ သူမ်ားဖန္တီတာ ခံသြားရလိမ့္မယ္။

⛳မုန္တိုင္းေတြက အၿမဲထန္မေနဘူး၊ ေလၿငိမ္တဲ့
ေန႔ေတာ့ရွိအုံးမွာပဲ၊ ကိုယ့္မွာဝီရိယ မရွိ ပ်င္းေနရင္ေတာ့ ဝီရိယရွိသူရဲ႕ ခိုင္းေစခ်က္ကို
ခံသြားရလိမ့္မယ္၊၊

⛳ေဝဖန္ျခင္းက ခက္ထန္ေပးမဲ့ ေစတနာရွိတဲ့
ဆရာတစ္ေယာက္လို သေဘာထားပါ၊
ေဝဖန္မႈ့ေက်ာက္ပ်င္ေပၚမွာ မိမိရဲ႕စိတ္ကူဓား
ထက္ေအာင္ေသြးပါ၊

⛳ကိုယ့္ေခ်ေထာက္ေပၚ ကိုရပ္တည္နိူင္ေအာင္
ႀကိဳးစားပါ၊ ေငြအမ်ားႀကီး လိုခ်င္ရင္ ကိုယ့္ကိုယ္ကိုယ္ တန္ဖိုးရွိေအာင္ အရင္လုပ္ပါ၊

⛳လူတိုင္းမွာ ေနာက္ဆုံးအခ်ိန္ထိ ေရႊးခ်ယ္ခြင့္
ရွိတယ္၊ဘဝကို လူေသလို႔ မမွတ္လိုက္ပါနဲ႔
မိဘရဲ႕ အသက္ေသြးေခြၽးနဲ႔ လူျဖစ္လာတာ
အရႈံးေပး ၊ေပ်ာ့ညံ့ အရာရာကို အလုပ္ခင္က
ေတြးေၾကာက္ေနဖို႔ မဟုတ္ဘူး၊

⛳ရႊံ႕တုံးကို အေပၚက ပစ္ခ်လိုက္ရင္ ေျမႀကီးေပၚ
မွာ ျပားကပ္သြားလိမ့္မယ္၊လူေတြရဲ႕ နင္ခ်ျခင္းကို
ခံသြားရလိမ့္မယ္၊

⛳ဒုကၡဆိုတာ ႏွင္းထုႀကီးနဲ႔ တူတယ္ ၊ႏွင္းထုႀကီး
အုပ္ဆိုင္းေနေပမဲ့ တကယ္တမ္း ျဖတ္သြားရင္ေတာ့ ႏွင္းမရွိေတာ့ သလိုပါပဲ။

⛳သူမ်ားကိုေတာင္ ယုံေသးတယ္ဆိုရင္
ကိုယ့္ကိုကိုယ္ မယုံၾကည္ဘူး ဆိုတဲ့ စကား
ဘယ္ေတာ့မွ မေျပာမိေစနဲ႔။

⛳ဘာေၾကာင့္လဲဆိုေတာ့ ေမြးကတည္းက
ေတာ္လာ ၊တတ္လာ ၊ ကြၽမ္းက်င္လာတဲ့သူ
မရွိဘူး၊

⛳မင္း ႀကိဳးစာရင္ ဘာမဆိုျဖစ္နိူင္တယ္၊
မင္းႀကိဳးစာတဲ့ေနရာမွာ ဆရာမွန္ ေခၚင္းေဆာင္မွန္
လူမွန္၊ ေနရာ မွန္ဖို႔ေတာ့ လိုမယ္၊
ေလာကမွာ ရွိတဲ့သူေတြအားလုံးက ကိုယ့္ဆရာေတြႀကီးပဲ၊

⛳မေကာင္းတဲ့သူေတြက ကိုယ့္ကိုသင္ခန္းစာ
ေတြေပးလိုက္မယ္၊ ေကာင္းတဲ့သူေတြက
အသိပညာ ၊အတတ္ပညာ နည္းပညာေတြ
ေပးလိမ့္မယ္၊

⛳မင္းဘဝေအာင္ျမင္ တိုးတက္ခ်င္ရင္ေတာ့
မင္းေပါင္းေနတဲ့ အေပါင္းအသင္း မိတ္ေဆြနဲ႔
ပတ္ဝန္းက်င္က မင္းဘဝရဲ႕ အနိပ့္အျမင့္
ခြဲျခားေပးလိမ့္မယ္။ မင္းအေနနဲ႔ အဲ့ဒါေတြကို သခၤန္းစာယူတတ္ပါေစ။

#Credit.
#Copy by Kyaw Aye.

No comments:

Post a Comment