Tuesday, February 23, 2021

#အစားမတော်တစ်လုပ်

#အစားမတော်တစ်လုပ်

နဂါးမောက်သီး + ချဉ်စော်ခါးသီး = သေ shareထားလိုက်တန်ဖိုးရှိတယ်
နဂါးမောက်သီး + ပိန်းနဲသီး = သေ
နဂါးမောက်သီး + ကြက်ဥ = သေ

နွားနို့ + မှို = သေ
မင်းကွတ်သီး + သကြား = သေ
ရေခဲမုန့် + ချင်းသုပ် = သေ
လက်ဖက် + ကျွဲခေါင်းသီး = သေ
အမဲသား + ခရု = သေ
ဂွေးသီး + အာတာလွတ် = သေ
နို့ဆီ + ကိုးပါးဆေး = သေ
တညင်းသီး + ရှိန်းခို = သေ
အုန်းနို့ခေါက်ဆွဲ + ပက်ပစီ = သေ
ကိုင်းဥ + ပုစွန်ချဉ် = သေ
နွားနို့ + အချဉ်အမျိုးအမျိုး = သေ
သိုးသား + စောင်းလျားသီး = သေ
ကျွဲခေါင်းသီး + သံပုရာသီး = သေ

မှို + ဖားသား = သေ
မှို + လယ်ကဏန်း = သေ
၀က်သား + ထန်းရည်ချို = သေ
၀က်သား + ဗျိုင်းသား = သေ
၀က်သား + ကြာရိုးကြာစွယ် = သေ
ပျားရည် + သြဇာသီး = သေ
ပျားရည် + အုန်းသီး = သေ
ပျားရည် + ဥသျှစ်သီး = သေ
ခိုသား + ချင်း = သေ
ခိုသား + ဖရုံသီး = သေ
ကြောင်လျှာသီး + ငါးသေတ္တာ = သေ
ကြောင်လျှာသီး + ပဲဒလက် = သေ
ကြောင်လျှာသီး + စပါးကြီးမြွေ = သေ
ပီလောပီနံ + ပဲကြားလှော် = သေ
ပီလောပီနံ + မျှစ်ချဉ် = သေ
ပီလောပီနံ + ဒေါင်းသား = သေ
ပီလောပီနံ + အချဉ်အမျိုးမျိူး = သေ
နို့အေးချောင်း + ဂွေးသီး = သေ
ချောကလက် + စောင်းလျားသီး = သေ
ချောကလက် + ပဲမြစ် = သေ
ရှောက်သီး + နွားနို့၊ နို့ရည် = သေ

ထန်းလျက် + နလင်ကျော် = သေ
ထန်းလျက် + ၂၇ ပါးဆေး = သေ
ကျွဲကောသီးး + သံပုရာသီး = သေ
သပြေသီး + ထန်းလျက် = သေ
ငှက်ပျောသီး + ထန်းသီး = သေ
ချင်း + သဘောင်္သီး = သေ
ကြက်ဆူသီး + ငှက်သား = သေ
မှို + တညင်းသီး = သေ
မိုင်လို + ပဲမြစ် = သေ
ကျေးသား + ဘူးသီး = သေ
မှို + ယုန်သား = သေ

( အော့ အန် သေ ဆုံးခြင်း) ကို ဖြစ်စေနိုင် အစားအစာများ"
🍼 🥛 🍼 🥛 🍼 🥛 🍼 🥛 🍼 🥛 🍼 🥛 🍼
နို့ နှင့် တွဲဖက်မကျွေးသင့် အစားအသောက်များ

နို့အေးချောင်း နှင့် ဘူးသီး
နို့အေးချောင်း နှင့် သခွားသီး
နို့ဆီ နှင့် ကိုးပါးဆေး
နို့ နှင့် ဖရုံသီး
နို့ နှင့် ပိန္နဲသီး
နို့ နှင့် သံပုရာသီး
နို့ နှင့် ဖရဲသီး
နို့ နှင့် ဂွေးသီး
နို့ရည် နှင့် ပဲအမျိုးမျိုး
နို့ရည် နှင့် မန်ကျည်းသီး
နို့ ရည် နှင့် အုန်းသီး
နို့ရည် နှင့် ကုလားပဲ
နို့ မျိုး နှင့် ဆား
နွားနို့ နှင့် အချဉ်အမျိုးမျိုး
နွားနို့ နှင့် နာနတ်သီး
နွားနို့ နှင့် လိမ္မော်သီး
နွားနို့ နှင့် ဝက်သား

🐝 🐝 🐝 🐝 🐝 🐝 🐝 🐝 🐝 🐝 🐝

ပျားရည် နှင့် တွဲဖက်မကျွေးသင့် အစားအသောက်များ

ပျားရည် နှင့် အုန်းရည်
ပျားရည် နှင့် ပဲန္နဲသီး
ပျားရည် နှင့် သြဇာသီး
ပျားရည် နှင့် ပီလောပီနံ
ပျားရည် နှင့် ဥသျှစ်သီး
🌱 🌱 🌱 🌱 🌱 🌱 🌱 🌱 🌱 🌱 🌱

စိမ်းစားဥ နှင့် တွဲဖက်မကျွေးသင့် အစားအသောက်များ

စိမ်းစားဥ နှင့် ချောကလက်
စိမ်းစားဥ နှင့် ရေခဲမုန့်
စိမ်းစားဥ နှင့် ချိုချဉ်သကြားလုံး
စိမ်းစားဥ နှင့် နို့အေးချောင်း
🍇 🍈 🍉 🍊 🍋 🍒 🍐 🥑 🥝 🍆 🥕 🌽 🍅 🍓
အခြားသော တွဲဖက်မကျွေးသင့်သောအစားအသောက်များ

လိမ္မော်သီး နှင့် မုန်လာဥနီ
သဘောင်္သီး နှင့် ဂျင်း
သဘောင်္သီး နှင့် သံပုယိုသီး
မင်းဂွတ်သီး နှင့် သကြား
ဟင်းသီးဟင်းရွက် နှင့် သစ်သီးများ
ချောကလက် နှင့် ပဲမြစ်
မိုင်လို နှင့် ပဲမြစ်
ကော်ဖီ နှင့် ဂျယ်လီ
ပန်းသီး နှင့် သနပ်ခါး
ဖရဲသီး နှင့် ဘဲဥ
ကြက်ဥ နှင့် မှို
စတော်ဘယ်ရီ နှင့် သီးသီး
အုန်းနို့ခေါက်ဆွဲ နှင့် Pepsy ( ပက်ပစီ) [သေ]
ထန်းလျှက် နှင့် ၂၇ ပါးဆေး
ဒိန်ချဉ် နှင့် ထန်းသီးမုန့်
ဒိန်ချဉ် နှင့် ဝက်သား
ဒိန်ချဉ် နှင့် ပီလောပီနံဥ
ပီလောပီနံ နှင့် ပဲကြားလှော်
ပီလောပီနံ နှင့် သံပုရာသီး
မုန်လာ နှင့် မတ်ပဲ
မုန်လာဥ နှင့် အသားခြောက်
ဒူးရင်းသီးနှင့် ကိုကာကိုလာ
ငုံး ဥ နှင့် လိမ္မော်သီး
ငုံးဥ နှင့် ဝက်အသည်း

#Creditစိုက်ပျိုးရေးနှင့်အထွေထွေဗဟုသု
https://m.facebook.com/groups/738210046309615/permalink/2139322746198331/?sfnsn=mo

"ဗီတာမင်ဘီ အာရုံကြောအားဆေး "


"ဗီတာမင်ဘီ အာရုံကြောအားဆေး "

ဒီနေ့ခေတ် သက်လက်ပိုင်းနဲ့ သက်ကြီးပိုင်းတွေမှာ အာရုံကြောအားဆေး အတော်ခေတ်စားနေတာ တွေ့ရပါတယ်။

ညောင်းလို့၊ ခြေလက်တွေ ထုံကျဥ်လေးလံပြီး မသယ်ချင်သလိုဖြစ်လို့၊ မှတ်ဉာဏ်တွေ လျော့လာလို့ စတဲ့ အကြောင်းအမျိုးမျိုးနဲ့ ကိုယ့်သဘောနဲ့ကိုယ်ပဲ ဖြစ်ဖြစ်၊ ဆရာဝန်ညွှန်လို့ပဲ ဖြစ်ဖြစ် အာရုံကြောအားဆေး ဆိုပြီး ဝယ်သောက်နေကြတာပါပဲ။

Vitamin  B complex ( ဗီတာမင် ဘီ အုပ်စုအပေါင်း အမျိုးအစား ) အာရုံကြောအားဆေး ကတော့ အသုံးအများဆုံးပဲ။

အာရုံကြောအားဆေးပေးပါလို့ ပြောရင် ဆေးဆိုင်တွေ အရင်ဆုံးထုတ်ပေးမယ့်ဆေးက သည်ဆေးပါပဲ။ အဲ့လောက်ထိကို အလွယ်တကူဝယ်သောက်လို့ရနေတာပါ။ တကယ်တော့ သူက အာရုံကြောအားဆေး သက်သက်မဟုတ်ပါဘူး။

သူ့မှာ ဘာတွေပါပြီး ဘာအတွက်ကောင်းလဲ။ ဘယ်လိုလူမျိုးတွေမဖြစ်မနေသောက်သင့်သလဲ ဆိုတာမျိုးကျ သေချာသိတဲ့လူ နည်းမယ်ထင်လို့ သေချာစုစည်းဖော်ပြပေးလိုက်ပါတယ်။

Vit B1 (thiamine): သိုင်ယာမင်း က ခန္ဓာကိုယ် ဇီဝဖြစ်စဥ်တွေမှာ မရှိမဖြစ်တဲ့ ဓာတ်ပစ္စည်းပါပဲ။ အဓိကအားဖြင့် စားလိုက်တဲ့ အစာအာဟာရကနေ စွမ်းအင်အဖြစ် ပြောင်းလဲထုတ်လုပ်ရာမှာ ကူညီပေးတာပါ။ ဝက်သား၊ နေကြာစေ့နဲ့ နှံစားသီးနှံတွေမှာ သဘာဝ သိုင်ယာမင်းဓာတ် ကြွယ်ဝစွာ ပါဝင်ပါတယ်။

Vit B2 (riboflavin): ရိုင်ဘိုဖလေဗင် ကလည်း သိုင်ယာမင်းလိုပဲ ခန္ဓာကိုယ် ဇီဝဖြစ်စဥ်တွေမှာ အကူအညီပေးပါတယ်။ ဒါ့အပြင် သူ့မှာ ဓာတ်တိုးဆန့်ကျင်တဲ့သဘောသတ္တိရှိတာမို့ အရွယ်တင်စေတယ်။

အာရုံကြောဆဲလ်တွေရဲ့ သက်တမ်းကိုရှည်စေမယ်။ ကိုယ်တွင်း ဇီဝအဆိပ်အတောက်မဖြစ်အောင် ဟန့်တားပေးနိုင်တယ်။ သူ့ကိုတော့ ကလီစာ ၊ မှိုအမျိုးမျိုးနဲ့ အမဲသား မှာ သဘာဝ အတိုင်း ကြွယ်ဝစွာ တွေ့ရပါတယ်။

Vit B3 (niacin): နိုင်အာဆင် ကတော့ ဆဲလ်တွေအချင်းချင်းချိတ်ဆက်ရေးအတွက်၊ ဇီဝဖြစ်စဥ်တွေ ပုံမှန်လည်ပတ်နေဖို့အတွက် အရေးပါတဲ့အပြင် ခန္ဓာကိုယ်ရဲ့ အခြေခံအကျဆုံး DNA/ RNA စတဲ့ ဗီဇဒြပ်စုတွေ ထုတ်လုပ်တဲ့နေရာမှာလည်း ပါဝင်ကူညီပေးပါတယ်။ အသားဖြူစေတဲ့ ဂုဏ်သတ္တိရှိတာကြောင့် အလှအပရေးရာ ပစ္စည်းတွေမှာ ထည့်သွင်းအသုံးပြုလေ့ရှိတာတွေ့ရပါတယ်။ ပဲနီလေး၊ တူနာငါးနဲ့ အသည်းအမြစ်တွေမှာ နိုင်အာဆင်ဓာတ်   ကြွယ်ဝစွာပါဝင်ပါတယ်။

Vit B5 (pantothenic acid): ပန်တိုသန်းနစ် အက်စစ် ကလည်း အပေါ်က တခြား ဗီတာမင် ဘီ တွေလိုပဲ ခန္ဓာကိုယ် ဇီဝဖြစ်စဥ်တွေမှာ အကူအညီပေးပါတယ်။ သူက ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ ဟော်မုန်းဓာတ်တွေ နဲ့ အဆီဓာတ်တွေ ထုတ်လုပ်ရာမှာ အခရာကျပါတယ်။ အသည်းအမြစ်၊ ငါး၊ ဒိန်ချဉ် နဲ့ထောပတ်သီး များများစားပေးရင် ပန်တိုသန်းနစ်အက်စစ် ဓာတ်ကို သဘာဝအတိုင်းရနိုင်ပါတယ်။

Vit B6 (pyridoxine): ပိုင်ရီဒေါက်ဇင်း ကတော့ ခန္ဓာကိုယ်အတွက် အသားဓာတ်၊ သွေးနီဥနဲ့ အာရုံကြောဆက်သွယ်ရေးဟော်မုန်းဓာတ်တွေ ထုတ်လုပ်တဲ့နေရာမှာ ပါဝင်ကူညီပေးပါတယ်။ စားတော်ပဲ ၊ ဆော်လ်မွန်ငါးနဲ့ အာလူးတွေစားပေးရင် ကို ဆေးသောက်စရာမလိုဘဲ ပိုင်ရီဒေါက်ဆင်းဓာတ် ရနေမှာပါ။

Vit B7 (biotin): ဘိုင်အိုတင်ကတော့ ကစီနဲ့ အဆီ ချေဖျက်စုပ်ယူအသုံးချရေး ဇီဝဖြစ်စဥ်အတွက် မရှိမဖြစ် လိုတဲ့ အပြင် ကိုယ်တွင်းမျိုးရိုးဗီဇပုံဖော်ရေး လုပ်ငန်းကိုလည်း ထိန်းညှိပေးပါသေးတယ်။ အချဥ်ဖောက်ထားတဲ့ အစားအစာတွေ၊ ဥအမျိုးမျိုးနဲ့ နို့ထွက်ပစ္စည်းတွေ၊ ဆော်လ်မွန်ငါးနဲ့ အသည်းအမြစ်တွေမှာ ကြွယ်ဝစွာတွေ့နိုင်ပါတယ်။

Vit B9 (folate): ဖောလိတ် (ဖောလစ်အက်စစ် ပါပဲ တကယ်တော့) ကိုတော့ ခန္ဓာကိုယ်ရဲ့ ဆဲလ်တွေ ကြီးထွားသန်မာဖို့နဲ့ ကြွက်သားတည်ဆောက်ရေး၊ သွေးဆဲလ် တည်ဆောက်ရေး ဇီဝဖြစ်စဥ်တွေအတွက်လိုပါတယ်။ သူ့ကိုတော့ အရွက်စိမ်းတွေနဲ့ ပဲတွေမှာ တွေ့ရပါတယ်။

Vit B12 (cobalamin): B12 လို့ လူသိများတဲ့ ကိုဘယ်လမင်းကတော့ အာရုံကြောအဖွဲ့အစည်းတစ်ခုလုံးအတွက် မရှိမဖြစ်အလိုအပ်ဆုံး ဇာတ်လိုက်ပါပဲ။ သွေးနီဥ ထုတ်လုပ်ဖို ရော၊ DNA/ RNA စတဲ့ ဗီဇဒြပ်စုတွေ ထုတ်လုပ်ပြုပြင်ရာမှာရော အရေးအပါဆုံး ဗီတာမင်ဘီအုပ်စုဝင်ပါ။ သူ့ထူးခြားချက်က သက်သက်လွတ်အစားအစာတွေမှာ သူ့ကို မတွေ့နိုင်တာပါပဲ။ အသား၊ ဥအမျိုးမျိုးနဲ့ နို့ထွက်ပစ္စည်းတွေမှာပဲ တွေ့နိုင်တဲ့ အတွက် သတ်သတ်လွတ်သမားတွေ အနေနဲ့ B12ကိုအမြဲ ဖြည့်စွက်သောက်သုံးသင့်ပါတယ်။ ( cobalamin ကို Methylcobalamin ခေါ် သဘာဝ အတိုင်းတွေ့ရတဲ့ပုံစံနဲ့  Cyanocobalamin ခေါ် လူတို့ဓာတ်ခွဲထုတ်လုပ်ထားတဲ့ပုံစံ ဆိုပြီး နှစ်မျိုးရှိပါသေးတယ်။ ဘယ်လိုကွာခြားတယ်ဆိုတာ နောက်မှ အသေးစိတ်ရေးပေးပါမယ်)

အာရုံကြောအားဆေးအများစုကတော့ ဒီဓာတ်တွေ အကုန်မထည့်ပါဘူး။ B1 B6 နဲ့ B12 လောက်ပဲပါတာများပါတယ်။ ဗီတာမင် ဘီ အုပ်စုဝင်တွေက အဆီမှာ မပျော်ဘဲ ရေမှာပဲပျော်ဝင်တဲ့သတ္တိရှိတာကြောင့် ခန္ဓာကိုယ်က သိုလှောင်မထားနိုင်ပါဘူး။ ဆိုလိုတာက သာမန်လူ တစ်ယောက်အနေနဲ့ အပေါ်မှာပြောခဲ့တဲ့ အစားအစာတွေကို နေ့စဥ် ထမင်းဝိုင်းမှာပါအောင် သတိထားစားသွားပေးမယ်ဆိုရင် နေ့စဥ်လိုအပ်တဲ့ ဗီတာမင် ဘီ အုပ်စု ပမာဏကို လုံလုံလောက်လောက်ရနေမှာမို့ ထပ်ဖြည်သောက်စရာ မလိုလှပါဘူး။

ဒါပေမဲ့ တချို့သော အခြေအနေတွေမှာ ခန္ဓာကိုယ်က ဗီတာမင် ဘီ အုပ်စုကို သာမန်ထက် ပိုလိုအပ်နေတတ်ပါတယ်။ ဘယ်အခြေအနေတွေလဲ ကြည့်လိုက်ရအောင်။

ကိုယ်ဝန်ဆောင်နဲ့ နို့တိုက်မိခင်တွေသူတို့က သန္ဓေသားဖွံဖြိုးမှုနဲ့ မွေးကင်းစကလေးငယ်ရဲ့ ကြီးထွားမှုအတွက် B12 နဲ့ folate ကို သူများထက်ပိုလိုပါတယ်။ သက်သက်လွတ်လည်းစားတဲ့မိခင်တွေဆိုရင်တော့ Vitamin  B complex ( ဗီတာမင် ဘီ အုပ်စုအပေါင်း အမျိုးအစား ) အားဆေးကို မဖြစ်မနေသောက်သင့်ပါတယ်။ ဘာလို့လဲ ဆိုတော့ ကိုယ်ဝန်ဆောင်စဥ် နဲ့ နို့တိုက်စဥ် ကာလမှာ B12 နဲ့ folate ချို့တဲ့ရင် ကလေးမှာ ဦးနှောက်မကောင်းတာမျိုး ၊ မွေးရာပါ ချို့ယွင်းမှုတွေ ပါလာတာမျိုး ဖြစ်တတ်လို့ပါ။

အစားအသောက်နည်းပြီး ချေးများတတ်သူတွေ

သည်လိုလူတွေ ဘာလို့ Vitamin  B complex ( ဗီတာမင် ဘီ အုပ်စုအပေါင်း အမျိုးအစား ) အားဆေးကိုသောက်သင့်လဲ ဆိုတာတော့ အထူးအထွေ ရှင်းပြနေစရာ လိုမယ်မထင်ပါဘူးနော်။

သက်ကြီးရွယ်အိုတွေ

အသက်အရွယ် ကြီးရင့်လာတာနဲ့ အမျှ အစာအိမ်ရဲ့ဗီတာမင်စုပ်ယူနိုင်စွမ်းက ကျကျလာပါတယ်။ ဒါ့အပြင် B12 စုပ်ယူနိုင်စွမ်းက စိတ်နဲ့လည်း တစ်နည်းပတ်သက်နေတာမို့ စိတ်ကျရောဂါ ဖြစ်နေတတ်တဲ့ သက်ကြီးရွယ်အိုတွေ မှာ စုပ်ယူနိုင်မှု ပိုနည်းသွားပါတယ်။

ရောဂါရှိသူတွေ

ဘယ်လိုရောဂါရှိတဲ့သူတွေလဲ ဆိုတော့

(၁) အစာ‌ချေအက်စစ်ရည် လုံလောက်စွာမထုတ်နိုင်တဲ့သူတွေ ( B complex ကို ချေဖျက်စုပ်ယူနိုင်ဖို့က အစာအိမ်ထဲမှာ လုံလောက်တဲ့ အစာခြေရည်ပမာဏရှိနေဖို့ လိုကိုလိုပါတယ်။)

(၂) ကင်ဆာရောဂါသည်တွေ

(၃) အစာအိမ်နဲ့အူလမ်းကြောင်း နာတာရှည် ရောဂါသည်တွေ ( ဥပမာ –  Crohn’s disease, celiac disease)

(၄) နှစ်ရှည် အရက်စွဲနေသူတွေ

(၅) သိုင်းရွိုက်ဟော်မုန်း ချို့တဲ့နေသူတွေ

(၆) စားချင်သောက်ချင်စိတ် အလိုလိုကုန်ခမ်းနေတဲ့ anorexia ရောဂါသည်တွေ

(၇) အကြီးစားခွဲစိတ်မှု ခံယူထားသူတွေ

(၈)ရောဂါ တစ်မျိုးမျိုးကြောင့် ကိုယ်အလေးချိန်ထိုးကျသွားသူတွေ

(၉)မျိုးရိုးဗီဇဆိုင်ရာ MTHFR genetic mutation ဖြစ်နေသူတွေ (သည်လိုလူတွေက folate ချို့တဲ့တတ်တာမို့ အပြင်က ဖြည့်သောက်ပေးရပါတယ်။ )

သတ်သတ်လွတ်သမားတွေ ဘာလို့ ဗီတာမင်  အားဆေးသောက်သင့်တယ်ဆိုတာတော့ အပေါ်မှာ ရှင်းပြခဲ့ပြီးပါပြီ

ဆေးသောက်နေရသူတွေ

အစာအိမ်ဆေး၊ ဆီးချိုဆေးနဲ့ သားဆက်ခြားဆေးသောက်နေတဲ့ သူတွေဟာလည်း Vitamin  B complex အားဆေးကို ဖြည့်သောက်ပေးသင့်ပါတယ်။

Vitamin  B complex က တခြား ဘာတွေအတွက် ကောင်းသေးလဲ?

၁။ စိတ်ဖိစီးမှုပြေလျော့စေပြီး စိတ်ခံစားမှုကို ကောင်းမွန်စေတဲ့ အပြင် မှတ်ဉာဏ်ပါတိုးလာစေတယ်။

၂။ စိုးရိမ်စိတ် ပူပန်စိတ်ကို လျှော့ချပေးနိုင်ပြီး စိတ်ကျရောဂါကိုလည်း သက်သာစေတယ်။ ဒါကြောင့်မို့ ဆရာဝန်တွေက vitamin B complex အားဆေးကို စိတ်ကျရောဂါကုသရေးဆေးတွေနဲ့ တွဲပေးလေ့ရှိတယ် ( စိတ်ဓာတ်ကျလာရင် ခန္ဓာကိုယ်က ဗီတာမင် ဘီ စုပ်ယူသုံးစွဲမှုကျဆင်းလာတာကြောင့် တွဲပေးတာလည်း ပါပါတယ်။)

သာမန်လူ တစ်ယောက်အတွက် နေ့စဥ်လိုအပ်တဲ့ ဗီတာမင် ဘီ အုပ်စု ရဲ့ အချိုးအစားတွေ ကိုလည်း ဖော်ပြပေးလိုက်တယ်နော်။ အပေါ်မှာပြောထားတဲ့ အခြေအနေမျိုးတွေဆိုရင်တော့ ဗီတာမင် ဘီကို  သည့်ထက်ပိုလိုအပ်ပါလိမ့်မယ်။
       
B1 (Thiamine)     1.1 mg     1.2 mg
B2 (Riboflavin)     1.1 mg     1.3 mg
B3 (Niacin)     14 mg     16 mg
B5 (Pantothenic acid)     5 mg     5 mg
B6 (Pyridoxine)     1.3 mg     1.3 mg
B7 (Biotin)     30 mcg     30 mcg
B9 (Folate)     400 mcg     400 mcg
B12 (Cobalamin)     2.4 mcg     2.4 mcg

ဘာလို့သည်ဇယားကိုထည့်ပေးထားရလဲ ဆိုရင် မလိုအပ်ဘဲ ပမာဏ အများကြီး သောက်မိတဲ့ခါ ဆိုးကျိုးရှိနိုင်လို့ပါပဲ။ တန်ဆေး လွန်ဘေး မဟုတ်လား။

ကိုယ်ထဲမှာ နိုင်အာဆင်ဓာတ် (B3) တအားများလာရင် အန်တာ၊ သွေးတွင်းအချိုဓာတ်များလာတာ၊ အသားအရေ နီစပ်ဖျဥ်း ဖြစ်လာတာမျိုးကနေ အသည်းထိခိုက်သည်အထိ ဖြစ်နိုင်ပါသတဲ့။ ပိုင်ရီဒေါက်ဇင်း( B6 ) သိပ်များလာရင်တော့ အာရုံကြောထိခိုက်တာ၊ အလင်းရောင် ကို မခံနိုင်တာ နဲ့ အရေပြားရောင်ရမ်းနာကျဥ်တာတွေထိဖြစ်နိုင်ပါသတဲ့။

ဆိုးကျိုးဖြစ်စေတဲ့ ပမာဏက အဆမတန်များမှသာဖြစ်နိုင်တာမို့ အရမ်းစိုးရိမ်ဖို့တော့ မလိုကြောင်း၊ ဗီတာမင်ဘီ ချို့တဲ့တာကသာ အဖြစ်များတာမို့ စိုးရိမ်သင့်ကြောင်းကိုလည်း သတိပေးလိုပါတယ်။

သည်ထဲမှာပါပေမဲ့ လူသိနည်းသေးတဲ့ နိုင်အာဆင်ဓာတ်(Vit B3) နဲ့ ဘိုင်အိုတင် ( Vit B7 ) အကြောင်းကိုတော့ ဆောင်းပါးသက်သက်ရေးပေးပါဦးမယ်။

မိမိကိုယ်ကို စောင့်ရှောက်နိုင်ကြစေရန် ရည်ရွယ်လျက်။

ရေးသားသူ – နှင်းနုအေး

Mizzima ...

ခရက်ဒစ်...

ပြန်လည်မျှဝေခြင်းပါ။
https://m.facebook.com/groups/2616960025015190/permalink/3939355819442264/?sfnsn=mo

-ကံနဲ့ကံ၏အကျိုးကိုတော့

-📦-ကံနဲ့ကံ၏အကျိုးကိုတော့-ယုံကြည်ပါပြီ။သို့သော်-
-📦-ပြုလုပ်သူက-တစ်ဦး-
       -နောက်ဘဝ/သံသရာဝယ်-ခံစား-စံစားရသူက-
         နောက်ထပ်-သပ်သပ်တစ်ဦးသာပဲ-
-📦-အခုဘဝလို-ကိုယ်နဲ့စိတ်မျိုးလဲ-မဟုတ်တော့-
       -ဆက်စပ်ပြီးတော့လဲ-မသိ-မမှတ်မိနိုင်တော့-
-📦-စသဖြင့်...ကြီးစွာ-မှားယွင်းယူဆမိပြီး-
-📦-နောင်ခါလာ နောင်ခါဈေးပဲ-
       -နောက်ခန္ဓာနဲ့နောက်ကိစ္စသာပဲ-လို့-
       -မသက်ဆိုင်သလို-ထင်မှတ်မထားသင့်။
-📦-နောက်ဘဝတွေသည်-မိမိနဲ့ပုံစံတထပ်တည်းလဲ-မဟုတ်-
      -တခြားသူ-တစ်ယောက်လဲ-မဟုတ်ပါ၊
-📦-ဒါပေမဲ့-လုံးဝဥသုံကြီးကို-ဆက်စပ်နေပြီး-
       -ပြန်မမှတ်မိရင်သာရှိမယ်၊
       -ပြုခဲ့မိသမျှတွေကို-တာဝန်ယူတာဝန်ခံရ-
       -နာစရာသာစရာတွေကို-ခံရမည့်သူကတော့-
-📦-ခန္ဓာငါးပါးအစုအဖြစ်-ဆက်လက်တည်ရှိနေမဲ့-  
       -မိမိသာလျှင်ပါပဲ-တခြားသူဆိုတာမဖြစ်နိုင်ပါ။
-📦-ဒီလို-အနေအထားနဲ့-တစ်ဘဝပြီးတစ်ဘဝ-
       -အဆက်မပြတ်ကို-ဖြစ်ပေါ်နေကြရတယ်၊
       -ဒါကို-အဆုံးမရှိတဲ့သံသရာ-ဟု မှတ်ယူနိုင်။

🚫 " န စ သော ၊ န စ အညော " [ အပိုင်း-၂- ] 🚫
   [ သူလည်း မဟုတ်၊ တခြားသူလည်း မဟုတ် ]
    *****************************************

🔵 ပြုလုပ်သူနဲ့ ခံရသူ 🔵
     ••••••••••••••••
      အတူတူပဲလား
      •••••••••••••
  [ ဒီဘဝကလုပ်တာ နောင်ဘဝတွေမှာ ခံရမှုကိစ္စ ]

💜 မတူဘူးလားဆိုတဲ့
       အမေးနဲ့အဖြေ 💜

🍎  မိလိန္ဒမင်းကြီးအမေး 🍎
      *******************

-ဒီဘဝ လူ ၁-ယောက်
  အကုသိုလ်တွေလုပ်တယ်
  နောက်ဘဝ ငရဲခံရတယ်

-လုပ်တာက ၁-ယောက်
  ခံရတာက နောက် ၁-ယောက်
  ဖြစ်မနေဘူးလား  ?

-[ လုပ်တုန်းက ဒီဘဝကရုပ်နဲ့နာမ်
  ခံရတာက နောက်ဘဝရုပ်နဲ့နာမ်ပဲလို့
  ဒီလို အမှားတွေးနေကြတာ ]

-[ အရပ်ထဲမှာ ပြောနေကြတာလဲရှိ
  " ဒီဘဝ ဒီကိုယ်စံ
  နောက်ဘဝ နောက်ကိုယ်ခံ "

-ဆိုပြီး ဒီဘဝစံရဖို့
   အရေးကြီးတယ်ဆိုကာ

-မကောင်းမှုတွေ
   လုပ်နေကြသူတွေရှိနိုင် ]

🍎  နောက်ဆက်မေးပြန် 🍎

- ပြီးတော့ အကုသိုလ်လုပ်တဲ့
   ဒီဘဝ နာမ်ရုပ်က

ဖြစ်ပြီးပျက်တာလေ 
ပျောက်သွားပြီ
မရှိတော့ဘူးလေ

လို့ အကြောင်းပြကာ
အမြင် အသိ အမှတ် မှားပြီးမေးပြန်

-[ မိသားစုထဲ တစ်ဦးနဲ့တစ်ဦး
  ရန်ဖြစ် စိတ်ဆိုးကြ

  စိတ်ဆိုးတာ တစ်ရက်ထဲ
  နောက်ရက်ကျ စိတ်ဆိုးပြေပြီး
  ထမင်းအတူ စားကြပြန်

စိတ်ဆိုးတုန်းက ဖြစ်ခဲ့တဲ့ စိတ်တွေ
မရှိတော့တာတော့ အမှန်ပဲလေ

   ဒါပေမဲ့ စိတ်ဆိုးခဲ့တုန်းက
   တွေးခဲ့ ပြောခဲ့ လုပ်ခဲ့တာတွေ အတွက်

   နောက်ရက် စိတ်မဆိုးတဲ့နေ့မှာ
   သူ့မှာ တာဝန်ရှိမနေဘူးလား

  တာဝန်ရှိနေတာ ထင်ရှားပေမဲ့
  တရားကို အပေါ်ယံတွေးကြည့်ရင်

-"လုပ်တာ ၁-ယောက်
   ခံရတာ ၁-ယောက်လို့"
   မှားတွေးထင်စရာဖြစ်နေ

🍏 အရှင်နာဂသေန ဖြေကြားတော်မူ 🍏
      •••••••••••••••••••••••••••••

ဥပမာပေး-

❤️ ၁) သရက်သီးခိုးသူ

   သရက်သီးခိုးစားသူကို    
   ခြံရှင်က ဖမ်းပြီးအမှုလုပ်တော့

   သူခိုးကပြော-
  " သူ့သရက်သီး မခိုးပါ

    သူစိုက်တဲ့သရက်သီး
   (သရက်သီးစေ့)
    ဟာမရှိတော့ဘူးလေ

    သူစားတာ ဒီအပင်က
    သီးတဲ့ အသီးပါ

    ခြံရှင်စိုက်တဲ့အသီးကတခြား
    သူစားတဲ့သရက်သီးက တခြားပါတဲ့

   [ ဒီလိုပြောလို့ လူတွေရဲ့
    တရားရုံးက လွှတ်ပေးပါ့မလား
    သဘာဝတရားက ပိုလို့တောင်
    လွှတ်ပေးရိုး မရှိပါ ]

    [ ဆက်စပ်နေလို့ပါ
     ခြံရှင်က သူ့အသီးကနေ

    အစေ့ကိုယူပြီးစိုက် အပင်ဖြစ်လာ
    အပင်ကနေ ခြံရှင်ပိုင်တဲ့

    သရက်သီးတွေ ဖြစ်လာတဲ့
    အမှန်ဖြစ်နေတဲ့ ဖြစ်စဉ်ကြီးတစ်ခုပါ

    သူစိုက်တာ သူပိုင်တယ်
    သူ့သရက်သီးအစစ်အမှန်ပါ
    ဒီလို ဆက်စပ် သက်ဆိုင်နေတာ

    လမ်းကြောင်း ၁-ကြောင်းတည်းပေါ်ရှိပြီး
    သဘာဝတရားချင်း ဆက်ဆိုင်ကာ
    On-Line ဖြစ်နေလို့

    ဒီဘဝရုပ်နာမ်ရဲ့ အစဉ် အဆက်
    နောက်ဘဝ ရုပ်နာမ်က
    တာဝန်ရှိလာရတာပေါ့

    ဝိပဿနာဉာဏ်နဲ့ကြည့်ရင်
    သူငယ်ချင်းကို မြင်လိုက်တော့
    ဝမ်းသာလို့သွားဖက်

    မြင်ချိန်နဲ့ ဖက်ချိန်တွေမှာ
    ရုပ်နာမ်တွေမတူတော့တာ
    အမှန်မြင်သိခြင်းပါ

    ဖက်ချိန်မှာဖြစ်တဲ့ ရုပ်နာမ်ဟာ
    မြင်ချိန်ကရုပ်နာမ်နဲ့
    အဆက်အစပ်ရှိနေ

    ကြောင်းကျိုးဆက်နေလို့
    နောက်ဘဝက သက်ဆိုင်နေပြီး

    တာဝန်ခံရကာ အဆိုး အကောင်း
    အကျိုးတရား ရတာပါ

💙 ၂) ဖယောင်းတိုင်မီး

    ဖယောင်းတိုင်ထွန်း
    ကြာတော့တိုတိုလာ

    မီးထလောင်
    အိမ်တွေပါလောင်ခံရ၊

    လောင်တဲ့မီးက
    ကျွန်တော်ထွန်းတဲ့

    ဖယောင်းတိုင်က မီးမဟုတ်ပါလို့
    ငြင်းလို့မရပါ

    [ ဖယောင်းတိုင်မီးက
    ကူးသွားတဲ့မီးလေ

    ဒီမီးက ဆက်ဆက်ကူးသွားတာ
    ပြောင်းလဲသာသွားတာရှိ

    ဘဝ ၁-ခုနဲ့ ၁-ခု
    အကြောင်းအကျိုးဆက်စပ်
    ကူးပြောင်း ဖြစ်ပေါ်နေတာပါ ]

🧡 ၃) နွားနို့ဥပမာ

     နွားနို့ဝယ်ပြီးအပ်ထား
     နောက်နေ့ သွားပြန်ယူမယ်ပေါ့

    
    သွားပြန်ယူတော့ အခါမှာတော့
    ဒိန်ချဉ်ဖြစ်နေပြီ

    ကျွန်တော်အပ်ခဲ့တာ နွားနို့
    မယူနိုင်ဘူးဆို မှားပြီပေါ့

    တရားရုံးရောက်တော့
    ဘယ်သူနိုင်မလဲ

    ပြောင်းလဲသွားတာလေ
    သူအပ်ခဲ့တဲ့ ပစ္စည်းအမှန်ပဲဟာ
    ဒီသေဘာပါ

    အကြောင်းအကျိုး ဆက်စပ်နေလို့
    ဒီဘဝလုပ်ထားတာတွေ
    နောက်ဘဝလိုက်အကျိုးပေးမှာ

💜 ၄) ရှင်မဟာမောဂ္ဂလာန်မထေရ်ကြီးလဲ

      သူ့အတိတ်ဘဝ လုပ်ထားတာ
      ဆက်စပ်ပြီး အသတ်ခံရကာ
      နိဗ္ဗာန် စံဝင်ရသည်

🖤 ၅) ရှင်ဒေဝဒတ်လည်း

       ဘုရားကိုရန်လုပ်တာ တစ်ဘဝ
       ငရဲမှာခံနေရတာက တစ်ဘဝပဲ

      သို့သော် ၂-ယောက် မဟုတ်
      အတိအကျ ၁-ယောက်တည်းပဲ
      လို့လည်း ပြောလို့မရပါ

      အကြောင်းအကျိုးဆက်စပ်နေတဲ့
      သဘာဝတရားတွေပါ၊

💛 ၆) ဒီဖြစ်စဉ်ကြီးကို မြင်တာ

      အနိစ္စလက္ခဏာကို
      ရှင်းရှင်းကြီးမြင်တာပါ

      ဖြစ်ပျက်မှုမြင်ရင်
      သန္တတိဆိုတဲ့ ဖြစ်စဉ်ကြီး ၁-ခုဟာ

      ဖြစ်ပျက်မှုတွေ စုဝေးနေတဲ့
      ဖြစ်ပျက်အစဉ်တန်းမျှသာလို့
      သဘောပေါက်လာတယ်

      ဥဒယဘယ မနသိကာရနဲ့
      ဖြစ်စဉ်ကြီး တစ်ခုကိုဖျက်ဖို့
      စတင် သိမြင်ပြီး
      စတင် လိုက်နိုင်ပါပြီ

      နောက်ဆုံးမှာတော့ ဖြစ်စဉ်ကြီးကို
      အပြီးတိုင် ပယ်ရှားလိုက်နိုင်တာက
      အရဟတ္တမဂ်/ဖိုလ်နဲ့ပါ။

💜 ဖြစ်စဉ်ကြီးဆိုတာက သံသရာမှာ
      မရပ်မနား ဆက်တိုက်ဖြစ်နေတဲ့

      မွေးလိုက်သေလိုက် ဖြစ်နေသော
      ဘဝတွေ ကူးပြောင်းဖြစ်နေတာကိုပေါ့

     ကိလေသာတွေ အကုန် ဖယ်ရှားနိုင်မှပဲ
     ဘဝသစ် တဖန် ပြန်မဖြစ်တော့ပဲ

    ( ပြန်လည်မွေးဖွါးခြင်း မရှိတော့တဲ့ )
     မြတ်နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်ပြီး

     ဖြစ်ပျက်တွေ ပေါင်းစုထားတဲ့ အထက်ဖေါ်ပြပါ
     ဖြစ်စဉ်ကြီး ပျက်ပျောက်သွားမှာပါ။

                    [ သာဓု သာဓု သာဓုပါဘုရား ]
     🔆🔆🔆🔆🔆 🙏🙏🙏🙏🙏 🔆🔆🔆🔆🔆
                        Uploaded / Posted By -
  FB Acc. -  " Win Ko Hla " / &   FB Page -  " WKH "
                     *************                              *******
  Photo.- Crd: To - The Concerned.

🔴  ကျေးဇူးတော်ရှင် ပါမောက္ခချုပ်ဆရာတော်ကြီး
       ဟောကြား-"န စ သော ၊ န စ အညော"
                                 [ဒုတိယပိုင်း]
       တရားတော်မှနာယူကောက်နှုတ်တင်ပြပါသည်။

🔵  အလို/အပို/အလွဲ/အမှား/ပါဠိ/သတ်ပုံ/ကြောင်းရာ-
       ကျွန်တော်၏ချို့ယွင်းချက်ပါ။ -ရှိနိုင်၍-
       ပြင်ဆင်ပေးနိုင်ပါရန် လေးစားစွာ
       မေတ္တာရပ်ခံအပ်ပါသည်။