-📦-ကံနဲ့ကံ၏အကျိုးကိုတော့-ယုံကြည်ပါပြီ။သို့သော်-
-📦-ပြုလုပ်သူက-တစ်ဦး-
-နောက်ဘဝ/သံသရာဝယ်-ခံစား-စံစားရသူက-
နောက်ထပ်-သပ်သပ်တစ်ဦးသာပဲ-
-📦-အခုဘဝလို-ကိုယ်နဲ့စိတ်မျိုးလဲ-မဟုတ်တော့-
-ဆက်စပ်ပြီးတော့လဲ-မသိ-မမှတ်မိနိုင်တော့-
-📦-စသဖြင့်...ကြီးစွာ-မှားယွင်းယူဆမိပြီး-
-📦-နောင်ခါလာ နောင်ခါဈေးပဲ-
-နောက်ခန္ဓာနဲ့နောက်ကိစ္စသာပဲ-လို့-
-မသက်ဆိုင်သလို-ထင်မှတ်မထားသင့်။
-📦-နောက်ဘဝတွေသည်-မိမိနဲ့ပုံစံတထပ်တည်းလဲ-မဟုတ်-
-တခြားသူ-တစ်ယောက်လဲ-မဟုတ်ပါ၊
-📦-ဒါပေမဲ့-လုံးဝဥသုံကြီးကို-ဆက်စပ်နေပြီး-
-ပြန်မမှတ်မိရင်သာရှိမယ်၊
-ပြုခဲ့မိသမျှတွေကို-တာဝန်ယူတာဝန်ခံရ-
-နာစရာသာစရာတွေကို-ခံရမည့်သူကတော့-
-📦-ခန္ဓာငါးပါးအစုအဖြစ်-ဆက်လက်တည်ရှိနေမဲ့-
-မိမိသာလျှင်ပါပဲ-တခြားသူဆိုတာမဖြစ်နိုင်ပါ။
-📦-ဒီလို-အနေအထားနဲ့-တစ်ဘဝပြီးတစ်ဘဝ-
-အဆက်မပြတ်ကို-ဖြစ်ပေါ်နေကြရတယ်၊
-ဒါကို-အဆုံးမရှိတဲ့သံသရာ-ဟု မှတ်ယူနိုင်။
🚫 " န စ သော ၊ န စ အညော " [ အပိုင်း-၂- ] 🚫
[ သူလည်း မဟုတ်၊ တခြားသူလည်း မဟုတ် ]
*****************************************
🔵 ပြုလုပ်သူနဲ့ ခံရသူ 🔵
••••••••••••••••
အတူတူပဲလား
•••••••••••••
[ ဒီဘဝကလုပ်တာ နောင်ဘဝတွေမှာ ခံရမှုကိစ္စ ]
💜 မတူဘူးလားဆိုတဲ့
အမေးနဲ့အဖြေ 💜
🍎 မိလိန္ဒမင်းကြီးအမေး 🍎
*******************
-ဒီဘဝ လူ ၁-ယောက်
အကုသိုလ်တွေလုပ်တယ်
နောက်ဘဝ ငရဲခံရတယ်
-လုပ်တာက ၁-ယောက်
ခံရတာက နောက် ၁-ယောက်
ဖြစ်မနေဘူးလား ?
-[ လုပ်တုန်းက ဒီဘဝကရုပ်နဲ့နာမ်
ခံရတာက နောက်ဘဝရုပ်နဲ့နာမ်ပဲလို့
ဒီလို အမှားတွေးနေကြတာ ]
-[ အရပ်ထဲမှာ ပြောနေကြတာလဲရှိ
" ဒီဘဝ ဒီကိုယ်စံ
နောက်ဘဝ နောက်ကိုယ်ခံ "
-ဆိုပြီး ဒီဘဝစံရဖို့
အရေးကြီးတယ်ဆိုကာ
-မကောင်းမှုတွေ
လုပ်နေကြသူတွေရှိနိုင် ]
🍎 နောက်ဆက်မေးပြန် 🍎
- ပြီးတော့ အကုသိုလ်လုပ်တဲ့
ဒီဘဝ နာမ်ရုပ်က
ဖြစ်ပြီးပျက်တာလေ
ပျောက်သွားပြီ
မရှိတော့ဘူးလေ
လို့ အကြောင်းပြကာ
အမြင် အသိ အမှတ် မှားပြီးမေးပြန်
-[ မိသားစုထဲ တစ်ဦးနဲ့တစ်ဦး
ရန်ဖြစ် စိတ်ဆိုးကြ
စိတ်ဆိုးတာ တစ်ရက်ထဲ
နောက်ရက်ကျ စိတ်ဆိုးပြေပြီး
ထမင်းအတူ စားကြပြန်
စိတ်ဆိုးတုန်းက ဖြစ်ခဲ့တဲ့ စိတ်တွေ
မရှိတော့တာတော့ အမှန်ပဲလေ
ဒါပေမဲ့ စိတ်ဆိုးခဲ့တုန်းက
တွေးခဲ့ ပြောခဲ့ လုပ်ခဲ့တာတွေ အတွက်
နောက်ရက် စိတ်မဆိုးတဲ့နေ့မှာ
သူ့မှာ တာဝန်ရှိမနေဘူးလား
တာဝန်ရှိနေတာ ထင်ရှားပေမဲ့
တရားကို အပေါ်ယံတွေးကြည့်ရင်
-"လုပ်တာ ၁-ယောက်
ခံရတာ ၁-ယောက်လို့"
မှားတွေးထင်စရာဖြစ်နေ
🍏 အရှင်နာဂသေန ဖြေကြားတော်မူ 🍏
•••••••••••••••••••••••••••••
ဥပမာပေး-
❤️ ၁) သရက်သီးခိုးသူ
သရက်သီးခိုးစားသူကို
ခြံရှင်က ဖမ်းပြီးအမှုလုပ်တော့
သူခိုးကပြော-
" သူ့သရက်သီး မခိုးပါ
သူစိုက်တဲ့သရက်သီး
(သရက်သီးစေ့)
ဟာမရှိတော့ဘူးလေ
သူစားတာ ဒီအပင်က
သီးတဲ့ အသီးပါ
ခြံရှင်စိုက်တဲ့အသီးကတခြား
သူစားတဲ့သရက်သီးက တခြားပါတဲ့
[ ဒီလိုပြောလို့ လူတွေရဲ့
တရားရုံးက လွှတ်ပေးပါ့မလား
သဘာဝတရားက ပိုလို့တောင်
လွှတ်ပေးရိုး မရှိပါ ]
[ ဆက်စပ်နေလို့ပါ
ခြံရှင်က သူ့အသီးကနေ
အစေ့ကိုယူပြီးစိုက် အပင်ဖြစ်လာ
အပင်ကနေ ခြံရှင်ပိုင်တဲ့
သရက်သီးတွေ ဖြစ်လာတဲ့
အမှန်ဖြစ်နေတဲ့ ဖြစ်စဉ်ကြီးတစ်ခုပါ
သူစိုက်တာ သူပိုင်တယ်
သူ့သရက်သီးအစစ်အမှန်ပါ
ဒီလို ဆက်စပ် သက်ဆိုင်နေတာ
လမ်းကြောင်း ၁-ကြောင်းတည်းပေါ်ရှိပြီး
သဘာဝတရားချင်း ဆက်ဆိုင်ကာ
On-Line ဖြစ်နေလို့
ဒီဘဝရုပ်နာမ်ရဲ့ အစဉ် အဆက်
နောက်ဘဝ ရုပ်နာမ်က
တာဝန်ရှိလာရတာပေါ့
ဝိပဿနာဉာဏ်နဲ့ကြည့်ရင်
သူငယ်ချင်းကို မြင်လိုက်တော့
ဝမ်းသာလို့သွားဖက်
မြင်ချိန်နဲ့ ဖက်ချိန်တွေမှာ
ရုပ်နာမ်တွေမတူတော့တာ
အမှန်မြင်သိခြင်းပါ
ဖက်ချိန်မှာဖြစ်တဲ့ ရုပ်နာမ်ဟာ
မြင်ချိန်ကရုပ်နာမ်နဲ့
အဆက်အစပ်ရှိနေ
ကြောင်းကျိုးဆက်နေလို့
နောက်ဘဝက သက်ဆိုင်နေပြီး
တာဝန်ခံရကာ အဆိုး အကောင်း
အကျိုးတရား ရတာပါ
💙 ၂) ဖယောင်းတိုင်မီး
ဖယောင်းတိုင်ထွန်း
ကြာတော့တိုတိုလာ
မီးထလောင်
အိမ်တွေပါလောင်ခံရ၊
လောင်တဲ့မီးက
ကျွန်တော်ထွန်းတဲ့
ဖယောင်းတိုင်က မီးမဟုတ်ပါလို့
ငြင်းလို့မရပါ
[ ဖယောင်းတိုင်မီးက
ကူးသွားတဲ့မီးလေ
ဒီမီးက ဆက်ဆက်ကူးသွားတာ
ပြောင်းလဲသာသွားတာရှိ
ဘဝ ၁-ခုနဲ့ ၁-ခု
အကြောင်းအကျိုးဆက်စပ်
ကူးပြောင်း ဖြစ်ပေါ်နေတာပါ ]
🧡 ၃) နွားနို့ဥပမာ
နွားနို့ဝယ်ပြီးအပ်ထား
နောက်နေ့ သွားပြန်ယူမယ်ပေါ့
သွားပြန်ယူတော့ အခါမှာတော့
ဒိန်ချဉ်ဖြစ်နေပြီ
ကျွန်တော်အပ်ခဲ့တာ နွားနို့
မယူနိုင်ဘူးဆို မှားပြီပေါ့
တရားရုံးရောက်တော့
ဘယ်သူနိုင်မလဲ
ပြောင်းလဲသွားတာလေ
သူအပ်ခဲ့တဲ့ ပစ္စည်းအမှန်ပဲဟာ
ဒီသေဘာပါ
အကြောင်းအကျိုး ဆက်စပ်နေလို့
ဒီဘဝလုပ်ထားတာတွေ
နောက်ဘဝလိုက်အကျိုးပေးမှာ
💜 ၄) ရှင်မဟာမောဂ္ဂလာန်မထေရ်ကြီးလဲ
သူ့အတိတ်ဘဝ လုပ်ထားတာ
ဆက်စပ်ပြီး အသတ်ခံရကာ
နိဗ္ဗာန် စံဝင်ရသည်
🖤 ၅) ရှင်ဒေဝဒတ်လည်း
ဘုရားကိုရန်လုပ်တာ တစ်ဘဝ
ငရဲမှာခံနေရတာက တစ်ဘဝပဲ
သို့သော် ၂-ယောက် မဟုတ်
အတိအကျ ၁-ယောက်တည်းပဲ
လို့လည်း ပြောလို့မရပါ
အကြောင်းအကျိုးဆက်စပ်နေတဲ့
သဘာဝတရားတွေပါ၊
💛 ၆) ဒီဖြစ်စဉ်ကြီးကို မြင်တာ
အနိစ္စလက္ခဏာကို
ရှင်းရှင်းကြီးမြင်တာပါ
ဖြစ်ပျက်မှုမြင်ရင်
သန္တတိဆိုတဲ့ ဖြစ်စဉ်ကြီး ၁-ခုဟာ
ဖြစ်ပျက်မှုတွေ စုဝေးနေတဲ့
ဖြစ်ပျက်အစဉ်တန်းမျှသာလို့
သဘောပေါက်လာတယ်
ဥဒယဘယ မနသိကာရနဲ့
ဖြစ်စဉ်ကြီး တစ်ခုကိုဖျက်ဖို့
စတင် သိမြင်ပြီး
စတင် လိုက်နိုင်ပါပြီ
နောက်ဆုံးမှာတော့ ဖြစ်စဉ်ကြီးကို
အပြီးတိုင် ပယ်ရှားလိုက်နိုင်တာက
အရဟတ္တမဂ်/ဖိုလ်နဲ့ပါ။
💜 ဖြစ်စဉ်ကြီးဆိုတာက သံသရာမှာ
မရပ်မနား ဆက်တိုက်ဖြစ်နေတဲ့
မွေးလိုက်သေလိုက် ဖြစ်နေသော
ဘဝတွေ ကူးပြောင်းဖြစ်နေတာကိုပေါ့
ကိလေသာတွေ အကုန် ဖယ်ရှားနိုင်မှပဲ
ဘဝသစ် တဖန် ပြန်မဖြစ်တော့ပဲ
( ပြန်လည်မွေးဖွါးခြင်း မရှိတော့တဲ့ )
မြတ်နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်ပြီး
ဖြစ်ပျက်တွေ ပေါင်းစုထားတဲ့ အထက်ဖေါ်ပြပါ
ဖြစ်စဉ်ကြီး ပျက်ပျောက်သွားမှာပါ။
[ သာဓု သာဓု သာဓုပါဘုရား ]
🔆🔆🔆🔆🔆 🙏🙏🙏🙏🙏 🔆🔆🔆🔆🔆
Uploaded / Posted By -
FB Acc. - " Win Ko Hla " / & FB Page - " WKH "
************* *******
Photo.- Crd: To - The Concerned.
🔴 ကျေးဇူးတော်ရှင် ပါမောက္ခချုပ်ဆရာတော်ကြီး
ဟောကြား-"န စ သော ၊ န စ အညော"
[ဒုတိယပိုင်း]
တရားတော်မှနာယူကောက်နှုတ်တင်ပြပါသည်။
🔵 အလို/အပို/အလွဲ/အမှား/ပါဠိ/သတ်ပုံ/ကြောင်းရာ-
ကျွန်တော်၏ချို့ယွင်းချက်ပါ။ -ရှိနိုင်၍-
ပြင်ဆင်ပေးနိုင်ပါရန် လေးစားစွာ
မေတ္တာရပ်ခံအပ်ပါသည်။
No comments:
Post a Comment