<Unicode>
#နန်းမတော်မယ်နု (သို့မဟုတ်) ကျွန်ုပ်မျက်ရည် မခိုင်စေသော နောက်ဆုံးရေပွက်ကလေး
***************************
နန်းမတော် မယ်နု ဟုဆိုလိုက်သည်နှင့်
တိုင်းပြည် “ခိုက်” သောမြေးအဖွား (၃) ဆက်
(ပထမအင်္ဂလိပ်-မြန်မာ စစ်ရှုံးသူ မယ်နု ၊
သူ့သမီး ဆင်ဖြူမရှင် ‘နန်းတွင်း အာဏာလုပွဲအတွက်
မင်းတုန်းမင်း ၏ သားတော်(40)ကျော်ကို သတ်ကာ
သီပေါမင်း ကို သူ့ သမီး စုဖုရားလတ်နှင့်လက်ထပ်ပေးသူ၊
မြေးမတော် စုဖုရား လတ် သီပေါမင်းကိုကျော်၍
အမိန့် မနာခံသော) ဟု နာမည်ဆိုးနှင့်
ကျော်ကြားသူ အဖြစ်သိကြသလို
အင်းဝရှိ မယ်နုအုဋ်ကျောင်းကိုလည်း
မြင်ယောင်မိကြမည်ဖြစ် ပါသည်။
ဟုတ်ပါသည်
မယ်နု သည် မဟာအောင်မြေဘုံစံ မယ်နု အုဋ်ကျောင်းကြီး၏ ဒကာမဖြစ်သလို
သူမ ဘဝ၏ အံ့ဖွယ်အတိတ်ကံ အကျိုးပေး၊
ပင်ကိုယ် စိတ်ထက်မြက် ကြွပ်ဆတ်မှု ၊
အတ္တကြီးပြီး အကြောက်တရား ကင်းမှု၊
ဆင်ခြင်တုံတရား နည်းပြီး တဇွတ်ထိုးနိုင်မှု တို့က
သူမ ကို အထွဋ် အထိပ်သို့ ရောက်ရှိစေခဲ့သည်။
နန်းမတော်မယ်နု သည် ဖလံခုံရွာ(ဖလန်ဂုဏ်)
ဇာတိထောင်မှူး သီဟကျော်စွာဘွဲ့ခံ
ဦးလှုပ်နှင့်ဒေါ်ငယ်တို့မှ 18.June.1783 အင်းဝမြို့၌ မွေးဖွားသည်။
မွေးချင်းနှစ်ယောက်ရှိပြီး
ကျန် တစ်ယောက်မှာ မောင်အိုဖြစ်သည်။
မယ်နုသည် ရွှေလင်ဗန်းနှင့် အချင်းဆေးသော တော်ဝင်မျိုးရိုး မဟုတ်
သာမာန် အရပ်သူတစ်ဦးသာ ဖြစ်သော်လည်း
သူမ ဘဝတွင် ထူးဆန်းမှုကြီးကြီး မားမား (2) ကြိမ်ကြုံ တွေ့ခဲ့သည်။
မယ်နုငယ်စဉ် က အိမ်မှလူကြီး မိဘ များနှင့်
တရွာမှ တရွာသို့သွားလာရာ
လမ်းဇရပ် တစ်ခု၌ အိပ်ကြ သည်။
မယ်နု က ထမင်းချက်တာဝန် ယူ၍ ချက်ပြုပ်ရာ
မနက် မိုးလင်းသော အခါ
မယ်နု ထမင်းချက် ခဲ့သောနေရာ ၌
မှိုပွင့်ကြီး တစ်ပွင့် ပေါက်လာရာ
လူကြီးများ က အံ့ဘွယ် နိမိတ်ကောင်းဟု
မှတ်ယူကြ သည်။
မယ်နု အသက် (၁၂)နှစ် သမီးအရွယ်
မြစ်ဆိပ်၌ ရေချိုးချိန် တွင် သူမ၏
အနီရောင်ရေလဲ လုံချည်ကို စွန်ရဲ တစ်ကောင်မှ
ချီယူ သွားပြီး အမရပူရ နန်းတော်အတွင်းရှိ
မိဖုရားများ စံပယ်ရာ တောင်နန်းဆောင်
အမိုး ၌ချထားခဲ့သည်။
ဘိုးတော်ဘုရား က လုံချည် ပိုင်ရှင်ကို
ရှာဖွေစစ်ဆေးဖော်ထုတ်ကာ မယ်နု ကို
တောင်နန်း အပျိုတော် အဖြစ် ခန့်ထားလိုက် ရာမှ
အရှုပ်တော်ပုံ ဖန်တီးမည့် အဓိကဇာတ်ကောင် ကို
ခေါ်မိသည့် အမှားကြီးတစ်ခု
ဘိုးတော်ဘုရား ပြုလုပ်မိသွားသည်။
ကုန်းဘောင် မင်းဆက်တွင် နန်းသက် အရှည်ဆုံး
ဘိုးတော်ဘုရား သည် (37) နှစ်ကြာ နန်းစံပြီး
ဘကြီးတော်စစ်ကိုင်းမင်း ကို အိမ်ရှေ့အရာ အပ်နှင်းပြီး
ညီတော် သာယာဝတီ မင်းသား ကို ဒုတိယနှင့်
ဘကြီးတော်၏ သားတော် စကြာမင်းသားလေး ကို
တတိယ နန်းလျာထားသည်။
ဘကြီးတော် မှာ အိမ်ရှေ့မင်း ရာထူးသာ ရှိသေးပြီး
မိဖုရား ခေါင်ကြီး မှာ ဆင်ဖြုရှင်မယ်ဖြစ်သည်။
ဆင်ဖြူမယ် သည် စကြာမင်းသားလေး ကိုမွေးပြီး
( ၁ )ပတ် အကြာ 1812 အောက်တိုဘာလတွင်
ကွယ်လွန်လေသည်။
မယ်နုသည် စက်စက်ယိုအောင် လှသူဟု
မဆိုနိုင်သည့်တိုင် ပကတိရုပ်ရည်ကား တည်ကြည်သည်။
အပြောချို ၍ ကိုယ်နေဟန်အချိုးကျကာ
သွယ်လျကျော့ရှင်းပြီး သူမ၏ နန်းမူရာမှာ
နန်းတွင်းသူများ အတုယူရသည်အထိ မဟာဆန်သည်။
ယောကျာ်းတကာ တို့ နှစ်သက်ခံရသည်။
ထိုအထဲတွင်အိမ်ရှေ့မင်း ဘကြီးတော်လည်းပါဝင်သည်။
အမရပူရ နန်းတွင်း၌ အိမ်ရှေ့မင်းအား
မယ်နုထက် မဟာဆီ မဟာသွေး အချင်းချင်း
အိမ်ထောင် ပြုစေ လို၍
“လူမှာ အမျိုး ကြက်မှာ အရိုး” ဟု
ဘကြီးတော်ကို သတိပေးသည်။
မယ်နု ကလည်း “လူမှာ အချစ် ကြက်မှာ အမြစ်” ဟု
ချေပကာ ဘကြီးတော်ကို ရအောင် သိမ်းသွင်းခဲ့သည်။
ဘိုးတော်ဘုရား လွန်သော် ဘကြီးတော်သည်
1819 ဇွန်လ (5) ရက်တွင် နန်းတက်ကာ
(1823) မြို့တော် ကို အမရပူရ မှ အင်းဝသို့ရွှေ့သည်။
ဘကြီးတော်သည် ခပ်အေးအေးနေတတ်သလို
မယ်နုကို အလွန်ချစ်သဖြင့်
အဂ္ဂမဟေသီ တောင်ညာစံ မိဘုရားခေါင်မြောက်လေသည်။
မယ်နုသည်ပင်ကိုယ် ထက်မြက်သူပီပီ
နန်းတွင်း တစ်ခုလုံး အရေးသာမက
တိုင်းရေးပြည်ရေးကို စိတ်တိုင်းကျ
ချယ်လှယ်တော့သည်။
နန်းတွင်းမှာလည်း အမျိုးနိမ့်သူ မိဖုရားခေါင်ဖြစ်လာပြီး
ဓားထက်၍သာ ကြောက်ရသည် မည်သူကမှ
မယ်နုကို မကြည်ဖြူကြချေ။
ယခင် ဘုရင်နှင့် မိဘုရား ရာဇပလ္လင်ပေါ်
အတူမထိုင်သော်လည်း မယ်နု သည်
ထို အစဉ်အလာ ကို ဖျက်ကာ အတူထိုင်သဖြင့်
တရုတ်သံမှူးများ အံ့အားသင့်ကြသည်။
1819 တွင် မယ်နုသည် သူ့မောင်အရင်း ဖြစ်တဲ့
မောင်အို ကို စလင်းမြို့ကို စားစေပြီး
နန်းတော်တွင်း သူမ ၏ အာဏာစက် ကို
ခိုင်မာအောင် တည်ထောင်သည်။
ထို့အပြင် မောင်အိုအား
သတိုးဓမ္မရာဇာ ဘွဲ့ ချီးမြင့် လိုက်သလို
ဘကြီးတော် ကလည်း သူ့ယောက်ဖ အား
မြှောက်စားသည့် အနေဖြင့်
ထိပ်တန်း မင်းညီ မင်းသား စာရင်းသွင်းကာ၊
လွှတ်တော်တက်ခွင့် ပေး သည့်အပြင်
ရွှေထီး ရှစ်ချက်မိုး ခစားခွင့်ပေးသဖြင့်
မောင်အို သည် နားထင် သွေးရောက်သွားလေသည်။
ရှေးခေတ်က မင်းသားများ ၏ အဆင့်အတန်း ကို
ထီးဆောင်း အရေအတွက် အနည်း အများဖြင့်
ခွဲခြားလေ့ ရှိသည်။
ညီတော် သာယာဝတီမင်းပင် ထီးဆယ်ချက်သာ
မိုးခွင့် ရှိ၍ ယောက်ဖတော် မောင်အို သည်
ညီတော်အိမ်ရှေ့မင်းထက် မဆို သလောက်သာ
နိမ့်သည့်သဘော သက်ရောက်စေသည်။
နေ့ချင်း ညချင်း မောင်အို တန်ခိုးထွားလာသဖြင့်
ကုန်းဘောင် မျိုးဆက် ကို အပြုတ်ဖြုတ်ပြီး
သူကိုယ်တိုင် ဘုရင် လုပ်ရန် ကြံလေတော့သည်။
ထို့ကြောင့် နန်းတွင်း အားပြိုင်မှု
(3) စု ကွဲပေါ်ပေါက်လာသည်။
*
(1) နိုင်ငံရေး အာဏာပိုင်ဆိုင်သောမောင်အိုနှင့်
မယ်နုက တစ်ဖွဲ့
(2) သူတို့၏ မဟာပြိုင်ဘက် များတွင်
ဘကြီးတော် မင်းပြီးနောက် နန်းညွန့် နန်းလျာ
ဆက်ခံဖို့ အခွင့် အရေး ရှိသူ သာယာဝတီမင်း သည်
ထိပ်ဆုံးဖြစ်သည်။
သူ ကိုယ်တိုင် လက်ရုံးရည်နှင့်ပြည့်စုံ သလို
နောက် လိုက် အင်အားကောင်း
များစွာ ပိုင်ဆိုင်ထားသည်။
(3) စကြာမင်းသား ခေါ်
ညောင်ရမ်းမင်းသားလေး သည် မွေးဖွားစဉ် က
စကြဝတေးမင်း တို့ ဘုန်းကြီးသည့်
လက္ခဏာ ရပ်များဖြစ်ကြသော ဥက္ကာပျံ
ငလျင်လှုပ် တော်လဲမြည်ခြင်း ၊
လက်ဝါးများတွင်ခရုပတ်နှင့် မှဲ့ရှင် များ
ထူးခြား ထင်ရှားစွာတွေ့ရခြင်း၊
အချင်း စလွယ်သိုင်းခြင်း၊
ခုနစ်ရက် ရလျှင် မယ်တော် ကွယ်လွန်၍
ဖွားဖက်တော် ခုနစ်ဦးလည်းပေါ်ခြင်း၊
ရုပ်ရည် အင်မတန် ချောမောလှပ၍
နန်းတွင်းသူ နန်းတွင်းသားများ ၊
တိုင်းသူပြည်သားများ က
အလွန် ချစ်ခင်နှစ်သက်ကြသည့် လူထု အင်အား ကို
ပိုင်ဆိုင်သော ဘကြီးတော် ၏
တစ်ဦးတည်းသော သား ဖြစ်သဖြင့်
ဘကြီးတော် က နန်းလွှဲ လိုသည်မှာ
တွေးကြည့်ယုံဖြင့် သိနိုင်ပါ သည်။
ထို့ကြောင့်မောင်အို သည်
စကြာမင်းသားလေး နားထွင်းပြီး
အိမ်ရှေ့အရာ အပ်နှင်းခြင်း ကိစ္စကို အချိန်ဆွဲ သည်။
အသက် (20) ကျမှ နားထွင်းသည့် တိုင်
နိုင်ငံရေး အာဏာကို မင်းသားလေး အား
လွှဲမပေးခဲ့ချေ။
မယ်နုနှင့်မောင်အို သည် ဘကြီးတော်နှင့်
မယ်နု နန်းစံသော (18) နှစ်လုံးလုံး
သာယာဝတီမင်း ကို အသိအမှတ်မပြု ချယ်လှယ်ပြီး နောင်တော်နှင့်တွေ့ခွင့် ပိတ်ပင်သည်။
ထိုခေတ်က မယ်နုကြောက်ရသူ တစ်ဦး ရှိသည်
ထိုသူမှာ ဆရာတော်ဦးဗုဓ်ဖြစ်သည်။
သက္ကရာဇ် 1822 ခုနှစ်တွင် ဘကြီးတော်နှင့် နန်းမတော် မယ်နု တို့ကကျောင်းဆောက်လုပ်ရာတွင်
ငါးနှစ်ကျော် ကြာမြင့်ခဲ့ပြီး သက္ကရာဇ် 1827 ခုနှစ်တွင်
မဟာအောင်မြေဘုံစံ ဟု ကမ္ပည်း ထိုးကာ
ညောင်ကန် ဆရာတော် ဦးပို အား လှူဒါန်းခဲ့သည်။
တစ်နှစ်အကြာတွင် ဆရာတော် ဦးပို ပျံလွန် တော်မူပြီးနောက် ဒုတိယညောင်ကန် ဆရာတော် ဦးဗုဓ်အား ထပ်မံ လှူဒါန်းခဲ့သည်။
အုဋ်ကျောင်း အကျယ်အဝန်း မှာ
အလျား 192 ပေ၊ အနံ 112 ပေ နှင့်
အမြင့် 94 ပေရှိပြီး ကျောင်း တည်ဆောက်ရာတွင်
ငွေကျပ် သုံးသိန်း ကုန်ကျကြောင်း၊
သက္ကရာဇ် 1838 ပြည့်နှစ်တွင်
ငလျင် ဒဏ်ကြောင့် ပြိုကျ ခဲ့ရာ
နန်းမတော်မယ်နု၏ သမီးတော် ဆင်ဖြူမရှင်က
သက္ကရာဇ် 1872 ခုနှစ်တွင် ထပ်မံပြုပြင်ခဲ့ကြောင်း
မှတ်တမ်းများ အရ သိရသည်။
ကျောင်းကြီး ကို အုဋ်၊ အင်္ဂတေ တို့ဖြင့်
မိဖုရားခေါင်ကြီးမယ်နုက တည်ဆောက်ခဲ့သောကြောင့်
မယ်နု အုတ်ကျောင်း ဟု ထင်ရှားခဲ့သည်။
ပညာရှင်များ၏ ဗိသုကာ လက်ရာ၊ ပန်းရန် နှင့်
ပန်းတမော့ အနုပညာ လက်ရာများ
ကျောင်းဆောင်ကြီး အတွင်းရှိ စင်္ကြံ ပတ်လမ်း နှင့်
အခန်း ဖွဲ့စည်းပုံများ၊ အဝင်ပေါက်
သစ်သား တံခါးများ ကို ‘အသံ’ များ ဖန်တီး တပ်ဆင်ပုံတို့ကြောင့် ခံ့ညား ထည်ဝါလှသော ကျောင်းကြီးဖြစ် သည်။
ဘကြီးတော်နန်းတက် ဘိသိက် မင်္ဂလာသွန်း အခမ်းအနား ဆင်ယင်သောအခါ၌
မဏိပူရစော်ဘွား မတက်ရောက်ချေ။
မဏိပူရစော်ဘွားကို သင်ခန်းစာ ပေးရန် လိုက်ဖမ်းရာ
အင်္ဂလိပ် ပိုင်နယ်ထဲအထိ ဝင်ပြေးသဖြင့် အင်္ဂလိပ်တို့နှင့် နယ်စပ်ပြဿနာ’ငြိ’လာ ရာမှ
အင်္ဂလိပ်တို့ (1824)တွင် စစ်ကြေညာသည်။
စစ်သူကြီး မဟာဗန္ဓုလသည် ရခိုင်တွင် စခန်းချကာ
မြဝတီမင်းကြီး ဦးစ က ပန်းဝါတွင်
အင်္ဂလိပ်တို့ကို အနိုင် တိုက်သည်။
မြန်မာတပ်များ ဘင်္ဂလားနယ်အထိ ရောက်နေသဖြင့်
အင်္ဂလိပ်ဘုရင်ခံပင် ကျီးလန့်စာစားနေရသည်။
ဗန္ဓုလသာ စစ်တကောင်းထိ တက်တိုက်၍ ဖိအားပေးခဲ့မည် ဆိုလျှင် အင်္ဂလိပ်တို့ ပျာယာခတ်သွားနိုင် သည်။
အင်္ဂလိပ်တို့သည် ထိုအခြေနေကို ရိပ်စားမိသဖြင့်
ရန်ကုန် ဖက်မွှပတ်ဝင်၍ တန်ပြန်တိုက်စစ်ဆင်သော
ဗျူဟာကို သုံးကာ စစ်မျက်နှာပြောင်းလိုက်လေသည်။
ထိုအချိန် သာယာဝတီလို အဆင့်မြင့် မင်းသားက
ရန်ကုန်သို့ ဆင်း၍ ကာကွယ်ရန်သူစုဆောင်းထား သည့် လူသူများနှင့် အင်္ဂလိပ် စစ်သင်္ဘောများကို
ခုခံ တိုက်ခိုက် လိုကြောင်း တင်ပြသည်။
ဘကြီးတော်ကလည်း သဘောတူကာ
အမြန်စေလွှတ်ချင်သော်လည်း
ပြိုင်ဘက် စလင်း မင်းသား ကြီး မောင်အိုနှင့်
မှူးမတ် များက သာယာဝတီ မင်းသားအား
လက်နက် ဆင်၍ လွှတ်လိုက်လျှင်
ပုန်ကန် လိမ့် မည်ဟု ကန့်ကွက်ကာ
နိုင်ငံ့ အရေးတော်ထက် အာဏာ ရရှိ လိုသော
ပုဂ္ဂိုလ်ရေး ကို ဦးစားပေးခဲ့သည်မှာ
စိတ်ပျက် စရာဖြစ် လေသည်။
ဘကြီးတော်လည်း အရိပ်ကို ရန်သူထင်၍
နောက်ဆုံးတွင် မဟာဗန္ဒုလ ပြန်လာသည်အထိ
စောင့်ပြီးမှ သွားရောက် တိုက်ရန်
အမိန့်ချလိုက်လေသည်။
ထို့ကြောင့် ရခိုင်မှပြန်လာမည့် ဗန္ဒုလ ကို
စောင့်ရင်း (၅)လ အထိ ကြာသွား သဖြင့် ထိုအချိန်တွင် အင်္ဂလိပ်တို့ ကလည်း
ရွှေတိဂုံ ကုန်းတော် တစ်ဝိုက်ကို အခိုင်အမာ
တပ်စွဲ ၍ အသာစီး ရသွားတော့သည်။
သာယာဝတီမင်း ၏ တပ်များသည်
ရန်ကုန်သို့ ချီ၍ ကျိုက်ကလို့ တွင် တပ်ချထားသည်။
အင်္ဂလိပ် တို့က သာယာဝတီ ၏ တပ်က
ိုဝိုင်းတိုက်သော်လည်း အနိုင် မရခဲ့ချေ။
သာယာဝတီ မင်းသားကြီးက
အခြေအနေ ရိပ်စား မိသဖြင့် စောစောစီးစီး
စစ်ပြေငြိမ်းရန် တင်ပြသော်လည်း
မောင်အို၊ မယ်နု တို့မှ လက်မခံဘဲ
စစ်ကို သာ ထပ်တိုး တိုက်သည်။
ဗန္ဒုလ ဓနုဖြူ တွင် ကျသွားသဖြင့်
အင်္ဂလိပ် တပ်တွေလည်း နေပြည်တော်နှင့်
မိုင် (၄၀) သာဝေးသည့် ရန္တပိုရွာ သို့ရောက်မှ
စစ်ပြေငြိမ်းရေး စာချူပ်ချုပ်ရတော့၏။
နယ်မြေဆုံး၊ စစ်သူကြီးကျ၊ စစ်လျော်ကြေးငွေ
(1) ကုဋေပါပေးရမည်ဖြစ်သဖြင့် ဘကြီးတော်မှာ
မထွေးနိုင် မအံနိုင် စိတ်ဓာတ် ကျလာကာ
စိတ်ကျရောဂါ ပါ ဝင်လာလေတော့သည်။
ငွေမရှိ သဖြင့် မယ်နု က သူပိုင်ပစ္စည်းများ
ထုခွဲ၍ စစ်လျော်ကြေးငွေ ပထအရစ် ကို ပေးလေသည်။
အုပ်ချုပ်ရေးပိုင်း ကို မကိုင်တွယ်နိုင်တော့ပဲ
အစစအရာရာ ကို မယ်နုနှင့်
စလင်း မင်းသားကြီးမောင်အို တို့ဖြင့်သာ
လွှဲအပ်ထားလေတော့သည်။
သူတို့မောင်နှမ ကို သာယာဝတီ အပြင်
ပြည်သူ များက စုန်းမ ဟုစွပ်စွဲ သလို
သူတို့ ကလည်း သူခိုးဓားပြ လက်ခံ ဟု
သာယာဝတီကို စွပ်စွဲသည်။
မောင်အို သည် မိမိ ရဲ့ ဆူးငြှောင့် ခလုတ်ဖြစ်သော
သာယာဝတီ မင်း ကို ရှင်းရန် ဓားပြမှုဖြင့်
အမှုဆင်ကာ သာယာဝတီမင်း ၏ အိမ်ကို
လူ (200) ဖြင့် ဝိုင်းလေရာ သာယာဝတီ ဘက်မှ
လူများ ခုခံရင်း ဧရာဝတီမြစ်ကို ကူး၍
ရွှေဘိုသိုိ့ထွက်ပြေး ရှောင်တိမ်းသည်။
မယ်နု တို့ကိုပြည်သူများ မနှစ်သက် သဖြင့်
အာဏာ သည် သာယာဝတီ ဘက်သို့
အလိုလိုရောက် သွားသည်။
လူသူစုဆောင်းကာ 1837 ဖေဖော်ဝါရီလ တွင်
အင်းဝကို ဝိုင်းသည်။ (၂) လ အကြာတွင်
အောင်မြင်ပြီး ဘကြီးတော် စစ်ကိုင်းမင်းကို နန်းချကာ
မယ်နုကို အကျယ်ချုပ် မောင်အိုတို့လူစုကို
ထောင်ထဲ ပို့လေသည်။
အရာရာသည်နေ့ချင်း ညချင်း ပြောင်းလဲသွားသည်။
မယ်နုတို့ အုပ်စုသည် ပုန်ကန်သည့် အနေဖြင့်
အင်္ဂလိပ်တို့ကို စာလွှတ် ဆက်သွယ်၍
အင်္ဂလိပ်တို့ အလိုရှိ သမျှ အကုန်ပေးကာ ဘကြီးတော်အား ပြန်လည် နန်းတင်ပေးရန်
အကူညီတောင်းသော်လည်း အင်္ဂလိပ်တို့ က
နန်းကျဘုရင်အား ဘာအကြောင်းမှ မပြန်တော့ချေ။
သာယာဝတီမင်း သဘောထားကြီးစွာဖြင့်
ကောင်းမွန်စွာ ထားသော်လည်း မောင်အို တို့
နောက်လိုက်များက ပုန်ကန်ကြသောကြောင့်
အမရပူရမြို့ အကျဉ်းထောင်၌ သက္ကရာဇ် 1840 ခုနှစ်၊ မေလတွင် ကွပ်မျက်လိုက်သည်။
နောက်ဆုံး သာယာဝတီမင်း သည်
12 May 1840 တွင်မယ်နုအား
သေဒဏ် ချမည်ကို မင်းမျိုးမင်းနွယ် အဖြစ်
အသိအမှတ်ပြုပေးသည့် အနေဖြင့်
မဟာဆီ မဟာသွေး မြေမကျရစေရန်
ရေတွင်ဖျောက်ဖျက်ဖို့ အမိန့်ချသည်။
ဘုန်းရှင် ကံရှင်မယ်နုတစ်ယောက် ကံတရား၏
မျက်နှာသာပေးခြင်းကား ဤနေ့သည်နောက်ဆုံးနေ့ ဖြစ်လေတော့သည်။
မယ်နုလည်း နောက်ဆုံး အနေဖြင့် မိမိကိုးကွယ်သည့်
ဆရာတော်ဦးဗုဒ် အား ဖူးမျှော်ခွင့်ပြုရန် မြို့ဝန်အား
ခွင့်တောင်းရာ ခွင့်ပြုသောကြောင့် ညောင်ကန်ကျောင်း
(ယခု မဟာမုနိဘုရားကြီးအရှေ့ဘက်)သို့
ရောက်အောင် ပို့ဆောင်ပေးခဲ့သည် ။
မယ်နုကျောင်းသို့ရောက်သော အခါ
ဆရာတော်မှာ စာကြည့်နေသည်။
မယ်နု မှ ဆရာတော်အား နောက် ဆုံး ဖူးမျှော်အောင်
လာရခြင်းဖြစ်ကြောင်း လျှောက်ထားရာ ဆရာတော်
ဦးဗုဒ် မှ ရာဇဝင် တွင်မည့်တရားကို
တိုတို တုတ်တုတ် မိန့်တော်မူသည်။
“မိနု၊ သူ့ကြွေး ရှိရင် ဆပ်ရလိမ့်မည်” ဟု
မိန့်ဆိုလိုက်သည်။
မယ်နုလည်း ဦးချပြီး ပြန်ဆင်း လာရာ
လှေ ကား အရောက်တွင်
“တော်ပြီ၊ ငါသေဝံ့ပြီ၊ ငါသေရဲပြီ၊ငါသေပျော်ပြီ၊
ဆရာတော် ဘုရားကို နှစ်ပေါင်းများစွာ ကိုးကွယ် လာတာ ဘယ်အခါမှ ငါ့နာမည် တပ်၍
စကားမပြောဖူးဘူး။
ဤကဲ့သို့ စာကြည့်ရာမှနေ၍ ငါ့ဘက်သို့
လှည့်၍ကြည့်သည် ဟူ၍လည်း မရှိ၊
သည်ကနေ့မှပဲ ငါ့ဘက် လှည့်တယ်။
ငါ့နာမည်ကို ခေါ်တော် မူတယ်။
ဟောလိုက်တဲ့ တရားကလည်း မိနု၊ သူ့ကြွေးရှိရင် ဆပ်ရလိမ့်မည်တဲ့။
တော်ပြီ၊ သေလမ်းဖြောင့်ပြီ၊
ငါ့ကိုဆရာတော်က သေစရိတ်ပေးလိုက်ပြီ” ဟု
ထပ်တလဲလဲပြောကာ ဝမ်းမြောက် ဝမ်းသာစွာနှင့်ပင်
အာဏာ ပါးကွက်သားတို့၏ ခေါ်ဆောင်ရာသို့
ညိုးငယ်ခြင်း မရှိဘဲ လိုက်ပါ သွား လေတော့သည်။
ဗုဒ္ဓတရားတော်ကို
အတိုချုပ် သဘောပေါက်စေ သော
သာဓကများ အနက် မယ်နု သည်
ပဉ္စဝဂ္ဂီ တို့မှ အငယ်ဆုံး ရှင်အဿဇိ၏ “ယေဓမ္မာ”ဂါထာ ကို သတိရမိသည်။
ဘုရားရှင်၏ တရားဦး နာပြီး ရှင်အဿဇိ ရာဇဂြိုလ်ပြည် ရှင်သာရိပုတ္တရာနှင့်တွေ့၍ ရှင်သာရိပုတ္တရာ မှ သူ့အားမေးသည်မှာ.......
” ငါ့ရှင် ၊ သင် ၏ မျက်စိ တို့သည်
ကြည်လင်ကုန်၏ ၊
အရေ အဆင်းလည်း သန့်ရှင်း စင်ကြယ်ကုန်၏
သင်သည် အဘယ်သူကိုရည်၍ ရဟန်းပြုသနည်း ၊
အဘယ်သူက သင် ၏ ဆရာနည်း၊
အဘယ်သူ၏ တရားကိုနှစ်သက် သနည်း”
ရှင်အဿဇိတ က “ငါ့ရှင် ၊ ငါသည်
အငယ် သည်သာတည်း ၊
အဘိဓမ္မာ ကို အကျယ်အားဖြင့်
သင့် အားဟောကြား အံ့သောငှာ မတတ်နိုင်။
အကျဉ်း အားဖြင့် သော်ကား အနက်ကို ငါဆိုအံ့ ဟုဆိုကာ ယေဓမ္မာဂါထာ ကို ဟောတော်မူ၏။
အဓိပ္ပါယ်ကား......
“အကြင် တရားတို့သည် အကြောင်းလျှင် အမှန်ရှိကုန်၏ ။
ထို အကြောင်း ကို မြတ်စွာဘုရားဟော၏ ။
ထို အကြောင်းတရား တို့ ချုပ်ငြိမ်းရာလည်း ရှိ၏ ။
ထို ချုပ်ခြင်း ကိုလည်း မြတ်စွာဘုရားဟော၏ ။
ငါ၏ ဆရာ ရဟန်းကြီးသည် ဤသို့ အယူဝါဒ ရှိ၏ ”
မယ်နုသည် ထိုဂါထာတော်ကို
ချင့်ချိန်ပြီး သာယာဝတီမင်း အသက်ကို ရန်ရှာ ခဲ့၍ သူနှင့် ယှဉ်ပြိုင်ရာ သူ အနိူင်ရသည်။
ရန်ကို ရန်ချင်း တုံ့ပြန်ခြင်းက လမ်းဟောင်း ကိုသာ ပြန်ရောက်စေသည်။
ဤ အကြောင်းတို့ ချုပ်ငြိမ်း ခြင်းကား
ရန်ငြိုးရန်စ တို့ကို သင်ပုန်းချေ၍
သူ့ အပေါ်တင်ခဲ့သော အကြွေး မြန်မြန် ဆပ်ကာ
ကြွေးမြီ ကင်းရှင်းပြီး ငြိမ်းချမ်းသော
ဘဝသစ်ကလေး တစ်ခု ထူထောင်နိုင်ရန်
ဖြစ်ကြောင်း ကို နားလည်သွားခဲ့သည်။
သတ္တဝါတိုင်း သူ့ထိုက် သူ့ကံ ဖြစ်သည် ဆိုလျှင်
တနည်းအားဖြင့် ငါ့ထိုက် ငါ့ကံဖြစ်သည် မဟုတ်ပါလော။
ဆရာတော် က တရားကား သူမ အတွက်တော့
အဖိုးတန်ဆုံး သေစရိတ်ပေးလိုက်ခြင်းဟု သဘောပေါက်သောကြောင့်
မယ်နုဝမ်းသာသွား ရှာသည် ။
ထိုနေ့ နေ့လည်ပိုင်း တွင် မယ်နု သည်
ဘကြီးတော်အား နောက်ဆုံး သွားရောက်ကန်တော့ နှုတ်ဆက်ခဲ့သည်။
နှစ်ပေါင်းများစွာဘဝ ၊ အသက် ၊ ရာထူး စည်းစိမ် ၊
နိုင်ငံတော် အရာ အားလုံး
သူပိုင်ဆိုင်နိုင်သမျှ ကိုပေး၍
ချစ်ခဲ့သော ကြင်ယာတော် ဘကြီးတော် ၏
ခြေတော် အစုံပေါ် မျက်နှာအပ်ကာ
မျက်ရည်စက် များစွာ ခြေ ဖမိုးတော်ပေါ် ကျလျက်
လက်အုပ်ချီ ကန်တော့ရင်း အရောင် မှိန်မှိန်
အဆောင်ယောင်မဲ့ သလွန်ထက်တွင်
ထိုင်နေသော နန်းကျဘုရင် လင်တော်မောင်အား........
နန်းမတော်မယ်နု ။ ။
“မောင်တော်ဘုရား နှမတော် ဒီကနေ့
ဘဝ ပြောင်းရတော့မှာဖြစ်လို့
မောင်တော်ဘုရားကိုနောက်ဆုံး နှုတ်ဆက်
ရှိခိုးကန်တော့ခဲ့ပါတယ်ဘုရား။
မောင်တော် မင်းတရား ရဲ့ ဘုန်းရိပ်ကို
ခိုလှုံ စံစားခဲ့တဲ့ နှစ်ကာလများ အတွင်း
နှမတော် ဘက်က ပြုမိမှား ခဲ့တဲ့ အပြစ် ရှိခဲ့ပါရင်
ခွင့်လွှတ် သနားတော်မူပါဘုရား။”
ဘကြီးတော်သည် သလွန်ပေါ်မှ
နန်းမတော်မယ်နု၏ ဆံ ကေသာကို
လက်ဖြင့် အသာအယာ ထိထား သည်။
အရှုံးများစွာ ရှုံးပြီးနောက် အချစ်ဆုံးသူကို
သေကွဲ ခွဲ ဆုံးရှုံးရမည့် အချိန်တို့
ဆိုက်ရောက် လာပြီဖြစ် သဖြင့်
စိတ်သောကမီး တို့ စိတ်နှလုံးကိုလောင်ကျွမ်း ကာ
ပတ်ဝန်းကျင် တစ်ခုလုံး မမြင်နိုင်တော့အောင်
ဝေ ဝါးသွား စေသည့် မျက်ရည်များ
မျက်ဝန်းအိမ်၌ ပြည့်နေသည်။
ဘကြီးတော်သည် မျက်ဝန်းများ မှိတ်ချလိုက်ရာ
နန်းမတော်မယ်နု၏ ဆံကေသာပေါ် မျက်ရည်များ
စီး ကျလေတော့သည်။
ရင်၌ ဆို့နှင့်လွန်းလှသဖြင့် ရှိုက်၍ ငိုချလိုက်သည်။
ဘကြီးတော် ။ ။
“နှမတော်ရယ် ၊ နှမတော် မှာ ခွင့်မလွှတ်စရာ ဘာအပြစ်မှ မရှိခဲ့ပါဘူးကွယ်”
ဘကြီးတော် ၏ ချစ်ခြင်းမေတ္တာ ကား
လေးစားစရာ ကောင်းလှ သလို ထို အတွက်
နောင်တ တစ်စုံတရာ လည်း မရခဲ့ချေ။
နန်းမတော်မယ်နု။ ။
“မောင်တော်ဘုရားရယ် ၊ နှမတော် ရဲ့
နောက်ဆုံး ဝင်သက် ၊ ထွက်သက်မရပ်သွားမှီ
နှမတော်ရဲ့ဘဝ ကို အမြင့်ဆုံးမြှင့်တင်ပေးခဲ့တဲ့
မောင်တော် ဘုရားရဲ့ ကျေးဇူးအထွေထွေ အတွက်
မောင်တော် ဘုရားရဲ့ ခြေတော်အစုံ ကို ဦးတိုက်ပြီး
ကျေနပ်အောင် ကန်တော့ခွင့်ပြုပါဘုရား” ဟု
ခြေတော်အစုံအား မျက်နှာနဖူးဆံပင် တို့ဖြင့်
ဦးတိုက်ကန်တော့နေစဉ် အဆောင်တော်တွင်း
သမီးတော်ကလေး မယ်သဲ ဝင်လာသည်။
သမီးတော်လေး၏ စိတ်တွင် မကောင်းမှု တစ်စုံတခုကို
ခံစားမိနေသဖြင့် မယ်တော်၏ ရင်ခွင်တွင်း
ပြေး ဝင် ဖက်၍ငိုလေသည်။
သမီးတော်လေး ။ ။
“မယ်မယ်ဘုရား၊ သမီးတော် ကလေးကို ပစ်ထားပြီး
ဘယ်ကိုသွားနေတာလဲ ဘုရား
သမီးတော်လေး မှာ လွမ်းလို့သေရတော့မယ် ဘုရား”
နန်းမတော်မယ်နု။ ။
“မယ်မယ်ဘုရား လည်း သမီးတော်လေးကို
လွမ်းနေပါတယ်။
အခုလည်း မယ်မယ် ဘုရားလေ
အရေးကြီးတဲ့ကိစ္စ ရှိလို့ ဟိုး….. အဝေးကြီ း ကို
ခရီးထွက်ဖို့ ရှိသေးတယ်။
သမီးတော်လေး ခမည်းတော်ဘုရားနဲ့
အတူ လိမ်လိမ် မာမာနေခဲ့နော် ၊
မယ်ဘုရား စကားကို နားထောင်ပါကွယ်။”
သားအမိနှစ်ဦး ပါးချင်း အပ်ကာ ငိုရင်း............
သမီးတော်လေး။ ။
”ဟင့်အင်း ဒီ တစ်ခါတော့ သမီးတော်လေး ကို
ပစ်ထားပြီး ဘယ်မှမသွားရတော့ဘူး
မယ်မယ်ဘုရား နဲ့ လိုက်မှာပဲ ”
ခမည်းတော်၊ မယ်တော်၊ သမီးတော်ကလေးတု့
ိမိသားစု အသိုက်အမြုံပြိုကွဲပြီး
နောက်တစ်ကြိမ် ပြန်ဆုံခွင့် ဟူသော
မျှော်လင့်ချက် ကလေးပင်ဆုတ်ကိုင်ထားခွင့်
ကင်းမဲ့ သွားသော ကြေကွဲဖွယ်ရာ
ချော့သူ မရှိငိုပွဲကြီး ဖြစ်သည်။
မင်းမှုထမ်း ၊ရံရွေတော် တို့ ထိုမြင်ကွင်းကို
မကြည့်ရက်သဖြင့် တံခါးအကွယ် တွင်
ကြိတ်ငိုကြသည်။
တာဝန်အရ အမရပူရမြို့ဝန်ပင်
မျက်ရည်ကျမည်စိုးသဖြင့် အဝေးသို့ ထွက်သွားကာ မင်းမှုထမ်းတစ်ဦးကို တီးတိုးပြောသည်။
ထို မင်းမှုထမ်းသည် မယ်နုဆီရောက်လာ၍...
မင်းမှုထမ်း။ ။
“မိဘုရားကြီး ထွက်ခွာဖို့ အချိန်ကျပါပြီလို့
မြို့ဝန်မင်း ကပြောပါတယ်၊ နေရာက ထပါတော့”
နောက်ထပ်မင်းမှုထမ်း တို့သည်
မယ်နုဆီ ဝင်လာပြီး လက်နှစ်ဘက်ကို ဆွဲယူလိုက်ကြသည်။
သမီးတော်ကလေး။ ။
“မသွားရဘူး မယ်မယ် ဘုရား
ဘယ်ကိုမှ မသွားရဘူး ၊
သွားရင် သမီးတော်လေး လည်း လိုက်မှာပဲ ” ဟု
တစာစာအော်ဟစ်နေရာ မယ်နု ၏ နားများ အတွင်း
ပဲ့တင်ထပ်ကာ တဖြည်းဖြည်းဝေးသွားလေတော့သည်။
ကြေးတိုက်မှ လာသော နွားလှည်းပေါ်တက်ကာ
နောက်သို့ တစ်ချက်ပင်လှည့် မကြည့်တော့ချေ။
နေလုံးကြီး သည် ဝင်းလက်သော အလင်းရောင်တို့ကို
လျှော့ချ၍ အနောက်ဘက်တောင်တန်းပေါ်
နိမ့်ဆင်း သွားသည်။
မယ်နု ကို တင်လာသော
လှည်းပတောင်းမြည်သံကို ကြားသော်
အနီးရှိ ဘုန်းကြီးကျောင်းခွေး များ အူကြသည်မှာ
ကံကြမ္မာဆိုး အတွက် မြည်သံများ ဖြစ်နေသည်။
တောင်သမန်အင်းရေပြင် အနီး သို့ရောက်သော်
အာဏာ ပါးကွက်သား တို့သည်
နန်းမတော် မယ်နု အား ခဲထည့် ထားသော ရွှေနားကွပ်ကတ္တီပါ အိတ်နီ တွင် ထည့်၍
ပိတ်ပြီး ရေပြင် သို့ ပြစ်ချလိုက် သည်။
မြုပ်မမြုပ်သေချာအောင် ခဏစောင့်ကြည့်သည်။
တောင်သမန် အင်းရေပြင်ပေါ်တွင်
ရေပွက် ကလေး တစ်ပွက် နှစ်ပွက် ထလာပြီး
ရေပြင်မှာ ပြကတိ ပြန်ငြိမ်သွားပြီး
လေပြေညင်းကလေး ရေပြင်ထက်မှ
ဖြတ်သန်း တိုက်ခတ်သွားသည်။
နန်းမတော် မယ်နု၏ နောက်ဆုံးထွက်သက် ရေပွက်ကလေး မဟုတ်ပါလော။
ကုန်းဘောင်ခေတ်၏ မွန်းတည့်ချိန်
ဘုန်းဩဇာ အပြည့်နှင့် ရွှေအိမ်နန်းကြငှန်း ထက်တွင်
အမျိုးသမီးတို့အတွက် အထွတ်ထိပ်ဖြစ်သော
အဂ္ဂမဟေသီ မိဖုရားခေါင်ရာထူးကို ရယူခဲ့သော်လည်း
လူ့ဘဝ သည် မည်သည့် အရာမျှကြာရှည် မတည်မြဲဘဲ
တစ်ခဏ အချိန်တွင်းသာ ရှိသည်ကို
နန်းမတော် မယ်န ုက သူမ ၏နောက်ဆုံး ထွက်သက်
ရေပွက်ကလေး အချိန်မျှဖြင့် ကျွန်ုပ်တို့အား
သင်ခန်းစာ ပေးသွားခဲ့သည် မဟုတ်ပါလော။
သတ္တဝါ အပေါင်း ချမ်းသာကိုယ်စိတ်မြဲပါစေ
သုခုမ အလင်းတန်းများ
Ref:
-နန်းမတော်မယ်နုရှာပုံတော်(တက္ကသိုလ်စိန်တင်)
-ညိုမြ (ကုန်းဘောင်ရှာပုံတော်)
-ကုန်းဘောင်ခေတ်စစ်တမ်း (မောင်သော်)
-ဒဂုန်ခင်ခင်လေး(ရတနာပုံ၏ နိဒါန်းနှင့်နိဂုံး)
x
<Zawgyi>
#နန္းမေတာ္မယ္ႏု (သို႔မဟုတ္) ကြၽႏ္ုပ္မ်က္ရည္ မခိုင္ေစေသာ ေနာက္ဆုံးေရပြက္ကေလး
***************************
နန္းမေတာ္ မယ္ႏု ဟုဆိုလိုက္သည္ႏွင့္
တိုင္းျပည္ “ခိုက္” ေသာေျမးအဖြား (၃) ဆက္
(ပထမအဂၤလိပ္-ျမန္မာ စစ္ရႈံးသူ မယ္ႏု ၊
သူ့သမီး ဆင္ျဖဴမရွင္ ‘နန္းတြင္း အာဏာလုပြဲအတြက္
မင္းတုန္းမင္း ၏ သားေတာ္(40)ေက်ာ္ကို သတ္ကာ
သီေပါမင္း ကို သူ့ သမီး စုဖုရားလတ္ႏွင့္လက္ထပ္ေပးသူ၊
ေျမးမေတာ္ စုဖုရား လတ္ သီေပါမင္းကိုေက်ာ္၍
အမိန္႔ မနာခံေသာ) ဟု နာမည္ဆိုးႏွင့္
ေက်ာ္ၾကားသူ အျဖစ္သိၾကသလို
အင္းဝရွိ မယ္ႏုအုဋ္ေက်ာင္းကိုလည္း
ျမင္ေယာင္မိၾကမည္ျဖစ္ ပါသည္။
ဟုတ္ပါသည္
မယ္ႏု သည္ မဟာေအာင္ေျမဘုံစံ မယ္ႏု အုဋ္ေက်ာင္းႀကီး၏ ဒကာမျဖစ္သလို
သူမ ဘဝ၏ အံ့ဖြယ္အတိတ္ကံ အက်ိဳးေပး၊
ပင္ကိုယ္ စိတ္ထက္ျမက္ ႂကြပ္ဆတ္မႈ ၊
အတၱႀကီးၿပီး အေၾကာက္တရား ကင္းမႈ၊
ဆင္ျခင္တုံတရား နည္းၿပီး တဇြတ္ထိုးႏိုင္မႈ တို႔က
သူမ ကို အထြဋ္ အထိပ္သို႔ ေရာက္ရွိေစခဲ့သည္။
နန္းမေတာ္မယ္ႏု သည္ ဖလံခုံရြာ(ဖလန္ဂုဏ္)
ဇာတိေထာင္မွဴး သီဟေက်ာ္စြာဘြဲ႕ခံ
ဦးလႈပ္ႏွင့္ေဒၚငယ္တို႔မွ 18.June.1783 အင္းဝၿမိဳ႕၌ ေမြးဖြားသည္။
ေမြးခ်င္းႏွစ္ေယာက္ရွိၿပီး
က်န္ တစ္ေယာက္မွာ ေမာင္အိုျဖစ္သည္။
မယ္ႏုသည္ ေရႊလင္ဗန္းႏွင့္ အခ်င္းေဆးေသာ ေတာ္ဝင္မ်ိဳး႐ိုး မဟုတ္
သာမာန္ အရပ္သူတစ္ဦးသာ ျဖစ္ေသာ္လည္း
သူမ ဘဝတြင္ ထူးဆန္းမႈႀကီးႀကီး မားမား (2) ႀကိမ္ႀကဳံ ေတြ႕ခဲ့သည္။
မယ္ႏုငယ္စဉ္ က အိမ္မွလူႀကီး မိဘ မ်ားႏွင့္
တရြာမွ တရြာသို႔သြားလာရာ
လမ္းဇရပ္ တစ္ခု၌ အိပ္ၾက သည္။
မယ္ႏု က ထမင္းခ်က္တာဝန္ ယူ၍ ခ်က္ျပဳပ္ရာ
မနက္ မိုးလင္းေသာ အခါ
မယ္ႏု ထမင္းခ်က္ ခဲ့ေသာေနရာ ၌
မႈိပြင့္ႀကီး တစ္ပြင့္ ေပါက္လာရာ
လူႀကီးမ်ား က အံ့ဘြယ္ နိမိတ္ေကာင္းဟု
မွတ္ယူၾက သည္။
မယ္ႏု အသက္ (၁၂)ႏွစ္ သမီးအရြယ္
ျမစ္ဆိပ္၌ ေရခ်ိဳးခ်ိန္ တြင္ သူမ၏
အနီေရာင္ေရလဲ လုံခ်ည္ကို စြန္ရဲ တစ္ေကာင္မွ
ခ်ီယူ သြားၿပီး အမရပူရ နန္းေတာ္အတြင္းရွိ
မိဖုရားမ်ား စံပယ္ရာ ေတာင္နန္းေဆာင္
အမိုး ၌ခ်ထားခဲ့သည္။
ဘိုးေတာ္ဘုရား က လုံခ်ည္ ပိုင္ရွင္ကို
ရွာေဖြစစ္ေဆးေဖာ္ထုတ္ကာ မယ္ႏု ကို
ေတာင္နန္း အပ်ိဳေတာ္ အျဖစ္ ခန္႔ထားလိုက္ ရာမွ
အရႈပ္ေတာ္ပုံ ဖန္တီးမည့္ အဓိကဇာတ္ေကာင္ ကို
ေခၚမိသည့္ အမွားႀကီးတစ္ခု
ဘိုးေတာ္ဘုရား ျပဳလုပ္မိသြားသည္။
ကုန္းေဘာင္ မင္းဆက္တြင္ နန္းသက္ အရွည္ဆုံး
ဘိုးေတာ္ဘုရား သည္ (37) ႏွစ္ၾကာ နန္းစံၿပီး
ဘႀကီးေတာ္စစ္ကိုင္းမင္း ကို အိမ္ေရွ႕အရာ အပ္ႏွင္းၿပီး
ညီေတာ္ သာယာဝတီ မင္းသား ကို ဒုတိယႏွင့္
ဘႀကီးေတာ္၏ သားေတာ္ စၾကာမင္းသားေလး ကို
တတိယ နန္းလ်ာထားသည္။
ဘႀကီးေတာ္ မွာ အိမ္ေရွ႕မင္း ရာထူးသာ ရွိေသးၿပီး
မိဖုရား ေခါင္ႀကီး မွာ ဆင္ျဖဳရွင္မယ္ျဖစ္သည္။
ဆင္ျဖဴမယ္ သည္ စၾကာမင္းသားေလး ကိုေမြးၿပီး
( ၁ )ပတ္ အၾကာ 1812 ေအာက္တိုဘာလတြင္
ကြယ္လြန္ေလသည္။
မယ္ႏုသည္ စက္စက္ယိုေအာင္ လွသူဟု
မဆိုႏိုင္သည့္တိုင္ ပကတိ႐ုပ္ရည္ကား တည္ၾကည္သည္။
အေျပာခ်ိဳ ၍ ကိုယ္ေနဟန္အခ်ိဳးက်ကာ
သြယ္လ်ေက်ာ့ရွင္းၿပီး သူမ၏ နန္းမူရာမွာ
နန္းတြင္းသူမ်ား အတုယူရသည္အထိ မဟာဆန္သည္။
ေယာက်ာ္းတကာ တို႔ ႏွစ္သက္ခံရသည္။
ထိုအထဲတြင္အိမ္ေရွ႕မင္း ဘႀကီးေတာ္လည္းပါဝင္သည္။
အမရပူရ နန္းတြင္း၌ အိမ္ေရွ႕မင္းအား
မယ္ႏုထက္ မဟာဆီ မဟာေသြး အခ်င္းခ်င္း
အိမ္ေထာင္ ျပဳေစ လို၍
“လူမွာ အမ်ိဳး ၾကက္မွာ အ႐ိုး” ဟု
ဘႀကီးေတာ္ကို သတိေပးသည္။
မယ္ႏု ကလည္း “လူမွာ အခ်စ္ ၾကက္မွာ အျမစ္” ဟု
ေခ်ပကာ ဘႀကီးေတာ္ကို ရေအာင္ သိမ္းသြင္းခဲ့သည္။
ဘိုးေတာ္ဘုရား လြန္ေသာ္ ဘႀကီးေတာ္သည္
1819 ဇြန္လ (5) ရက္တြင္ နန္းတက္ကာ
(1823) ၿမိဳ႕ေတာ္ ကို အမရပူရ မွ အင္းဝသို႔ေရႊ႕သည္။
ဘႀကီးေတာ္သည္ ခပ္ေအးေအးေနတတ္သလို
မယ္ႏုကို အလြန္ခ်စ္သျဖင့္
အဂၢမေဟသီ ေတာင္ညာစံ မိဘုရားေခါင္ေျမာက္ေလသည္။
မယ္ႏုသည္ပင္ကိုယ္ ထက္ျမက္သူပီပီ
နန္းတြင္း တစ္ခုလုံး အေရးသာမက
တိုင္းေရးျပည္ေရးကို စိတ္တိုင္းက်
ခ်ယ္လွယ္ေတာ့သည္။
နန္းတြင္းမွာလည္း အမ်ိဳးနိမ့္သူ မိဖုရားေခါင္ျဖစ္လာၿပီး
ဓားထက္၍သာ ေၾကာက္ရသည္ မည္သူကမွ
မယ္ႏုကို မၾကည္ျဖဴၾကေခ်။
ယခင္ ဘုရင္ႏွင့္ မိဘုရား ရာဇပလႅင္ေပၚ
အတူမထိုင္ေသာ္လည္း မယ္ႏု သည္
ထို အစဉ္အလာ ကို ဖ်က္ကာ အတူထိုင္သျဖင့္
တ႐ုတ္သံမွဴးမ်ား အံ့အားသင့္ၾကသည္။
1819 တြင္ မယ္ႏုသည္ သူ့ေမာင္အရင္း ျဖစ္တဲ့
ေမာင္အို ကို စလင္းၿမိဳ႕ကို စားေစၿပီး
နန္းေတာ္တြင္း သူမ ၏ အာဏာစက္ ကို
ခိုင္မာေအာင္ တည္ေထာင္သည္။
ထို႔အျပင္ ေမာင္အိုအား
သတိုးဓမၼရာဇာ ဘြဲ႕ ခ်ီးျမင့္ လိုက္သလို
ဘႀကီးေတာ္ ကလည္း သူ့ေယာက္ဖ အား
ေျမႇာက္စားသည့္ အေနျဖင့္
ထိပ္တန္း မင္းညီ မင္းသား စာရင္းသြင္းကာ၊
လႊတ္ေတာ္တက္ခြင့္ ေပး သည့္အျပင္
ေရႊထီး ရွစ္ခ်က္မိုး ခစားခြင့္ေပးသျဖင့္
ေမာင္အို သည္ နားထင္ ေသြးေရာက္သြားေလသည္။
ေရွးေခတ္က မင္းသားမ်ား ၏ အဆင့္အတန္း ကို
ထီးေဆာင္း အေရအတြက္ အနည္း အမ်ားျဖင့္
ခြဲျခားေလ့ ရွိသည္။
ညီေတာ္ သာယာဝတီမင္းပင္ ထီးဆယ္ခ်က္သာ
မိုးခြင့္ ရွိ၍ ေယာက္ဖေတာ္ ေမာင္အို သည္
ညီေတာ္အိမ္ေရွ႕မင္းထက္ မဆို သေလာက္သာ
နိမ့္သည့္သေဘာ သက္ေရာက္ေစသည္။
ေန႔ခ်င္း ညခ်င္း ေမာင္အို တန္ခိုးထြားလာသျဖင့္
ကုန္းေဘာင္ မ်ိဳးဆက္ ကို အျပဳတ္ျဖဳတ္ၿပီး
သူကိုယ္တိုင္ ဘုရင္ လုပ္ရန္ ႀကံေလေတာ့သည္။
ထို႔ေၾကာင့္ နန္းတြင္း အားၿပိဳင္မႈ
(3) စု ကြဲေပၚေပါက္လာသည္။
*
(1) ႏိုင္ငံေရး အာဏာပိုင္ဆိုင္ေသာေမာင္အိုႏွင့္
မယ္ႏုက တစ္ဖြဲ႕
(2) သူတို႔၏ မဟာၿပိဳင္ဘက္ မ်ားတြင္
ဘႀကီးေတာ္ မင္းၿပီးေနာက္ နန္းၫြန္႔ နန္းလ်ာ
ဆက္ခံဖို႔ အခြင့္ အေရး ရွိသူ သာယာဝတီမင္း သည္
ထိပ္ဆုံးျဖစ္သည္။
သူ ကိုယ္တိုင္ လက္႐ုံးရည္ႏွင့္ျပည့္စုံ သလို
ေနာက္ လိုက္ အင္အားေကာင္း
မ်ားစြာ ပိုင္ဆိုင္ထားသည္။
(3) စၾကာမင္းသား ေခၚ
ေညာင္ရမ္းမင္းသားေလး သည္ ေမြးဖြားစဉ္ က
စၾကဝေတးမင္း တို႔ ဘုန္းႀကီးသည့္
လကၡဏာ ရပ္မ်ားျဖစ္ၾကေသာ ဥကၠာပ်ံ
ငလ်င္လႈပ္ ေတာ္လဲျမည္ျခင္း ၊
လက္ဝါးမ်ားတြင္ခ႐ုပတ္ႏွင့္ မွဲ႔ရွင္ မ်ား
ထူးျခား ထင္ရွားစြာေတြ႕ရျခင္း၊
အခ်င္း စလြယ္သိုင္းျခင္း၊
ခုနစ္ရက္ ရလွ်င္ မယ္ေတာ္ ကြယ္လြန္၍
ဖြားဖက္ေတာ္ ခုနစ္ဦးလည္းေပၚျခင္း၊
႐ုပ္ရည္ အင္မတန္ ေခ်ာေမာလွပ၍
နန္းတြင္းသူ နန္းတြင္းသားမ်ား ၊
တိုင္းသူျပည္သားမ်ား က
အလြန္ ခ်စ္ခင္ႏွစ္သက္ၾကသည့္ လူထု အင္အား ကို
ပိုင္ဆိုင္ေသာ ဘႀကီးေတာ္ ၏
တစ္ဦးတည္းေသာ သား ျဖစ္သျဖင့္
ဘႀကီးေတာ္ က နန္းလႊဲ လိုသည္မွာ
ေတြးၾကည့္ယုံျဖင့္ သိႏိုင္ပါ သည္။
ထို႔ေၾကာင့္ေမာင္အို သည္
စၾကာမင္းသားေလး နားထြင္းၿပီး
အိမ္ေရွ႕အရာ အပ္ႏွင္းျခင္း ကိစၥကို အခ်ိန္ဆြဲ သည္။
အသက္ (20) က်မွ နားထြင္းသည့္ တိုင္
ႏိုင္ငံေရး အာဏာကို မင္းသားေလး အား
လႊဲမေပးခဲ့ေခ်။
မယ္ႏုႏွင့္ေမာင္အို သည္ ဘႀကီးေတာ္ႏွင့္
မယ္ႏု နန္းစံေသာ (18) ႏွစ္လုံးလုံး
သာယာဝတီမင္း ကို အသိအမွတ္မျပဳ ခ်ယ္လွယ္ၿပီး ေနာင္ေတာ္ႏွင့္ေတြ႕ခြင့္ ပိတ္ပင္သည္။
ထိုေခတ္က မယ္ႏုေၾကာက္ရသူ တစ္ဦး ရွိသည္
ထိုသူမွာ ဆရာေတာ္ဦးဗုဓ္ျဖစ္သည္။
သကၠရာဇ္ 1822 ခုႏွစ္တြင္ ဘႀကီးေတာ္ႏွင့္ နန္းမေတာ္ မယ္ႏု တို႔ကေက်ာင္းေဆာက္လုပ္ရာတြင္
ငါးႏွစ္ေက်ာ္ ၾကာျမင့္ခဲ့ၿပီး သကၠရာဇ္ 1827 ခုႏွစ္တြင္
မဟာေအာင္ေျမဘုံစံ ဟု ကမၸည္း ထိုးကာ
ေညာင္ကန္ ဆရာေတာ္ ဦးပို အား လွဴဒါန္းခဲ့သည္။
တစ္ႏွစ္အၾကာတြင္ ဆရာေတာ္ ဦးပို ပ်ံလြန္ ေတာ္မူၿပီးေနာက္ ဒုတိယေညာင္ကန္ ဆရာေတာ္ ဦးဗုဓ္အား ထပ္မံ လွဴဒါန္းခဲ့သည္။
အုဋ္ေက်ာင္း အက်ယ္အဝန္း မွာ
အလ်ား 192 ေပ၊ အနံ 112 ေပ ႏွင့္
အျမင့္ 94 ေပရွိၿပီး ေက်ာင္း တည္ေဆာက္ရာတြင္
ေငြက်ပ္ သုံးသိန္း ကုန္က်ေၾကာင္း၊
သကၠရာဇ္ 1838 ျပည့္ႏွစ္တြင္
ငလ်င္ ဒဏ္ေၾကာင့္ ၿပိဳက် ခဲ့ရာ
နန္းမေတာ္မယ္ႏု၏ သမီးေတာ္ ဆင္ျဖဴမရွင္က
သကၠရာဇ္ 1872 ခုႏွစ္တြင္ ထပ္မံျပဳျပင္ခဲ့ေၾကာင္း
မွတ္တမ္းမ်ား အရ သိရသည္။
ေက်ာင္းႀကီး ကို အုဋ္၊ အဂၤေတ တို႔ျဖင့္
မိဖုရားေခါင္ႀကီးမယ္ႏုက တည္ေဆာက္ခဲ့ေသာေၾကာင့္
မယ္ႏု အုတ္ေက်ာင္း ဟု ထင္ရွားခဲ့သည္။
ပညာရွင္မ်ား၏ ဗိသုကာ လက္ရာ၊ ပန္းရန္ ႏွင့္
ပန္းတေမာ့ အႏုပညာ လက္ရာမ်ား
ေက်ာင္းေဆာင္ႀကီး အတြင္းရွိ စႀကႍ ပတ္လမ္း ႏွင့္
အခန္း ဖြဲ႕စည္းပုံမ်ား၊ အဝင္ေပါက္
သစ္သား တံခါးမ်ား ကို ‘အသံ’ မ်ား ဖန္တီး တပ္ဆင္ပုံတို႔ေၾကာင့္ ခံ့ညား ထည္ဝါလွေသာ ေက်ာင္းႀကီးျဖစ္ သည္။
ဘႀကီးေတာ္နန္းတက္ ဘိသိက္ မဂၤလာသြန္း အခမ္းအနား ဆင္ယင္ေသာအခါ၌
မဏိပူရေစာ္ဘြား မတက္ေရာက္ေခ်။
မဏိပူရေစာ္ဘြားကို သင္ခန္းစာ ေပးရန္ လိုက္ဖမ္းရာ
အဂၤလိပ္ ပိုင္နယ္ထဲအထိ ဝင္ေျပးသျဖင့္ အဂၤလိပ္တို႔ႏွင့္ နယ္စပ္ျပႆနာ’ၿငိ’လာ ရာမွ
အဂၤလိပ္တို႔ (1824)တြင္ စစ္ေၾကညာသည္။
စစ္သူႀကီး မဟာဗႏၶဳလသည္ ရခိုင္တြင္ စခန္းခ်ကာ
ျမဝတီမင္းႀကီး ဦးစ က ပန္းဝါတြင္
အဂၤလိပ္တို႔ကို အႏိုင္ တိုက္သည္။
ျမန္မာတပ္မ်ား ဘဂၤလားနယ္အထိ ေရာက္ေနသျဖင့္
အဂၤလိပ္ဘုရင္ခံပင္ က်ီးလန္႔စာစားေနရသည္။
ဗႏၶဳလသာ စစ္တေကာင္းထိ တက္တိုက္၍ ဖိအားေပးခဲ့မည္ ဆိုလွ်င္ အဂၤလိပ္တို႔ ပ်ာယာခတ္သြားႏိုင္ သည္။
အဂၤလိပ္တို႔သည္ ထိုအေျခေနကို ရိပ္စားမိသျဖင့္
ရန္ကုန္ ဖက္မႊပတ္ဝင္၍ တန္ျပန္တိုက္စစ္ဆင္ေသာ
ဗ်ဴဟာကို သုံးကာ စစ္မ်က္ႏွာေျပာင္းလိုက္ေလသည္။
ထိုအခ်ိန္ သာယာဝတီလို အဆင့္ျမင့္ မင္းသားက
ရန္ကုန္သို႔ ဆင္း၍ ကာကြယ္ရန္သူစုေဆာင္းထား သည့္ လူသူမ်ားႏွင့္ အဂၤလိပ္ စစ္သေဘၤာမ်ားကို
ခုခံ တိုက္ခိုက္ လိုေၾကာင္း တင္ျပသည္။
ဘႀကီးေတာ္ကလည္း သေဘာတူကာ
အျမန္ေစလႊတ္ခ်င္ေသာ္လည္း
ၿပိဳင္ဘက္ စလင္း မင္းသား ႀကီး ေမာင္အိုႏွင့္
မွဴးမတ္ မ်ားက သာယာဝတီ မင္းသားအား
လက္နက္ ဆင္၍ လႊတ္လိုက္လွ်င္
ပုန္ကန္ လိမ့္ မည္ဟု ကန္႔ကြက္ကာ
ႏိုင္ငံ့ အေရးေတာ္ထက္ အာဏာ ရရွိ လိုေသာ
ပုဂၢိဳလ္ေရး ကို ဦးစားေပးခဲ့သည္မွာ
စိတ္ပ်က္ စရာျဖစ္ ေလသည္။
ဘႀကီးေတာ္လည္း အရိပ္ကို ရန္သူထင္၍
ေနာက္ဆုံးတြင္ မဟာဗႏၵဳလ ျပန္လာသည္အထိ
ေစာင့္ၿပီးမွ သြားေရာက္ တိုက္ရန္
အမိန္႔ခ်လိုက္ေလသည္။
ထို႔ေၾကာင့္ ရခိုင္မွျပန္လာမည့္ ဗႏၵဳလ ကို
ေစာင့္ရင္း (၅)လ အထိ ၾကာသြား သျဖင့္ ထိုအခ်ိန္တြင္ အဂၤလိပ္တို႔ ကလည္း
ေရႊတိဂုံ ကုန္းေတာ္ တစ္ဝိုက္ကို အခိုင္အမာ
တပ္စြဲ ၍ အသာစီး ရသြားေတာ့သည္။
သာယာဝတီမင္း ၏ တပ္မ်ားသည္
ရန္ကုန္သို႔ ခ်ီ၍ က်ိဳက္ကလို႔ တြင္ တပ္ခ်ထားသည္။
အဂၤလိပ္ တို႔က သာယာဝတီ ၏ တပ္က
ိုဝိုင္းတိုက္ေသာ္လည္း အႏိုင္ မရခဲ့ေခ်။
သာယာဝတီ မင္းသားႀကီးက
အေျခအေန ရိပ္စား မိသျဖင့္ ေစာေစာစီးစီး
စစ္ေျပၿငိမ္းရန္ တင္ျပေသာ္လည္း
ေမာင္အို၊ မယ္ႏု တို႔မွ လက္မခံဘဲ
စစ္ကို သာ ထပ္တိုး တိုက္သည္။
ဗႏၵဳလ ဓႏုျဖဴ တြင္ က်သြားသျဖင့္
အဂၤလိပ္ တပ္ေတြလည္း ေနျပည္ေတာ္ႏွင့္
မိုင္ (၄၀) သာေဝးသည့္ ရႏၲပိုရြာ သို႔ေရာက္မွ
စစ္ေျပၿငိမ္းေရး စာခ်ဴပ္ခ်ဳပ္ရေတာ့၏။
နယ္ေျမဆုံး၊ စစ္သူႀကီးက်၊ စစ္ေလ်ာ္ေၾကးေငြ
(1) ကုေဋပါေပးရမည္ျဖစ္သျဖင့္ ဘႀကီးေတာ္မွာ
မေထြးႏိုင္ မအံႏိုင္ စိတ္ဓာတ္ က်လာကာ
စိတ္က်ေရာဂါ ပါ ဝင္လာေလေတာ့သည္။
ေငြမရွိ သျဖင့္ မယ္ႏု က သူပိုင္ပစၥည္းမ်ား
ထုခြဲ၍ စစ္ေလ်ာ္ေၾကးေငြ ပထအရစ္ ကို ေပးေလသည္။
အုပ္ခ်ဳပ္ေရးပိုင္း ကို မကိုင္တြယ္ႏိုင္ေတာ့ပဲ
အစစအရာရာ ကို မယ္ႏုႏွင့္
စလင္း မင္းသားႀကီးေမာင္အို တို႔ျဖင့္သာ
လႊဲအပ္ထားေလေတာ့သည္။
သူတို႔ေမာင္ႏွမ ကို သာယာဝတီ အျပင္
ျပည္သူ မ်ားက စုန္းမ ဟုစြပ္စြဲ သလို
သူတို႔ ကလည္း သူခိုးဓားျပ လက္ခံ ဟု
သာယာဝတီကို စြပ္စြဲသည္။
ေမာင္အို သည္ မိမိ ရဲ႕ ဆူးေျငႇာင့္ ခလုတ္ျဖစ္ေသာ
သာယာဝတီ မင္း ကို ရွင္းရန္ ဓားျပမႈျဖင့္
အမႈဆင္ကာ သာယာဝတီမင္း ၏ အိမ္ကို
လူ (200) ျဖင့္ ဝိုင္းေလရာ သာယာဝတီ ဘက္မွ
လူမ်ား ခုခံရင္း ဧရာဝတီျမစ္ကို ကူး၍
ေရႊဘိုသိုိ႔ထြက္ေျပး ေရွာင္တိမ္းသည္။
မယ္ႏု တို႔ကိုျပည္သူမ်ား မႏွစ္သက္ သျဖင့္
အာဏာ သည္ သာယာဝတီ ဘက္သို႔
အလိုလိုေရာက္ သြားသည္။
လူသူစုေဆာင္းကာ 1837 ေဖေဖာ္ဝါရီလ တြင္
အင္းဝကို ဝိုင္းသည္။ (၂) လ အၾကာတြင္
ေအာင္ျမင္ၿပီး ဘႀကီးေတာ္ စစ္ကိုင္းမင္းကို နန္းခ်ကာ
မယ္ႏုကို အက်ယ္ခ်ဳပ္ ေမာင္အိုတို႔လူစုကို
ေထာင္ထဲ ပို႔ေလသည္။
အရာရာသည္ေန႔ခ်င္း ညခ်င္း ေျပာင္းလဲသြားသည္။
မယ္ႏုတို႔ အုပ္စုသည္ ပုန္ကန္သည့္ အေနျဖင့္
အဂၤလိပ္တို႔ကို စာလႊတ္ ဆက္သြယ္၍
အဂၤလိပ္တို႔ အလိုရွိ သမွ် အကုန္ေပးကာ ဘႀကီးေတာ္အား ျပန္လည္ နန္းတင္ေပးရန္
အကူညီေတာင္းေသာ္လည္း အဂၤလိပ္တို႔ က
နန္းက်ဘုရင္အား ဘာအေၾကာင္းမွ မျပန္ေတာ့ေခ်။
သာယာဝတီမင္း သေဘာထားႀကီးစြာျဖင့္
ေကာင္းမြန္စြာ ထားေသာ္လည္း ေမာင္အို တို႔
ေနာက္လိုက္မ်ားက ပုန္ကန္ၾကေသာေၾကာင့္
အမရပူရၿမိဳ႕ အက်ဉ္းေထာင္၌ သကၠရာဇ္ 1840 ခုႏွစ္၊ ေမလတြင္ ကြပ္မ်က္လိုက္သည္။
ေနာက္ဆုံး သာယာဝတီမင္း သည္
12 May 1840 တြင္မယ္ႏုအား
ေသဒဏ္ ခ်မည္ကို မင္းမ်ိဳးမင္းႏြယ္ အျဖစ္
အသိအမွတ္ျပဳေပးသည့္ အေနျဖင့္
မဟာဆီ မဟာေသြး ေျမမက်ရေစရန္
ေရတြင္ေဖ်ာက္ဖ်က္ဖို႔ အမိန္႔ခ်သည္။
ဘုန္းရွင္ ကံရွင္မယ္ႏုတစ္ေယာက္ ကံတရား၏
မ်က္ႏွာသာေပးျခင္းကား ဤေန႔သည္ေနာက္ဆုံးေန႔ ျဖစ္ေလေတာ့သည္။
မယ္ႏုလည္း ေနာက္ဆုံး အေနျဖင့္ မိမိကိုးကြယ္သည့္
ဆရာေတာ္ဦးဗုဒ္ အား ဖူးေမွ်ာ္ခြင့္ျပဳရန္ ၿမိဳ႕ဝန္အား
ခြင့္ေတာင္းရာ ခြင့္ျပဳေသာေၾကာင့္ ေညာင္ကန္ေက်ာင္း
(ယခု မဟာမုနိဘုရားႀကီးအေရွ႕ဘက္)သို႔
ေရာက္ေအာင္ ပို႔ေဆာင္ေပးခဲ့သည္ ။
မယ္ႏုေက်ာင္းသို႔ေရာက္ေသာ အခါ
ဆရာေတာ္မွာ စာၾကည့္ေနသည္။
မယ္ႏု မွ ဆရာေတာ္အား ေနာက္ ဆုံး ဖူးေမွ်ာ္ေအာင္
လာရျခင္းျဖစ္ေၾကာင္း ေလွ်ာက္ထားရာ ဆရာေတာ္
ဦးဗုဒ္ မွ ရာဇဝင္ တြင္မည့္တရားကို
တိုတို တုတ္တုတ္ မိန္႔ေတာ္မူသည္။
“မိႏု၊ သူ့ေႂကြး ရွိရင္ ဆပ္ရလိမ့္မည္” ဟု
မိန္႔ဆိုလိုက္သည္။
မယ္ႏုလည္း ဦးခ်ၿပီး ျပန္ဆင္း လာရာ
ေလွ ကား အေရာက္တြင္
“ေတာ္ၿပီ၊ ငါေသဝံ့ၿပီ၊ ငါေသရဲၿပီ၊ငါေသေပ်ာ္ၿပီ၊
ဆရာေတာ္ ဘုရားကို ႏွစ္ေပါင္းမ်ားစြာ ကိုးကြယ္ လာတာ ဘယ္အခါမွ ငါ႔နာမည္ တပ္၍
စကားမေျပာဖူးဘူး။
ဤကဲ့သို႔ စာၾကည့္ရာမွေန၍ ငါ႔ဘက္သို႔
လွည့္၍ၾကည့္သည္ ဟူ၍လည္း မရွိ၊
သည္ကေန႔မွပဲ ငါ႔ဘက္ လွည့္တယ္။
ငါ႔နာမည္ကို ေခၚေတာ္ မူတယ္။
ေဟာလိုက္တဲ့ တရားကလည္း မိႏု၊ သူ့ေႂကြးရွိရင္ ဆပ္ရလိမ့္မည္တဲ့။
ေတာ္ၿပီ၊ ေသလမ္းေျဖာင့္ၿပီ၊
ငါ႔ကိုဆရာေတာ္က ေသစရိတ္ေပးလိုက္ၿပီ” ဟု
ထပ္တလဲလဲေျပာကာ ဝမ္းေျမာက္ ဝမ္းသာစြာႏွင့္ပင္
အာဏာ ပါးကြက္သားတို႔၏ ေခၚေဆာင္ရာသို႔
ညိဳးငယ္ျခင္း မရွိဘဲ လိုက္ပါ သြား ေလေတာ့သည္။
ဗုဒၶတရားေတာ္ကို
အတိုခ်ဳပ္ သေဘာေပါက္ေစ ေသာ
သာဓကမ်ား အနက္ မယ္ႏု သည္
ပၪှစဝဂၢီ တို႔မွ အငယ္ဆုံး ရွင္အႆဇိ၏ “ေယဓမၼာ”ဂါထာ ကို သတိရမိသည္။
ဘုရားရွင္၏ တရားဦး နာၿပီး ရွင္အႆဇိ ရာဇၿဂိဳလ္ျပည္ ရွင္သာရိပုတၱရာႏွင့္ေတြ႕၍ ရွင္သာရိပုတၱရာ မွ သူ့အားေမးသည္မွာ.......
” ငါ႔ရွင္ ၊ သင္ ၏ မ်က္စိ တို႔သည္
ၾကည္လင္ကုန္၏ ၊
အေရ အဆင္းလည္း သန္႔ရွင္း စင္ၾကယ္ကုန္၏
သင္သည္ အဘယ္သူကိုရည္၍ ရဟန္းျပဳသနည္း ၊
အဘယ္သူက သင္ ၏ ဆရာနည္း၊
အဘယ္သူ၏ တရားကိုႏွစ္သက္ သနည္း”
ရွင္အႆဇိတ က “ငါ႔ရွင္ ၊ ငါသည္
အငယ္ သည္သာတည္း ၊
အဘိဓမၼာ ကို အက်ယ္အားျဖင့္
သင့္ အားေဟာၾကား အံ့ေသာငွာ မတတ္ႏိုင္။
အက်ဉ္း အားျဖင့္ ေသာ္ကား အနက္ကို ငါဆိုအံ့ ဟုဆိုကာ ေယဓမၼာဂါထာ ကို ေဟာေတာ္မူ၏။
အဓိပၸါယ္ကား......
“အၾကင္ တရားတို႔သည္ အေၾကာင္းလွ်င္ အမွန္ရွိကုန္၏ ။
ထို အေၾကာင္း ကို ျမတ္စြာဘုရားေဟာ၏ ။
ထို အေၾကာင္းတရား တို႔ ခ်ဳပ္ၿငိမ္းရာလည္း ရွိ၏ ။
ထို ခ်ဳပ္ျခင္း ကိုလည္း ျမတ္စြာဘုရားေဟာ၏ ။
ငါ၏ ဆရာ ရဟန္းႀကီးသည္ ဤသို႔ အယူဝါဒ ရွိ၏ ”
မယ္ႏုသည္ ထိုဂါထာေတာ္ကို
ခ်င့္ခ်ိန္ၿပီး သာယာဝတီမင္း အသက္ကို ရန္ရွာ ခဲ့၍ သူႏွင့္ ယွဉ္ၿပိဳင္ရာ သူ အနိူင္ရသည္။
ရန္ကို ရန္ခ်င္း တုံ႔ျပန္ျခင္းက လမ္းေဟာင္း ကိုသာ ျပန္ေရာက္ေစသည္။
ဤ အေၾကာင္းတို႔ ခ်ဳပ္ၿငိမ္း ျခင္းကား
ရန္ၿငိဳးရန္စ တို႔ကို သင္ပုန္းေခ်၍
သူ့ အေပၚတင္ခဲ့ေသာ အေႂကြး ျမန္ျမန္ ဆပ္ကာ
ေႂကြးၿမီ ကင္းရွင္းၿပီး ၿငိမ္းခ်မ္းေသာ
ဘဝသစ္ကေလး တစ္ခု ထူေထာင္ႏိုင္ရန္
ျဖစ္ေၾကာင္း ကို နားလည္သြားခဲ့သည္။
သတၱဝါတိုင္း သူ့ထိုက္ သူ့ကံ ျဖစ္သည္ ဆိုလွ်င္
တနည္းအားျဖင့္ ငါ႔ထိုက္ ငါ႔ကံျဖစ္သည္ မဟုတ္ပါေလာ။
ဆရာေတာ္ က တရားကား သူမ အတြက္ေတာ့
အဖိုးတန္ဆုံး ေသစရိတ္ေပးလိုက္ျခင္းဟု သေဘာေပါက္ေသာေၾကာင့္
မယ္ႏုဝမ္းသာသြား ရွာသည္ ။
ထိုေန႔ ေန႔လည္ပိုင္း တြင္ မယ္ႏု သည္
ဘႀကီးေတာ္အား ေနာက္ဆုံး သြားေရာက္ကန္ေတာ့ ႏႈတ္ဆက္ခဲ့သည္။
ႏွစ္ေပါင္းမ်ားစြာဘဝ ၊ အသက္ ၊ ရာထူး စည္းစိမ္ ၊
ႏိုင္ငံေတာ္ အရာ အားလုံး
သူပိုင္ဆိုင္ႏိုင္သမွ် ကိုေပး၍
ခ်စ္ခဲ့ေသာ ၾကင္ယာေတာ္ ဘႀကီးေတာ္ ၏
ေျခေတာ္ အစုံေပၚ မ်က္ႏွာအပ္ကာ
မ်က္ရည္စက္ မ်ားစြာ ေျခ ဖမိုးေတာ္ေပၚ က်လ်က္
လက္အုပ္ခ်ီ ကန္ေတာ့ရင္း အေရာင္ မွိန္မွိန္
အေဆာင္ေယာင္မဲ့ သလြန္ထက္တြင္
ထိုင္ေနေသာ နန္းက်ဘုရင္ လင္ေတာ္ေမာင္အား........
နန္းမေတာ္မယ္ႏု ။ ။
“ေမာင္ေတာ္ဘုရား ႏွမေတာ္ ဒီကေန႔
ဘဝ ေျပာင္းရေတာ့မွာျဖစ္လို႔
ေမာင္ေတာ္ဘုရားကိုေနာက္ဆုံး ႏႈတ္ဆက္
ရွိခိုးကန္ေတာ့ခဲ့ပါတယ္ဘုရား။
ေမာင္ေတာ္ မင္းတရား ရဲ႕ ဘုန္းရိပ္ကို
ခိုလႈံ စံစားခဲ့တဲ့ ႏွစ္ကာလမ်ား အတြင္း
ႏွမေတာ္ ဘက္က ျပဳမိမွား ခဲ့တဲ့ အျပစ္ ရွိခဲ့ပါရင္
ခြင့္လႊတ္ သနားေတာ္မူပါဘုရား။”
ဘႀကီးေတာ္သည္ သလြန္ေပၚမွ
နန္းမေတာ္မယ္ႏု၏ ဆံ ေကသာကို
လက္ျဖင့္ အသာအယာ ထိထား သည္။
အရႈံးမ်ားစြာ ရႈံးၿပီးေနာက္ အခ်စ္ဆုံးသူကို
ေသကြဲ ခြဲ ဆုံးရႈံးရမည့္ အခ်ိန္တို႔
ဆိုက္ေရာက္ လာၿပီျဖစ္ သျဖင့္
စိတ္ေသာကမီး တို႔ စိတ္ႏွလုံးကိုေလာင္ကြၽမ္း ကာ
ပတ္ဝန္းက်င္ တစ္ခုလုံး မျမင္ႏိုင္ေတာ့ေအာင္
ေဝ ဝါးသြား ေစသည့္ မ်က္ရည္မ်ား
မ်က္ဝန္းအိမ္၌ ျပည့္ေနသည္။
ဘႀကီးေတာ္သည္ မ်က္ဝန္းမ်ား မွိတ္ခ်လိုက္ရာ
နန္းမေတာ္မယ္ႏု၏ ဆံေကသာေပၚ မ်က္ရည္မ်ား
စီး က်ေလေတာ့သည္။
ရင္၌ ဆို႔ႏွင့္လြန္းလွသျဖင့္ ရႈိက္၍ ငိုခ်လိုက္သည္။
ဘႀကီးေတာ္ ။ ။
“ႏွမေတာ္ရယ္ ၊ ႏွမေတာ္ မွာ ခြင့္မလႊတ္စရာ ဘာအျပစ္မွ မရွိခဲ့ပါဘူးကြယ္”
ဘႀကီးေတာ္ ၏ ခ်စ္ျခင္းေမတၱာ ကား
ေလးစားစရာ ေကာင္းလွ သလို ထို အတြက္
ေနာင္တ တစ္စုံတရာ လည္း မရခဲ့ေခ်။
နန္းမေတာ္မယ္ႏု။ ။
“ေမာင္ေတာ္ဘုရားရယ္ ၊ ႏွမေတာ္ ရဲ႕
ေနာက္ဆုံး ဝင္သက္ ၊ ထြက္သက္မရပ္သြားမွီ
ႏွမေတာ္ရဲ႕ဘဝ ကို အျမင့္ဆုံးျမႇင့္တင္ေပးခဲ့တဲ့
ေမာင္ေတာ္ ဘုရားရဲ႕ ေက်းဇူးအေထြေထြ အတြက္
ေမာင္ေတာ္ ဘုရားရဲ႕ ေျခေတာ္အစုံ ကို ဦးတိုက္ၿပီး
ေက်နပ္ေအာင္ ကန္ေတာ့ခြင့္ျပဳပါဘုရား” ဟု
ေျခေတာ္အစုံအား မ်က္ႏွာနဖူးဆံပင္ တို႔ျဖင့္
ဦးတိုက္ကန္ေတာ့ေနစဉ္ အေဆာင္ေတာ္တြင္း
သမီးေတာ္ကေလး မယ္သဲ ဝင္လာသည္။
သမီးေတာ္ေလး၏ စိတ္တြင္ မေကာင္းမႈ တစ္စုံတခုကို
ခံစားမိေနသျဖင့္ မယ္ေတာ္၏ ရင္ခြင္တြင္း
ေျပး ဝင္ ဖက္၍ငိုေလသည္။
သမီးေတာ္ေလး ။ ။
“မယ္မယ္ဘုရား၊ သမီးေတာ္ ကေလးကို ပစ္ထားၿပီး
ဘယ္ကိုသြားေနတာလဲ ဘုရား
သမီးေတာ္ေလး မွာ လြမ္းလို႔ေသရေတာ့မယ္ ဘုရား”
နန္းမေတာ္မယ္ႏု။ ။
“မယ္မယ္ဘုရား လည္း သမီးေတာ္ေလးကို
လြမ္းေနပါတယ္။
အခုလည္း မယ္မယ္ ဘုရားေလ
အေရးႀကီးတဲ့ကိစၥ ရွိလို႔ ဟိုး….. အေဝးႀကီ း ကို
ခရီးထြက္ဖို႔ ရွိေသးတယ္။
သမီးေတာ္ေလး ခမည္းေတာ္ဘုရားနဲ႔
အတူ လိမ္လိမ္ မာမာေနခဲ့ေနာ္ ၊
မယ္ဘုရား စကားကို နားေထာင္ပါကြယ္။”
သားအမိႏွစ္ဦး ပါးခ်င္း အပ္ကာ ငိုရင္း............
သမီးေတာ္ေလး။ ။
”ဟင့္အင္း ဒီ တစ္ခါေတာ့ သမီးေတာ္ေလး ကို
ပစ္ထားၿပီး ဘယ္မွမသြားရေတာ့ဘူး
မယ္မယ္ဘုရား နဲ႔ လိုက္မွာပဲ ”
ခမည္းေတာ္၊ မယ္ေတာ္၊ သမီးေတာ္ကေလးတု႔
ိမိသားစု အသိုက္အၿမဳံၿပိဳကြဲၿပီး
ေနာက္တစ္ႀကိမ္ ျပန္ဆုံခြင့္ ဟူေသာ
ေမွ်ာ္လင့္ခ်က္ ကေလးပင္ဆုတ္ကိုင္ထားခြင့္
ကင္းမဲ့ သြားေသာ ေၾကကြဲဖြယ္ရာ
ေခ်ာ့သူ မရွိငိုပြဲႀကီး ျဖစ္သည္။
မင္းမႈထမ္း ၊ရံေရြေတာ္ တို႔ ထိုျမင္ကြင္းကို
မၾကည့္ရက္သျဖင့္ တံခါးအကြယ္ တြင္
ႀကိတ္ငိုၾကသည္။
တာဝန္အရ အမရပူရၿမိဳ႕ဝန္ပင္
မ်က္ရည္က်မည္စိုးသျဖင့္ အေဝးသို႔ ထြက္သြားကာ မင္းမႈထမ္းတစ္ဦးကို တီးတိုးေျပာသည္။
ထို မင္းမႈထမ္းသည္ မယ္ႏုဆီေရာက္လာ၍...
မင္းမႈထမ္း။ ။
“မိဘုရားႀကီး ထြက္ခြာဖို႔ အခ်ိန္က်ပါၿပီလို႔
ၿမိဳ႕ဝန္မင္း ကေျပာပါတယ္၊ ေနရာက ထပါေတာ့”
ေနာက္ထပ္မင္းမႈထမ္း တို႔သည္
မယ္ႏုဆီ ဝင္လာၿပီး လက္ႏွစ္ဘက္ကို ဆြဲယူလိုက္ၾကသည္။
သမီးေတာ္ကေလး။ ။
“မသြားရဘူး မယ္မယ္ ဘုရား
ဘယ္ကိုမွ မသြားရဘူး ၊
သြားရင္ သမီးေတာ္ေလး လည္း လိုက္မွာပဲ ” ဟု
တစာစာေအာ္ဟစ္ေနရာ မယ္ႏု ၏ နားမ်ား အတြင္း
ပဲ့တင္ထပ္ကာ တျဖည္းျဖည္းေဝးသြားေလေတာ့သည္။
ေၾကးတိုက္မွ လာေသာ ႏြားလွည္းေပၚတက္ကာ
ေနာက္သို႔ တစ္ခ်က္ပင္လွည့္ မၾကည့္ေတာ့ေခ်။
ေနလုံးႀကီး သည္ ဝင္းလက္ေသာ အလင္းေရာင္တို႔ကို
ေလွ်ာ့ခ်၍ အေနာက္ဘက္ေတာင္တန္းေပၚ
နိမ့္ဆင္း သြားသည္။
မယ္ႏု ကို တင္လာေသာ
လွည္းပေတာင္းျမည္သံကို ၾကားေသာ္
အနီးရွိ ဘုန္းႀကီးေက်ာင္းေခြး မ်ား အူၾကသည္မွာ
ကံၾကမၼာဆိုး အတြက္ ျမည္သံမ်ား ျဖစ္ေနသည္။
ေတာင္သမန္အင္းေရျပင္ အနီး သို႔ေရာက္ေသာ္
အာဏာ ပါးကြက္သား တို႔သည္
နန္းမေတာ္ မယ္ႏု အား ခဲထည့္ ထားေသာ ေရႊနားကြပ္ကတၱီပါ အိတ္နီ တြင္ ထည့္၍
ပိတ္ၿပီး ေရျပင္ သို႔ ျပစ္ခ်လိုက္ သည္။
ျမဳပ္မျမဳပ္ေသခ်ာေအာင္ ခဏေစာင့္ၾကည့္သည္။
ေတာင္သမန္ အင္းေရျပင္ေပၚတြင္
ေရပြက္ ကေလး တစ္ပြက္ ႏွစ္ပြက္ ထလာၿပီး
ေရျပင္မွာ ျပကတိ ျပန္ၿငိမ္သြားၿပီး
ေလေျပညင္းကေလး ေရျပင္ထက္မွ
ျဖတ္သန္း တိုက္ခတ္သြားသည္။
နန္းမေတာ္ မယ္ႏု၏ ေနာက္ဆုံးထြက္သက္ ေရပြက္ကေလး မဟုတ္ပါေလာ။
ကုန္းေဘာင္ေခတ္၏ မြန္းတည့္ခ်ိန္
ဘုန္းဩဇာ အျပည့္ႏွင့္ ေရႊအိမ္နန္းၾကငွန္း ထက္တြင္
အမ်ိဳးသမီးတို႔အတြက္ အထြတ္ထိပ္ျဖစ္ေသာ
အဂၢမေဟသီ မိဖုရားေခါင္ရာထူးကို ရယူခဲ့ေသာ္လည္း
လူ့ဘဝ သည္ မည္သည့္ အရာမွ်ၾကာရွည္ မတည္ၿမဲဘဲ
တစ္ခဏ အခ်ိန္တြင္းသာ ရွိသည္ကို
နန္းမေတာ္ မယ္န ုက သူမ ၏ေနာက္ဆုံး ထြက္သက္
ေရပြက္ကေလး အခ်ိန္မွ်ျဖင့္ ကြၽႏ္ုပ္တို႔အား
သင္ခန္းစာ ေပးသြားခဲ့သည္ မဟုတ္ပါေလာ။
သတၱဝါ အေပါင္း ခ်မ္းသာကိုယ္စိတ္ၿမဲပါေစ
သုခုမ အလင္းတန္းမ်ား
Ref:
-နန္းမေတာ္မယ္ႏုရွာပုံေတာ္(တကၠသိုလ္စိန္တင္)
-ညိဳျမ (ကုန္းေဘာင္ရွာပုံေတာ္)
-ကုန္းေဘာင္ေခတ္စစ္တမ္း (ေမာင္ေသာ္)
-ဒဂုန္ခင္ခင္ေလး(ရတနာပုံ၏ နိဒါန္းႏွင့္နိဂုံး)
x
No comments:
Post a Comment