Wednesday, September 16, 2020

တဲအိုပျက်မှာလဲမနေနိုင်ဘူး

ပိုက်ဆံမရှိတဲ့ သူတောင်းစားတစ်ယောက်ကိုလဲ မယူနိုင်ပါဘူး
အတူတူမတောင်းစားနိုင်လို့ပါ

သိပ်ချမ်းသာလွန်းတဲ့ ခရိုနီတွေလဲ မယူနိုင်ပါဘူး
မယားကြီးဘွဲ့မခံယူလို့ပါ

ထမင်းရည်လဲတူတူမသောက်နိုင်ပါဘူး
ကျွန်မကအစားမက်လို့ပါ

ဒါပေမယ့် ဟင်းတွေမျိုးစုံနဲ့ တစ်ယောက်တည်း အထီးကျန်ကျန်နဲ့ ယောက်ျားက ပြန်လာတစ်ရက် မပြန်လာတစ်ရက်လဲ မနေနိုင်ပါဘူး

တဲအိုပျက်မှာလဲမနေနိုင်ဘူး
ကျွန်မက ချမ်းတတ်လို့ပါ

အိမ်အကြီးကြီးနဲ့လဲ အထီးကျန်ပြီး မနေချင်ပါဘူး

စုတ်စုတ်ပြတ်ပြတ်လဲမနေနိုင်ပါဘူး
ကျွန်မကအကောင်းကြိုက်လို့ပါ

ပိုက်ဆံရှိပြီး မိဘပိုက်ဆံထိုင်ဖြုံးနေတဲ့ဘော်ကြော့တွေ မယူနိုင်သလို ပိုက်ဆံမရှိဘဲ ကြိုးစားပြီး အရည်အချင်းရှိတဲ့သူကိုလဲ ယူဖို့ဝန်မလေးပါဘူး

တကယ်တော့ ကျွန်မလိုချင်တာ ပိုက်ဆံရှိတဲ့ယောက်ျား မဟုတ်သလို ဆင်းရဲတဲ့ယောက်ျားလဲ မဟုတ်ပါဘူး
ကျွန်မအတွက် အရာရာကို ကြိုးစားပေးပြီး
ကျွန်မမရှိရင် မဖြစ်ဘူး
ကျွန်မကို ဘယ်တော့မှ အဆုံးရှုံးမခံနိုင်တဲ့ သူမျိုး
ကျွန်မဘဝကို ဖခင်လိုလုံခြုံမှုပေးနိုင်ပြီး မိခင်လို အေးချမ်းစေနိုင်မယ့် ယောက်ျားကောင်းမျိုးနဲ့တွေ့ဆုံပြီး အေးချမ်းတဲ့မိသားစုလေးပိုင်ဆိုင်ချင်ရုံပါ

မရနိုင်ဘူး ကျွန်မလောဘကြီးမိတယ်ဆိုလဲ
အပျိုကြီးဘဝနဲ့နေဖို့လဲ ဝန်မလေးပါဘူး
ယောက်ျားတစ်ယောက်ရှိမှ ရပ်တည်နိုင်မယ့် မိန်းမလဲ မဟုတ်ဘူး
ပိုက်ဆံအတွက်နဲ့ ကိုယ့်ကိုယ်ကိုယ်မရောင်းစားသလို
အချစ်အတွက်လဲ စုံလုံးကန်းမရူးမိုက်နိုင်ပါဘူး

ယောက်ျားမလိုချင်တာ မဟုတ်ပေမယ့်
ယောက်ျားရှိမှဖြစ်မယ်ဆိုတာမျိုးလဲ မဟုတ်ပါဘူး
ဒါလေးပါဘဲ

- credit -

No comments:

Post a Comment