Wednesday, April 17, 2019

တစ်သက်လုံးအသုံးတည့်စေမယ့်_နည်းကောင်းများ

တစ်သက်လုံးအသုံးတည့်စေမယ့်_နည်းကောင်းများ

-------------------------------------------
#အစားအသောက်နဲ့ပတ်သက်ပြီး
-------------------------------------------
(၁) နွားနို့နဲ့ ပဲနို့ရည် ဘယ်အရာကိုရွေးမလဲဆိုရင် ပဲနို့ရည်ကိုရွေးပါ။
(၂) ထမင်းပန်းကန်ဝက်လောက် စားနိုင်သေးတယ်လို့ထင်တာနဲ့ ထမင်းဝိုင်းကထပါ။
(၃) ခန္ဓာကိုယ်က မဆာပေမယ့်လည်း တစ်နေ့ကို ရေ၄ခွက်သောက်ပါ။

(၄) ဒိန်ချဉ်များများစားပါ။
(၅) အရက်ဆေးလိပ်ရှောင်ပါ။

(၆) အစားအသောက်စာရင်းထဲမှာ ပဲအမျိုးမျိုး၊ အသီးအရွက်အမျိုးမျိုး ပိုထည့်ပါ။
(၇) green tea သောက်ခြင်းက Red tea သောက်ခြင်းထက်ပိုပါစေ။

(၈) မနက်စာက ညစာထက် ကောင်းစေ၊ ပိုစေ။
(၉) ဆားစားတာကို ထိန်းပါ။

(၁ဝ) အိပ်ရာထချိန် သွားတိုက်ပြီးမှ ရေသောက်ပါ။
(၁၁) အချိန်အကြာကြီးချက်ပြုတ်ထားတဲ့ ဟော့ပေါ့ဟင်းရည်ကိုသောက်ခြင်းရှောင်ပါ။

(၁၂) ပန်းသီး မနက်တစ်လုံး ညတစ်လုံးစားပေးခြင်းဖြင့် ဝမ်းပိတ်ခြင်းကိုကာကွယ်ပါ။
(၁၃) ထမင်းမစားမီ အသီးအနှံစားခြင်းက ထမင်းစားပြီးနောက် အသီးအနှံစားခြင်းထက် ပိုပါစေ။

(၁၄) တစ်ပတ်မှာအနည်းဆုံး ငါးဟင်းတစ်ကြိမ်လောက်စားပါ။
(၁၅) အချိုရည်ကို ရှောင်နိုင်သမျှရှောင်ပါ။

(၁၆) မအိပ်ခင် ဝိုင်နီတစ်ခွက်လောက် သောက်နိုင်ပါတယ်။

----------------------------------
#အားကစားနဲ့ပတ်သက်ပြီး
----------------------------------

(၁) မနက် ၈-၉ နာရီက နေရောင်ခြည်ကို ပိုခံယူပါ။
(၂) ဖြည်းဖြည်းပြေး မြန်မြန်လမ်းလျှောက်ပါ။

(၃) ခြေထောက်ကို ရေနွေးစိမ်ခြင်းဖြင့် အကြောများတွန့်လိမ်ပုံပျက်ခြင်းကို ကာကွယ်ပါ။
(၄) အရမ်းစိတ်ပန်း ကိုယ်နွမ်းတဲ့အခါ အားကစားပြုလုပ်ခြင်းရှောင်ပါ၊ အနားယူပါ။

(၅) ဆောင်းရာသီမှာ အိမ်ပြင်ပအားကစားလျော့ပါ။
(၆) တိုက် ၁ဝထပ်အောက်ဆိုရင် ဓာတ်လှေကားကို အသုံးမပြုပါနဲ့။

(၇) မတ်တပ်ရပ်ပြီး ဘတ်စကားစီး၊ ရထားစီးတာက ထိုင်စီးတာထက် ကျန်းမာတယ်။
(၈) နေ့တိုင်း နာရီဝက်လေ့ကျင့်ခန်းလုပ်တာက ရုံးပိတ်ရက် တစ်နေ့ ၃နာရီလုပ်တာထက် ကောင်းပါတယ်။

(၉) မကြာခဏ လမ်းလျှောက်လေ့ကျင့်ခန်းလုပ်ပါ။
(၁ဝ) ကုတင်နည်းနည်းမာတာနဲ့ အိပ်တာက ကျောရိုးကို ပိုကျန်းမာစေတယ်။

(၁၁) အားကစားလုပ်ပြီး နာရီဝက်ကြာမှ ရေချိုးပါ။

--------------------------------
#ဇီဝကမ္မနဲ့ပတ်သက်ပြီး
--------------------------------

(၁) အာရုံကြောဖိမိမနေအောင် ခြေချိတ်ထိုင်ခြင်းကို ရှောင်ပါ။
(၂) မနှစ်ကအင်္ကျီကို ဒီနှစ်ထုတ်ဝတ်မယ်ဆိုရင် နေအရင်လှန်းပါ။

(၃) ထမင်းကျန် ဟင်းကျန်တွေပဲ အမြဲမစားပါနဲ့။
(၄) ခဏခဏ ခေါင်းမလျော်ပါနဲ့၊ ၂ရက် ၃ ရက် တစ်ကြိမ်လျော်ပါ။

(၅) နေ့လယ်နေ့ခင်း အိပ်ချင်ရင် အထိုင်လိုက်မအိပ်ပါနဲ့၊ လဲအိပ်ပါ၊ မိနစ် ၄ဝ ထက်တော့မပိုပါစေနဲ့။

-----------------------------
#ချစ်သူနဲ့ပတ်သက်ပြီး
-----------------------------

(၁) သားသမီးတွေကို ဂရုစိုက်လွန်ပြီး ကိုယ့်အိမ်ထောင်ဘက်ရဲ့ ခံစားချက်ကို လျစ်လျူရှုမိတာမျိုး မဖြစ်ပါစေနဲ့။

(၂) သံယောဇဉ်ဆိုတာ နှလုံးသားနဲ့လည်ပတ်ရပါတယ်။
(၃) ငြင်းခုန်ကြတဲ့အခါ တစ်ယောက်ခြေတစ်လှမ်းစီဆုတ်ပါ။

(၄) အံသြဝမ်းသာမှုကို တစ်ခါတလေ ဖန်ဆင်းပါ။
(၅) သူ့မွေးနေ့ကို အမှတ်ရပေးပါ။

---------------------------------------
#ပျော်ရွှင်ခြင်းနဲ့_ပတ်သက်ပြီး
---------------------------------------

(၁) အခုလက်ရှိ ပိုင်ဆိုင်နေတာတွေကို တန်ဖိုးထားပါ။
(၂) ရှင်သန်နေတာကလည်း စိတ်ခံစားချက်တစ်မျိုးပါပဲ၊ ဒီကနေ့ကို ဖမ်းဆုပ်ပါ။

(၃) နှလုံးသားနဲ့ခံစားရင် ပျော်ရွှင်ခြင်းက နေရာတိုင်းမှာ အမြဲရှိတယ်။
1(၄) ရောင့်ရဲခြင်းက ပျော်ရွှင်ခြင်းဖြစ်တယ်။

(၅) မိသားစုက အဖော်ပြုတယ်၊ သူငယ်ချင်းက ဂရုစိုက်တယ်၊ ကျန်းမာတဲ့ခန္ဓာကိုယ်ရှိတယ်၊ ဒါဟာ လောကမှာ အပျော်ရွှင်ဆုံးအရာပေါ့။

----

wechat မှာ ဖတ်မိတာလေးကို မြန်မာလို ပြန်ရေးပါတယ်။

နေကောင်းကျန်းမာနေတုန်း၊ အရာရာပြည့်စုံနေတုန်းမှာတော့ ဒီလိုပို့စ်က အာပလာပေါ့။ ဒါက နင်ပြောမှလား ငါလည်းသိသားပဲဆိုတာမျိုး ဖြစ်လိမ့်မယ်ပေါ့။ တကယ်တမ်း အသက်အရွယ်တဖြည်းဖြည်းကြီးလို့ ကျန်းမာရေးယုတ်လျော့လာတဲ့အခါ ဒါတွေကလိုအပ်လာပါတယ်။ ကျန်းမာသန်စွမ်းနေတဲ့အရွယ်မှာ လူတွေက ခန္ဓာကိုယ်ထိန်းသိမ်းဖို့၊ ကျန်းမာရေးလိုက်စားဖို့ မေ့လျော့နေတတ်ကြတယ်။ အထူးသဖြင့် ကိုယ်လက်လှုပ်ရှား အားကစားတွေ သိပ်မလုပ်ကြတဲ့ မြန်မာလူမျိုးတွေပေါ့။

ကျောင်းမှာလည်း အားကစားဘာသာရပ်ဆိုတာ မရှိသလို၊ ကျန်းမာရေးလိုက်စားရမယ်မှန်းလည်း စိတ်ကူးမရှိကြဘူး။
နိုင်ငံခြားကျောင်းတွေမှာ အားကစားဘာသာရပ်က မယူမနေရ ဘာသာရပ်ထဲမှာပါတယ်။ မြန်မာပြည်မှာတော့ ဝါသနာပါတဲ့လူတွေပဲ ကိုယ့်အသိစိတ်နဲ့ကိုယ် အားကစားလုပ်ကြတာ များတယ်။ အားမှ ကစားတာဆိုပြီး အားကစားလုပ်တာကို အပိုအလုပ်တစ်ခုလို ထင်တဲ့လူတောင် ရှိသေးတယ်။ နေ့တိုင်း အလုပ်နဲ့အိမ် လှုပ်ရှားနေတာပဲ ဘာအားကစားလိုလည်းဆိုတဲ့ လူလည်းရှိသလို၊ GYM ဆိုတာ သူဌေးတွေမှ၊ အနုပညာသည်တွေမှ လုပ်ကြတာလို့လည်း ထင်ကောင်းထင်ကြပါလိမ့်မယ်။ ကျွန်မတွေ့ဖူးပါတယ်... လမ်းလျှောက်အားကစားလုပ်တာတဲ့.. လျှောက်တာကလည်း စိတ်ပြေနှပြေ။ တကယ်တမ်းမှာ နှလုံးခုန်နှုန်း၁ဝဝလောက်ရှိတဲ့ လှုပ်ရှားမှုမျိုးကမှ ထိရောက်တဲ့အားကစားဖြစ်တယ်။

လူတွေဟာ အသက်ကြီးလာလေ အကျဘက်ကိုရောက်လေပါပဲ.. အသက် ၃ဝကျော်တုန်းကတော့ လူအများဟာ ဒေါင်ဒေါင်မြည်ပါပဲ။ ၄ဝ ကျော်လည်းရောက်ရော့.. ဟိုနားနာသလိုလို၊ ဒီနားနာသလိုလို ခန္ဓာကိုယ်က တဖြည်းဖြည်း ကျဘက်ကိုဦးတည်လာတော့တယ်။ ဒါတွေက ကိုယ်တိုင်ကြုံမှ သိရပါတယ်။ ဒါကြောင့် ကြိုတင်ပြင်ဆင်တာတွေ လုပ်ကြရတယ်။ သက်လုံကောင်းအောင် လုပ်နိုင်တုန်းမှာ ကိုယ်အားရင်အားသလို ကိုယ်ဝါသနာပါရာအားကစားတစ်ခုခုကို တစ်ပိုင်တစ်နိုင်လေး လုပ်ကြစေချင်ပါတယ်။ တခြားဘာအားကစားမှ ဝါသနာမပါခဲ့ရင်တောင်မှ လမ်းလျှောက်တာကို အကျင့်တစ်ခုလိုလုပ်ပြီး နေ့တိုင်းလုပ်စေချင်ပါတယ်။ ဥပမာ-- ကိုယ်သွားမယ့်မှတ်တိုင်မရောက်ခင် ၂မှတ်တိုင်အလိုမှာဆင်းပြီး လမ်းလျှောက်တာမျိုးတွေ လုပ်နိုင်ပါတယ်။

ကျန်းမာနုပျိုကြပါစေ...
.
Crd #NineNineSaNa

Tuesday, April 16, 2019

''ကျွန်တော်. . .ဆရာမယောက်ျား'

'ကျွန်တော်. . .ဆရာမယောက်ျား' (ကောင်း-မန္တလေး)'
💞💞💞💞💞         💞💞💞💞💞

'မောင် တို့ လက်ထပ်ရအောင်. . .ခင်'

အဲဒီစကားလေးကို ကျနော် အမြတ်တနိုးပြောခဲ့တာ။ ခင့်ကို ကျနော် သိပ်ချစ်ခဲ့တယ်။
အခုထိလည်း ချစ်နေဆဲပဲ။
နောင်လည်း ချစ်နေအုံးမယ်။
မှတ်မိသေးတယ်။
ကျနော်တို့ရွာကို ခင် တာဝန်ကျတော့ ရွာက အခုလို အလယ်တန်းကျောင်းခွဲ မဟုတ်သေးဘူးဗျ။
မူလတန်းကျောင်းလေး။
မူလတန်းပြ ဆရာမ ငယ်ငယ်ချောချောလေး ဖြစ်တဲ့
ခင် ဟာ ကျနော်တို့ရွာမှာ'' စတား''ပေါ့ဗျာ။
အဖြူအစိမ်း ရင်ဖုံးလက်ရှည်လေး ဝတ်ပြီး
ဆံထုံးလေး မှာ ပန်းလေးတစ်ပွင့် အမြဲပန်ထားတဲ့ ဆရာမလေး ရဲ့ နာမည်က တစ်လုံးတည်းပဲ။
'' ခင် '' တဲ့။
ခင်က အတော်လှတာ။
ကာလသားတွေဆိုတာ ညနေဆို ဆရာမတွေ နေဖို့ ရွာကဆောက်ပေးထားတဲ့  ဘုံတဲ (စုပေါင်းဆောက်ထားသော အိမ်လေး) ရှေ့မှာ
မယ်ဒလင် တဒေါင်ဒေါင် ဂီတာ တဂွမ်ဂွမ်နဲ့ပေါ့။
ဆိုကြတဲ့သီချင်းဆိုတာလဲ သိန်းဇော်ရဲ့
''ခင်နဲ့မောင်နဲ့ ပေါင်းရပါစေသား. . .'' ဆိုတာချည်းပဲ။
တကယ်ပဲ ခင်က သိပ်လှတဲ့ ဆရာမလေးဗျ။
💞💞💞💞💞💞💞💞💞💞💞
ကျွန်တော် ကံကောင်းတယ်ဗျ။
ပိုးသူပန်းသူ ကာလသားတွေထဲမှာ မှ
ခင်က ကျနော့်ကို ချစ်သူအဖြစ်ရွေးချယ်ခဲ့တယ်။
ပျော်လိုက်ရတာ ဆိုတာဗျာ။
ဒါတောင် သုံးနှစ်ကျော်ကျော် ချစ်ခွင့်ကို တောက်လျှောက်ပန်နေခဲ့ရတာ။
အတိအကျပြောရ ရင် ၃နှစ်နဲ့ ၄လ။

'ကိုမောင်ဦး
ကျမ ရှင့်ကို ယုံကြည်လို့ ရွေးချယ်ခဲ့တာနော်''တဲ့လေ။
သူပြောတဲ့ ယုံကြည်လို့ ဆိုတာ အတော်ကျယ်ပြန့်တာကလားဗျ။
နောက်ပိုင်းတော့ ခင်က ကျနော့် အလိုကျ ကိုမောင်ဦးလို့ ခေါ်ရာကနေ 'မောင်' လို့ ခေါ်ပေးခဲ့ပါတယ်။

လက်ထပ်ဖို့ပြောတော့ ခင် က ပြောတယ်။

'မောင် ခင်က ဆရာမနော်
ဝင်ငွေလည်းမကောင်းဘူး
နောက်ပြီး ခင့်ရဲ့ တစ်နေ့တာ အချိန်တွေဟာ
မိပေါင်းသား တပည့်သားသမီးတွေဆီမှာ ကုန်ဆုံးရမှာ
မောင် သေချာစဉ်းစားပြီးပြီလား'

'လက်ထပ်ဖို့ချစ်သူနှစ်ယောက်ဆွေးနွေးတာပဲ ခင်ရယ် ခင်ကသာ စဉ်းစားရမှာ မဟုတ်လား'

အမှန်ကတော့ ခင်က ကျနော့် အကြောင်း သိနေလို့ပါ။ကျနော့် မိဘတွေက လယ်လေးမြေလေး တွေ အတန်အသင့် ရှိပါတယ်။
မိဘတွေက တောင်သူကြီးတွေမို့
လခစားအလုပ်ကို လုံးဝအထင်မကြီးပါဘူး။
ကျနော် ဘွဲ့ရတော့ မယက (ယခု ထွေအုပ်)ရုံးမှာ
စာရေး လုပ်ခွင့် ရခဲ့တာတောင် အဖေ က
'ဘာလုပ်မှာလဲကွာ ငဦးရ
ဒင်းတို့လခ ငရုတ်သီးတစ်တောင်းဖိုးပဲ ရှိတယ်'တဲ့။ အဲလို။
ဆိုတော့ကာ ခင်က ကျနော့်မိဘတွေ သဘောမတူမှာများ တွေးကြောက်နေလေရော့သလားပေါ့။
ဒါပေမယ့်လည်း ကျနော့် မိဘတွေက သဘောတူခဲ့ပါတယ်။
ဆရာမချွေးမလေးကိုလည်း သူတို့ သမီးလေးအရင်း လို ချစ်ပေးခဲ့တာ ခင်လည်း အသိပါပဲ။
💞💞💞💞💞💞💞💞💞💞💞

'မောင်ရေ ခင်ရေချိုးတော့မယ်'

သိတယ်လေ ကျွန်တော်က ခင်ရေချိုးတိုင်း ရေတွင်းကနေ ရေငင်ပေးတတ်တယ်။
ခင်က ဆရာမလေးလေဗျာ။ဘယ်ငင်နိုင်ပါ့မလဲ။
နောက် သူ့မြို့ သူ့အိမ်ဆို ရေမော်တာတစ်ချက် နှိပ်လိုက်တာနဲ့ ဝေါခနဲ ရေတွေ ရတာမဟုတ်လား။

'ရေက စဉ့်အိုးထဲ အပြည့် ဖြည့်ပြီးသား ခင်ရေ
မောင် သနပ်ခါး သွေးထားလိုက်မယ်'

ကျနော့် အသံကြားတော့ အမေက မျက်စောင်းထိုးတယ်။တစ်ဦးတည်းသော သား ကျနော်က အိမ်အလုပ် သိပ်မလုပ်ခဲ့ဘဲနဲ့ မိန်းမနဲ့ကျမှ အကုန် လုပ်ပေးနေလို့ ဖြစ်မယ်။
ခင် က မိန်းမ ပီသသူပါ။
အိမ်မှုကိစ္စ အစစ အရာရာ နိုင်နင်းတယ်။
အမေက သူ့ချွေးမ လက်ရာ ဟင်းလေးတွေ သဘောကျတယ်။အဘ ကလည်း ရေနွေးထဲ လဖက်ခြောက်ခပ်တာတောင် သူ့သမီးချွေးမ ခပ်တာကမှ အစပ်တည့်သတဲ့ဗျာ။

အိမ်နဲ့ကျောင်း ကျောင်းနဲ့အိမ်။
လူးလာခေါက်တုံ့ ကျနော် ကြို ပို့ လုပ်ရတယ်။
ဂုဏ်လည်း ယူတယ်။
အိမ်သူ သက်ထား ဇနီးမယား လှလှလေးဟာ
ရွာရဲ့ အသည်းကျော် ဆရာမလေး မဟုတ်လား။
တချို့က ပြောတယ်
''မောင်ဦးတို့များ ပိုင်ထှာကွာ
ဆရာမလေးကို ရွာကနေ ပြန်ပြောင်းမရအောင် လုပ်ထားလိုက်တာပဲ'' တဲ့။

ကိုယ့်မှာလဲ အဲလို အသံတွေကြားရင် ပီတိတွေ သိပ်ဖြစ်တာကလားဗျ။
ဖီးဆင့်ဘီးလေး ကို ရှေ့ကနင်း၊
ကျနော့်ဇနီးလေး ခင် ကတော့ တစ်လမ်းလုံး သူမကို နှုတ်ဆက်နေတဲ့ ကျောင်းသား/သူလေးတွေကို ခေါင်းလေးတငြိမ့်ငြိမ့်နဲ့
မင်္ဂလာပါ လို့ ပြန်နှုတ်ဆက်နေတတ်ခဲ့ပါတယ်။

💞💞💞💞💞💞💞💞💞💞💞

အိမ်ထောင်သက် ၂နှစ်အကြာမှာ ခင့်မှာ သမီးလေးကိုယ်ဝန် ရှိလာတယ်။
ခင်ဟာ ဗိုက်ဖုံးအင်္ကျီအဖြူလေးကို ဝတ်ကာ
ကျောင်းကို လမ်းလျှောက်ပြီး သွားလာ ခဲ့ပါတော့တယ်။
တောင်သူအလုပ်တွေ ဘယ်လောက်ပဲ ပင်ပန်းပါစေ။
ကျွန်တော် ခင့်ကို ကျောင်းပို့ မပျက်ခဲ့ပါဘူး။
ခင့်ကို ခလုတ်လေးတစ်ချက်မှ မထိငြိမိစေချင်သလို ဘာစိတ်ဆင်းရဲမှုမျိုးမှ မရှိစေချင်ခဲ့တာပါ။
ခင်ဟာ သိပ်ကို ဆရာမပီသတယ်။
ဗိုက်ကြီးတကားကားနဲ့ ခင်ဟာ စာတွေအော်ဟစ်သင်ဆဲ။
မီးဖွားခွင့် သုံးလကို မမွေးခင်တစ်လခွဲအလိုက ယူရမှာဖြစ်ပေမယ့် ခင် မယူသေးဘူး။
ခင်ဟာ ကျောင်းက ကလေးတွေအတွက် သူ့ခွန် သူ့အား ရှိသမျှ နဲ့ စာသင်ပေးခဲ့သူ။

'အိမ်မှာ တငုတ်တုတ်တုတ်နဲ့ မနေတတ်ပါဘူး မောင်ရယ်' တဲ့။

ခင်ဟာ သမီးလေးကို ကျွန်တော့်အတွက် မွေးဖွားပေးခဲ့တယ်။
သမီးလေးဟာ ကံကောင်းခြင်းတွေယူဆောင်လာလေရော့သလား။ သမီးလေး တစ်နှစ်အရွယ်မှာပဲ  ခင် ရာထူးတိုးခဲ့တယ်။
'မူလတန်းကျောင်းအုပ်' တဲ့။
ဒါပေမယ့် ခင် ရာထူးတိုးနဲ့ တာဝန်ကျတဲ့ရွာက အိမ်နဲ့ မိုင်၃၀ကျော် ဝေးတယ်။
သမီးလေးက ငယ်ပေမယ့် ခင်ဟာ သူမ တာဝန်ကို ကျေပြွန်ချင်သူမို့လား။
ခင်မနက်ဆို အစောကြီးထ။
အိမ်အတွက် ထမင်းဟင်း ချက်ပြုတ်။
ရေမိုးချိုး။ခြေဆုံးခေါင်းဆုံး သနပ်ခါးလိမ်းပြီး
သမီးလေးကိုလည်း အလှဆုံးပြင်ဆင်ပေး။
မနက် ၆နာရီခွဲတာနဲ့ သမီးလေးကို ထိုင်ကွင်းလေးထဲ ထည့်ပြီး စက်ဘီးလေးနဲ့ ကျောင်းကို သွားပါတော့တယ်။
ကျွန်တော့် အဖေ အမေ  က သူတို့ မြေးလေး နေ့တိုင်းပင်ပန်းနေတော့ အလုပ်ထွက်စေချင်တယ်။
ခင်က မထွက်ချင်ဘူး။
လစာလေး နည်းပေမယ့် ခင်ဟာ သူ့အလုပ်ကို တန်ဖိုးပိုထားပြခဲ့တယ်။
အနီးအနားမဟုတ်တော့ ကျွန်တော်လည်း ကျောင်းလိုက်မပို့နိုင်တော့ဘူး။
လေး ငါးလ ကြာတဲ့အခါ
သမီးလေး မကြာမကြာ ဖျားလာတယ်။
ပင်ပန်းတဲ့ဒဏ်တွေကြောင့် ဖြစ်မယ်။
ကျွန်တော့် အဖေ အမေ က တစ်ဘက်
ခင်က တစ်ဘက် သမီးလေးအတွက်နဲ့
ကတောက်ကဆလေးတွေ ဖြစ်လာတယ်။
လစာလေး နှစ်ပဲတစ်ပြား ရတဲ့ဆရာမအလုပ်ကို ထွက်ဖို့ ဆိုပြီး တွန်းအားပေးလာတယ်။
ခင်က လည်း သူ့ဘဝ သူ့ဝါသနာ သူမြတ်နိုးရာ ဆရာမအလုပ်ကို မစွန့်လွှတ်ခဲ့ဘူး။
ဒီလိုနဲ့ပဲ သမီးလေးကို အိမ်မှာ ထားခဲ့ပြီး
ခင်တစ်ယောက် စက်ဘီးလေးကို နင်း ပြီး
သူမ ရဲ့ကျောင်းကို မပြတ်တက်ခဲ့တယ်။
သမီးလေးကို မနက် တစ်ခါ ညနေ အပြန် တစ်ခါပဲ
နို့တိုက်နိုင်တယ်။

ဒီလိုနဲ့ ဆရာမယောက်ျား ကျွန်တော်ဟာ
နို့ဘူးဖျော်တဲ့နေရာမှာလည်း ကျွမ်းကျင်သူ ဖြစ်လာခဲ့ပါတော့တယ်။

💞💞💞💞💞💞💞💞💞💞💞

'မောင် လစာထုတ် အစည်းအဝေးက ကြာလိမ့်မယ်
မောင်နဲ့သမီးလေး ရုံးရှေ့ လဖက်ရည်ဆိုင်က စောင့်နေပေးနော်'

ဒီလိုရက်တွေဆို အတော်ဆိုးတယ်ဗျ။
မနက် ကိုးနာရီလောက်ကနေ နေ့လည် တစ်နာရီလောက်အထိ။
သူတို့ကတော့ ဘာတွေ ပြောကြတယ်မသ်ိပါဘူးဗျာ။
ကျွန်တော့်မှာတော့ ကလေးတစ်ဖက်နဲ့ လဖက်ရည်ဆိုင်မှာ။
သူများတွေက ပြောတယ်။

'မောင်ဦးရာ တောသူဌေးလုပ်နေပြီး
ခုလို ဒုက္ခတွေ ခံမနေစမ်းပါနဲ့' တဲ့။

တစ်ခွန်းပဲ ကျွန်တော် ပြန်ပြောမိပါတယ်။

'ချစ်တာကိုးဗျ' လို့။

💞💞💞💞💞💞💞💞💞💞💞

'မောင် ဒီနေ့ ရုံးကို ပရိဘောဂစာရင်း တင်ရမှာ'

'မောင်ရေ ခင့်ကျောင်းရှေ့ အုန်းပင်လေးတွေ တန်းစီ စိုက်ချင်တယ် ကလေးတွေက ငယ်တော့
မလုပ်တတ်ဘူးမောင်ရဲ့ မောင် လာစိုက်ပေးအုံးနော်'

'မောင့် သန်ဘက်ခါ ပညာရေးမှူးက ခင့်ကျောင်းကို လာစစ်မှာ
အဲဒါ မောင် သွားကြိုပေးအုံး'

'မောင့် ခင်တို့ ဆရာမတွေ အိမ်သာက ယိုင်နေလို့
အဲဒါ. . .'

ဘာတဲ့။ ကျွန်တော့်ကို ရွာထဲက တချို့က
'ကျွန်ဝယ်ရာ အစစ်ပါ' တဲ့။
ကျွန်တော် စိတ်မဆိုးပါဘူး။
ချစ်တဲ့ခင် ပျော်နေအောင် ပါရမီဖြည့်တယ်ပဲ သဘောထားပါတယ်။
ခင် ဟာ အလုပ်ကြိုးစားတယ်။
စာသင်ကောင်းတယ်။
စာမကျက်ရင် ရိုက်တယ်။
မှတ်မိသေးတယ်။
တစ်ခါတော့ ကလေးတစ်ယောက်ရဲ့ခြေထောက်ကို ကြိမ်လုံးနဲ့ရိုက်မိရာက သွေးထွက်တဲ့အထိ ဖြစ်ပါ
လေရော။
တကယ်က ကလေးရဲ့ခြေသလုံးမှာ အနာက ရှိပြီးသား။ အဲ့ပေါ်ကို ရိုက်မိတော့ သွေးထွက်တာပေါ့ဗျာ။
မိဘက ရုံးတွေထိ တက်တိုင်တယ်။
ခင့်ကို ပညာရေးမှူးက ခေါ်စစ်တယ်။
အဲဒီရွာ ဥက္ကဋ္ဌကလည်း ခေါ်မေးတယ်တဲ့။
ကရုဏာဒေါသော ရဲ့ နောက်ဆက်တွဲတွေပါ။
ခင်ဟာ တစ်သက်လုံး နာမည်ကောင်းရလာပြီးမှ
သူ့မှာ ရုံးရောက် ကန္နားရောက်ဖြစ်ရတယ်ဆိုပြီး
စိတ်အဆင်းရဲကြီး ဆင်းရဲခဲ့ရှာတယ်။
ကျွန်တော်သနားလိုက်တာဗျာ။
ခင့် စိတ်ရင်းအကြောင်း ကျွန်တော်အသိဆုံးပါ။
သမီးလေးကိုလည်း ပိပိရိရိလေး နေတတ်အောင် သင်တတ်သူ ခင်ဟာ
သူများသားသမီးကို အသားလွတ်ကြီးတော့ ရိုက်နှက်ပစ်ခဲ့မှာ မဟုတ်ပါဘူး။
အဲဒီကာလတွေ ကျွန်တော် ခင့်ကို တော်တော် အားပေးခဲ့ရတယ်။
ခင်တစ်ယောက် ကျောင်းသွားခါနီးရင် မျက်နှာ မရွှင်တော့ဘူး။
ကျွန်တော် စိုးမိပါတယ်။
ခင့်ကို ကူညီရတယ်။ ခင့်လက်ထောက် ဆရာ/မတွေကို လည်း အကူအညီတောင်းပြီး အလုပ်ခွင်မှာ ဖေးမ ပေးဖို့ ပြောရတယ်။
အလုပ်တွေ ဝိုင်းကူတယ်။
ပညာရေးမှူးရုံးမှာ အရေးပါတယ်ထင်ရသူမှန်သမျှ ကျွန်တော့် လယ်ထွက်သီးနှံလေးတွေ ခင်မသိအောင် လက်ဆောင်ပေးခဲ့တယ်။
ဘယ်လိုပဲ ဖြစ်ဖြစ်ပါ။
ဆရာမလေးရဲ့ ခင်ပွန်းဟာ ဆရာမလေးအတွက် ပါရမီဖြည့်ရမယ်မလား။

💞💞💞💞💞💞💞💞💞💞💞

'ဒေါ်ခင် (B.A,B.Ed)'
ကျောင်းအုပ်ကြီး
အထက ၁ တောင်တွင်းကြီးမြို့။

ခင့် ရဲ့ တံဆိပ်တုံးလေးဟာ ခန့်ညားလှတယ်။
မှတ်မှတ်ရရ ကျွန်တော်ကိုယ်တိုင် ဘလောက်တုံးစက်ရုံမှာ သွားအပ် သွားရွေး လာခဲ့တဲ့ တံဆိပ်တုံးလေး။

'ဆရာမကြီးဒေါ်ခင် လက်ထက်ကလေ
အရမ်းတိုးတက်ခဲ့တာ'

'စည်းကမ်းလည်းကောင်း ဆရာ/မတွေအားလုံးကိုလည်း စံနမူနာ အဖြစ်နေပြခဲ့တာ'

'သူ့လို ကျောင်းအုပ်ကြီးကတော့ ဘယ်တော့မှ ပြန်မရနိုင်တော့ပါဘူးလေ'

ဒီလိုစကားသံလေးတွေ ကြားရတော့ ကျွန်တော်ပျော်တယ်ဗျာ။
လူကလည်း မနက် ဆို တရားထိုင်ပြီးတာနဲ့
လမ်းထိပ်က လဖက်ရည်ဆိုင် သွားလိုက်ရမှ။
ခင်ကတော့ အဲဒီလို အချိန်ဆို ဘုရားဝေယျာဝစ္စတွေနဲ့ အလုပ်ရှုပ်နေပြီ။
သမီးလေးလည်း ခုဆို ဘီအီးဒီဆင်း ဆရာမ တစ်ယောက် ဖြစ်နေပြီ။

ပင်စင်စားဆရာမကြီး ဒေါ်ခင်။
ခုထိ တော့ ကျွန်တော့်မျက်စ်ိထဲမှာ ဆရာမလေး ပါပဲ။
အလိုမကျတာရှိရင် ပူညံပူညံလေး လုပ်လာတတ်တာက လွဲရင် ခင်ဟာ ချစ်စရာကောင်းနေဆဲ။
ခင့် ကေသာဟာ အဖြူရောင် ဖြစ်နေပြီ။
အရင်က စက်ဘီးနောက်ကလိုက်ရင်း ဖက်ခဲ့တဲ့ လက်လေးတွေ ခုဆို အရေတွေ တွန့်နေပြီ။
တစ်သက်လုံး လုပ်ငန်းခွင်မှာ အော်လိုက် ဟစ်လိုက်နဲ့
ခင်ဟာ ကျွန်တော့်ထက် ပိုအိုစာနေရှာတယ်။
ဒါပေမယ့် ကျွန်တော့် မျက်လုံးထဲ လှပါတယ်။
ဆန်စက်လုပ်ငန်းလေးကို
ယုံကြည်ရတဲ့ တူတော်မောင်နဲ့ အကျိုးတူ လုပ်ကိုင်နေတဲ့ကျတော့်ဟာ အခုတော့ ကျွန်တော့်အမျိုးသမီးဆရာမလေး အနား အေးချမ်းစွားနေနေပါတယ်။
အသက်ခြောက်ဆယ် မှပဲ ခင်နဲ့အတူ တစ်ရက်မှာ၂၄ နာရီအပြည့် နေနိုင်တော့တယ်။
ပြန်တွေးတိုင်း ခင်နဲ့အတူမနေခဲ့ရတဲ့အချိန်တွေကို နှမြောမိပါတယ်။ ဒီလိုနဲ့ပဲ ဘဝနေဝင်ချိန်တောင် ရောက်လာပါပေါ့လား။

အင်းလေ. . .
ကျွန်တော်က ဆရာမ ယောက်ျား မဟုတ်လားဗျ။ :)

(ပညာရေးဝန်ထမ်းများ၏ ဒုက္ခကူဖော် ပါရမီဖြည့်ဘက်များကို  ဦးညွှတ်လျက်)
                           ကောင်း (မန္တလေး)
                 22/8/17-tue- 07:10 am

Credit- Post

ပ ညာ နဲ့ အ တ္တ က ပြောင်း ပြန် အ ချိုး ကျ တယ် ။

" ပ ညာ နဲ့ အ တ္တ "

ပ ညာ နဲ့ အ တ္တ က ပြောင်း ပြန် အ ချိုး ကျ တယ် ။

ပ ညာ များ ရင် အ တ္တ နည်း တယ် ၊ ပ ညာ နည်း ရင် အ တ္တ များ တယ် ။

ဒီ နေ ရာ မှာ အ တ္တ ဆို တာ ဘာ လဲ လို့ အား လုံး သိ နိုင် ကြ ပေ မယ့် ပ ညာ ဆို တာ ဘာ လည်း ဆို တာ အ များ စု က အ မှန် ကို မ သိ ကြ ဘူး ။

ကျောင်း က သင် ပေး လိုက် တဲ့ အ တန်း တွေ အ ဆုံး ထိ အောင် ရင် ပ ညာ တတ် လို့ ယူ ဆ တဲ့ သူ လည်း ရှိ တယ် ။

အ သက် မွေး ဝမ်း ကျောင်း အ တွက် အ တတ် ပ ညာ တစ် ခု ခု ကျွမ်း ကျင် တာ ကို ပ ညာ လို့ ယူ ဆ တဲ့ သူ လည်း ရှိ တယ် ။

ဘာ သာ စ ကား အ မျိုး မျိုး ပြော တတ် တာ ကို ပ ညာ လို့ ယူ ဆ တဲ့ သူ တွေ ရှိ သ လို စစ် လက် နက် တွေ ဗုံး တွေ တီ ထွင် တာ ကို ပ ညာ လို့ သတ် မှတ် တာ လည်း ရှိ တယ် ။

တစ် ချို့ တွေ က လိမ် လည် လှည့် ဖြား ပြီး စီး ပွား ရှာ တတ် တဲ့ သူ ကို လည်း ပ ညာ ရှိ လို့ သတ် မှတ် တတ် ကြ ပြီး အာ ဘောင် အာ ရင်း သန် သန် နဲ့ လူ အ ထင် ကြီး အောင် လူ တွေ ယုံ အောင် ပြော နိုင် တဲ့ သူ တွေ ကို လည်း ပ ညာ ရှိ လို့ ထင် တတ် ကြ တယ် ။

ပြော ရ ရင် တော့ သာ မန် လူ တွေ အ တွက် သူ တို့ မ သိ တာ ပြော ပေး နိုင် တဲ့ သူ ၊ လုပ် ပြ နိုင် တဲ့ သူ တိုင်း ကို ပ ညာ ရှိ လို့ သတ် မှတ် တတ် ကြ တယ် ။ ဥ ပ မာ မျက် လှည့် ဆ ရာ တို့ ဗေ ဒင် ဆ ရာ တို့ ကို ပ ညာ ရှင် လို့ သတ် မှတ် ကြ တယ် ။

လော ကီ အ ရေး မှာ တော့ လူ တိုင်း က သူ့ လိုင်း နဲ့ သူ ပ ညာ ရှိ တွေ ချည်း ပါ ပဲ ။ အ ခု လို Online facebook တွေ ပေါ် လာ ပြီး ဖုန် ကဒ် တစ် ခု ၁၀၀၀ ကျပ် လောက် နဲ့ ရောင်း နိုင် တဲ့ ခေတ် မှာ ပို ပြီး တော့ ပ ညာ ရှင် တွေ များ တယ် ။

ပ ညာ ဆို တာ စေ တ သိက် ပါ ။ စေ တ သိက် ဆို တာ စိတ် ကို ခြယ် လှယ် မောင်း နှင် နိုင် တဲ့ အ ရာ ပါ ။

စိတ် ရဲ့ မူ လ အ ရင်း ခံ က အ ဖြူ ရောင် လက် ကိုင် ပု ဝါ လေး လို ပဲ ဖြူ စင် တယ် ။ ဒါ ကို စေ တ သိက် ဆို တဲ့ အ ရောင် တွေ လာ ဆိုး လိုက် ရင် အဲ့ ဒီ အ ရောင် အ တိုင်း စိတ် က ဖြစ် သွား တယ် ။

သ ဘော က အ နီ ရောင် စေ တ သိက် လာ ဆိုး ရင် အ နီ ရောင် လက် ကိုင် ပု ဝါ လေး ဖြစ် သွား တယ် ။ အ ဝါ ရောင် စေ တ သိက် လာ ဆိုး လိုက် ရင် အ ဝါ ရောင် လက် ကိုင် ပု ဝါ လေး ဖြစ် သွား တယ် ။

ဒေါ သ ဆို တဲ့ စေ တ သိက် ပေါ် လာ ရင် ဒေါ သ စိတ် ဖြစ် သွား တယ် ။ လော ဘ ဆို တဲ့ စေ တ သိက် ပေါ် လာ ရင် လော ဘ စိတ် ဖြစ် သွား တယ် ။

ကု သိုလ် စေ တ သိက် ပေါ် လာ ရင် ကု သိုလ် စိတ် ဖြစ် လာ ပြီး အ ကု သိုလ် စေ တ သိက် ဖြစ် လာ ရင် အ ကု သိုလ် စိတ် ဖြစ် လာ တယ် ။ ဒါ တွေ ကို အ ဘိ ဓ မ္မာ နား လည် တဲ့ သူ တွေ သိ ကြ ပါ တယ် ။ ပြော ချင် တာ က ပ ညာ အ ကြောင်း ပါ ။

ပ ညာ ဆို တာ အ ရာ အား လုံး ကို အ မျိုး မျိုး အ ဓိ ပါ္ပယ် ဖွင့် ပြီး ပြော နိုင် ကြ ပေ မဲ့ အ နိ စ္စ ၊ ဒု က္ခ ၊ အ န တ္တ နဲ့ ကံ ကံ ရဲ့ အ ကျို တွေ သ စ္စာ လေး ပါး အ စ ရှိ တဲ့ များ ပြာ တဲ့ တ ရား တွေ ကို သိ တာ ကို သာ စစ် မှန် သော ပ ညာ လို့ ခေါ် ပါ တယ် ။

လေး သ မား အ ကျော် အ မော် တွေ ဟာ စက် ဝိုင်း ကို မှန် အောင် မြား နဲ့ ပစ် နိုင် သ လို စစ် မှန် တဲ့ ပ ညာ ဟာ အ မှား မ ရှိ တိ ခ နဲ တိ ခ နဲ သိ ပါ တယ် ။

ဒါ ကြောင့် တ ကယ့် ပ ညာ ရှိ တွေ ဟာ အ မှား အ မှန် ကို တိ တိ ကျ ကျ ဆုံး ဖြတ် နိုင် ကြ ပါ တယ် ။

အ တ္တ ဘာ လို့ ကြီး နေ ရ လဲ ဆို ရင် " ငါ " ဆို တဲ့ " ငါ " ကြီး ကို က ရှိ မှ မ ရှိ တာ ကို မ သိ ကြ လို့ ပေါ့ ။ သံ သ ရာ ဆို တာ ဒီ တစ် ဘ ဝ တည်း မ ဟုတ် ဘူး ဆို တာ ၊ ကောင်း တာ လုပ် လုပ် ဆိုး တာ လုပ် လုပ် ကိုယ် လုပ် တဲ့ အ လုပ် အ တိုင်း ကိုယ် ထား တဲ့ စိတ် အ တိုင်း ပြန် ရင် ဆိုင် ခံ ရ မှာ ပဲ ( သ ဘော က ဝဋ် ဆို တာ လည် မှာ ပဲ ) ဆို တာ တွေ ကို သိ နိုင် တဲ့ ပ ညာ မ ရှိ လို့ ပေါ့ ။

ကံ ကံ ရဲ့ အ ကျိုး ကို မြတ် စွာ ဘု ရား ပဲ အ ကုန် သိ နိုင် မြင် နိုင် တယ် ။ ဒါ ကြောင့် မြတ် စွာ ဘု ရား က လွဲ ရင် စ ကြာ မင်း ဖြစ် ဖြစ် သိ ကြား မင်း ဖြစ် ဖြစ် ဗြ ဟ္မာ မင်း ဖြစ် ဖြစ် ဘယ် သူ မှ ဘာ မှ မ ဟုတ် ကြ ဘူး ။

မြတ် စွာ ဘု ရား ရဲ့ တ ရား တွေ ကို သေ ချာ နား လည် မှ မြတ် စွာ ဘု ရာ က အံ့ သြ စ ရာ ကောင်း လောက် အောင် ဒီ တ ရား တွေ ကို သိ ခဲ့ မြင် ခဲ့ တယ် ဆို တာ သိ လာ လိမ့် မယ် ။ ဒီ အ ခါ မှ မြတ် စွာ ဘု ရား ဘယ် လောက် အံ့ သြ ချီး ကြူး ဂုဏ် ပြု အပ် သ လဲ ဆို တာ တွေး နိုင် လိမ့် မယ် ။

တ ရား မ သိ ရင် ဘု ရား ကို မ မြင် နိုင် ပါ ဘူး ။ ဘု ရား ကို မ မြင် နိုင် တော့ ဘု ရား ကို ကိုး ကွယ် တဲ့ အ ဆင့် ကို မ ရောက် ကြ တော့ ဘူး ။ နတ် ကိုး ကွယ် တယ် ၊ ဗေ ဒင် ကိုး ကွယ် တယ် ယ တြာ ကိုး ကွယ် တယ် ။ တစ် ချို့ လူ ပု ဂ္ဂိုလ် တွေ ကို ဘု ရား လို ကိုး ကွယ် နေ ကြ တယ် ။ ကိုး ကွယ် တယ် ဆို တာ ယုံ ကြည် အား ထား တာ ။

ဘု ရား ကို ကိုး ကွယ် တာ သံ သ ရာ ဝဋ် ဆင်း ရဲ က လွတ် မြောက် ဖို့ ။ လက် ရှိ မြန် မာ ပြည် က လူ တွေ က သံ သ ရာ လောက် ကို မ တွေး နိုင် ကြ သေး ဘူး ။ ဒီ တော လက် ရှိ ဘ ဝ ဆင်း ရဲ က လွတ် မြောက် ဖို့ အ တွက် ကို လူ ပု ဂ္ဂိုလ် တွေ ကို ကိုး ကွယ် နေ ကြ ရ တယ် ။

ဒီ လို လက် ရှိ ဘ ဝ မ ဆင်း ရဲ ချင် လို့ ၊ နေ ရာ ရ ချင် လို့ လူ ပု ဂ္ဂိုလ် အာ ဏာ ရှိ တွေ ကို ဘု ရား လို ကိုး ကွယ် နေ ကြ ရင်း အဲ့ ဒီ လူ တွေ ငြို ငြင် မှာ ကြောက် လာ ကြ တယ် ။ အဲ့ ဒီ လူ တွေ ကိုယ့် ကို ပို ပြီး အ သိ အ မှတ် ပြု ဖို့ ကြိုး စား လာ ကြ တယ် ။ အဲ့ ဒီ လူ ငြို ငြင် မယ့် အ လုပ် ကို ကိုယ် တိုင် မ လုပ် တဲ့ အ ပြင် သူ များ ကို လည်း လုပ် လို့ မ ရ အောင် ဖိ အား ပေး ပိတ် ပင် လာ ကြ တယ် ။

ဒီ လို နဲ့ ပဲ အ တ္တ တွေ ကြီး ကြီး လာ ကြ ပါ တယ် ။

ကိုယ် အား ကိုး ထောက် ခံ တဲ့ သူ ကို ဘယ် သူ မှ ဘာ မှ မ ပြော နဲ့ ဖြစ် လာ တယ် ။ နောက် ဆုံး အဲ့ ဒီ လူ အ တွက် အ သေ တောင် ခံ လိုက် မယ် ဆို တဲ့ အ ထိ ဖြစ် လာ ပြော လာ ကြ တယ် ။

ဒါ သေ ချာ တွေး ကြည့် ရင် မြတ် စွာ ဘု ရား ဟော ခဲ့ တဲ့ သံ သ ရာ ဆို တဲ့ အ ဆင့် အ ထိ မ မြင် နိုင် ကြ သေး လို့ ၊ လက် ရှိ ဘ ဝ မှာ ကို ပဲ တစ် နေ့ သေ မယ် ဆို တာ မ ဆင် ခြင် နိုင် သေး လို့ ။ ပြော ရ ရင် အ မှား အ မှန် ကို တိ ခ နဲ တိ ခ နဲ သိ နိုင် တဲ့ ပ ညာ မ ရှိ သေး လို့ ၊ အဲ့ ဒီ လို သ မု တိ သ စ္စာ အ ထိ ပ ညာ မ ရောက် သေး လို့ ပါ ။

သူ များ ကို လိမ် ညာ ပြော ဆို တတ် တဲ့ ပ ညာ ကို ပ ညာ အ တု " မာ ယာ " လို့ ခေါ် တယ် ။ တ ဏှာ ပြ ဌာန်း တဲ့ အ ကု သိုလ် စိတ် တ္တု ပ္ပာ ဖြစ် ပါ တယ် ။

ဆန်း ဆန်း ပြား ပြား လက် နက် တွေ တီ ထွင် နိုင် တာ က လည်း အ ကု သိုလ် မှာ ယှဉ် တဲ့ ဝိ တက် စေ တ သိက် တွေ ဖြစ် ပါ တယ် ။

အ တ္တ သိပ် များ တဲ့ သူ တွေ မ ကြီး ပွား နိုင် သ လို အ တ္တ ကြီး တဲ့ သူ တွေ များ တဲ့ နိုင် ငံ လည်း မ ကြီး ပွား မ တိုး တက် နိုင် ပါ ဘူး ။

ပ ညာ ရှိ တွေ များ လေ လေ အ တ္တ တွေ နည်း လေ လေ တိုင်း ပြည် တိုး တက် လေ လေ ဖြစ် မှာ ပဲ ။

ပ ညာ ရှိ တွေ က စစ် မှန် တဲ့ ပ ညာ ရှိ တွေ ဖြစ် ဖို့ တော့ လို တယ် ။

မိုး တင့် ( ရန် ကုန် တ က္က သိုလ် )
၆ ၊ ၄ ၊ ၂၀၁၉

                                                မိုး တင့် ဆွေ
                                                ၇ ၊ ၄ ၊ ၂၀၁၉
                                                တ န င်္ဂ နွေ ။