သမိုင်းကိုလေ့လာရင်း ပိုပြီး မ အ လာသင့်ဘူး
=========================
တောင်ငူ-မြောက်ဦး စစ် နဲ့ပတ်သက်လို့
လေ့လာခဲ့တာ နှစ်လကျော်ခဲ့ပြီ။ ပထဝီ
အနေအထားကိုလည်း ဒေသနှစ်ခုလုံးမှာ
နေဖူးလို့ ရင်းနှီးနေတယ်။
မနေ့က ရခိုင်လူမျိုးသမိုင်းဆရာတစ်ယောက်က အင်အားသေးငယ်လှတဲ့ မြောက်ဦးဘုရင့်
နိုင်ငံတော်ဟာ အင်အားကြီးလွန်းတဲ့ တောင်ငူအင်ပါယာထဲမပါခဲ့တာဟာ ယုတ္တိမတန်သလို post ရေးတယ်။ ဘူးလက်လှဆွေက
လည်း သံတွဲဟာ ရခိုင်အပိုင်မဟုတ်ဘူးဆိုပြီး
ရယ်စရာလုပ်တယ်။ သူတို့ပြောချင်တာက
ရခိုင်ဆိုတာ ထင်သလောက် မကြီးကျယ်ခဲ့ဘူး
လို့ message ပေးချင်တာဖြစ်ပါလိမ့်မယ်။
Comment တွေကိုဖတ်ကြည့်လိုက်တော့လည်း အားမရဘူး။
ကျွန်တော်တို့ရခိုင်မှာ သမိုင်းပညာရှင်မျိုးဆက်မပြတ်ခဲ့ဘူး။ဦးစံရွှေဘု၊ဦးစံသာအောင်၊ဦးဦးသာထွန်း၊ ဒေါက်တာအေးကျော်၊ဒေါက်တာ အေးချမ်းစသည်ဖြင့် မျိုးဆက်မပြတ်ခဲ့ဘူး။ အခုလည်း သမိုင်းဒေါက်တာဘွဲ့ကို
စင်္ကာပူ အမျိုးသားတက္ကသိုလ်ကယူထားတဲ့ ရခိုင်လူငယ်တွေတောင် ရှိနေကြပြီ။ ရာဇဝင်ဖက်မှာလည်း ရွက်ပုန်းသီးပညာရှင်တွေ ဟာ
အခုထိ မျိုးဆက်မပြတ်ရှိနေတုန်း။ ရခိုင်လောက်ဘယ်လူမျိုးမှ ကိုယ့်သမိုင်းအကြောင်း
ကိုယ်မသိကြဘူး။ ဒါကြောင့် ပညာရှင်တွေကို ကျော်လွန်ပြီး သမိုင်းကောက်ချက်တွေကို မချချင်ဘူး။
ဒါပေမယ့် ပညာရှင်တွေက ဖက်မပြောချင်တဲ့ သမိုင်းဆရာအချို့ရဲ့ research မဲ့ ကောက်ချက်ဆွဲ နေမှုအပေါ်မှာတော့ လေ့လာသူတစ်ယောက်အနေနဲ့နည်းနည်း တုံပြန်ပါရစေ။
အရင်ဆုံး ကမ္ဘာ့အသိအမှတ်ပြုပညာရှင်တစ်ဦး
တင်ဆပ်ထားတဲ့ တောင်ငူ-မြောက်ဦး စစ်ပွဲကို
အကျဉ်းချုပ်ဘာသာပြန် ဖော်ပြပေးပါ့မယ်။
တောင်ငူ-မြောက်ဦးစစ်
------------------------------------------
ရက်စွဲ = 12 Oct 1545-30 Jan 1547
စစ်နယ်မြေ =ရခိုင်ဒေသ
ရလာဒ်= မြောက်ဦးဘုရင့်နိုင်ငံတော်မှအနိုင်ရသည်
နယ်ပယ်အပြောင်းအလဲ=စစ်မဖြစ်ခင်ကအတိုင်းတည်ရှိသည်။
တိုက်ခိုက်ကြသူများ
--------------------------
လာရောက်တိုက်ခိုက်သူ=တောင်ငူနိုင်ငံတော်
ခုခံတိုက်ခိုက်သူ=မြောက်ဦးဘုရင့်နိုင်ငံတော်
စစ်ဦးစီးများ
------------------
တောင်ငူ...................................မြောက်ဦး
၁။ တပင်ရွှေထီး.................... ၁။မင်းဘင်
ဘုရင့်နောင်...........................၂။မင်းတိက္ခ
နန္ဒသင်္ကြန်............................၃။ဇုန်ဒက်
သမိန်ဗြက်သာမိတ်
သီရိဇေယျကျော်ထင်
နန္ဒယောဒ
စစ်တု ရင်ဂသူ
သမိန်အိန်နေး
စလင်းစည်သူကျော်ထင်
ဒီရေဂိုဆောရီးစ်
စစ်တပ်ဖွဲ့စည်းပုံ
------------------------------
၁။ ဗမာ့ဘုရင့်.................၁။ရခိုင့်ဘုရင့်
တပ်မတော်..................တပ်မတော်
၂။ဗမာ့ဘုရင့်...................၂။ရခိုင့်ဘုရင့်
ရေတပ်...............................ရေတပ်
၃။ပေါ်တူဂီ.......................၃။ပေါ်တူဂီ
ကြေးစားတပ်..................ကြေးစားတပ်
အင်အား
----------
ပထမအကြိမ်ထိတွေ့မှု(1545)
တောင်ငူတပ်သား လေးထောင်။
မြောက်ဦးတပ်မ (၆)မ။
(မြောက်ဦးနိုင်)
ဒုတိယအကြိမ်ထိတွေ့မှု(1546-47)
တောင်ငူ=စစ်သည် ၁၉၀၀၀+ရေတပ် ၄၀၀၀
မြောက်ဦး=စစ်သည် ၂၀၀၀၀ ကျော်+ရေတပ်
ဖြစ်ပွားရသောအကြောင်းအရင်း
-------------------------------
၁။ ရခိုင်ဘုရင် မင်းဘင် က တောင်ငူ-အင်းဝ
စစ်ပွဲမှာ အင်းဝကို အကူအညီပေးလို့။
၂။ သံတွဲစား ဦးရီးတော် မင်းအောင်လှကို
တူတော် မင်းဘင်က ဖယ်ရှားမှုကို တောင်ငူ
ကဝင်ရောက်စွက်ဖက်မှု။
စစ်ဖြစ်ပွားခြင်း
----------------------------
၁။ ပထမအကြိမ်ထိတွေ့မှု
၁၅၄၅ အောက်တိုဘာမှာ မြောက်ဦးဘုရင် မင်းဘင် ဟာ သံတွဲစားဦးရီးတော်ကို ဖယ်ရှားပစ်ဖို့ တပ်မ(၆)မ ကို သံတွဲကိုစေလွှတ်တယ်။
သံတွဲသို့တောင်ငူကစစ်ကူ လေးထောင်ပို့ပေးပေမယ့် ရခိုင်တွေက သံတွဲကိုအရင်ရောက်ပြီးမြို့ကိုသိမ်းတယ်။တောင်ငူတပ်
ကိုခုခံတိုက်ခိုက်ဖို့ တပ်ဖျောက်ပြီးစောင့်ဆိုင်းနေတယ်။ တောင်ငူတပ်လူလေးထောင်ဟာ အငိုက်မိသွားပြီး မြောက်ဦးတပ်မ (၆)
တပ်ရဲ့ ချေးမှုန်းခြင်းကိုခံလိုက်ရတယ်။
ဦးရီးတော်ကတော့ မြို့အသိမ်းခံရကတည်းက တောင်ငူတပ်ကို စောင့်ရင်းရှောင်တိမ်းနေရတယ်။တောင်ငူတပ်ရှုံးတော့ တပင်ရွှေထီးဆီမှာသွားရောက်ခိုလှုံခဲ့တယ်။
ဒုတိယအကြိမ်ထိတွေ့မှု
-----------------------------------
တိုက်စစ်၊ခံစစ်ပြင်ဆင်မှု
++++++++++
စစ်ဘုရင်တပင်ရွှေထီးဟာ ပထမအကြိမ်ရှုံးနိမ့်မှုကြောင့် ဒုတိယချီတက်တက်ခိုက်မှုအတွက် အသေအချာ စီမံတယ်။
တပ်သား ၁၉၀၀၀ ၊မြင် ၄၀၀၊ ဆင် ၆၀၊ပေါ်တူဂီကြေးစား အမြောက်တပ် တွေနဲ့ ကြည်းရေစစ်ကြောင်းနှစ်ကြောင်းနဲ့
သံတွဲကိုအရင်ချီတယ်။ တောင်ငူတပ်မှာ ရှမ်းတပ်၊မွန်တပ်၊ပေါ်တူဂီတပ်၊ကိုယ်ရံတော်တပ်တွေနဲ့စုပေါင်းဖွဲ့စည်းထားတယ်။
ရခိုင်ဘုရင်မင်းဘင်ကလည်း တောင်ငူတပ်ကို
ခုခံချေမှုန်းဖို့ အသေအချာပြင်ဆင်ထားတယ်။ သံတွဲကို တည်ကြက်ထားပြီး အပြီးသတ်ချေမှုန်းမှုကို မြောက်ဦးဒေသမှာ အဆုံးသတ်ပေးဖို့ စစ်ဗျူဟာကို ရွေးချယ်ထားတယ်။
ရခိုင်ခံစစ်မျက်နှာကို ခံတပ် (၁၁)ခုနဲ့ကွန်ရက်စနစ် တည်ဆောက်ထားတယ်။ ခံတပ်တစ်ခုချင်းစီမှာ ရေကျုံး၊မီးကျုံး၊တံတိုင်း၊ရေကန်တွေ
ပါရှိတယ်။
မြောက်ဦး မြို့တော်မှာ စားနက်ရိက္ခာအပြည့်ဖြည့်ထားတဲ့အပြင် ရေကန်ကြီးတွေ၊တူးမြောင်းကြီးတွေကိုလည်းရေအပြည့်ဖြည့်ထားတယ်။
မြို့ကို ကျောက်တံတိုင်းကြီးတစ်ထပ်နဲ့ကာကွယ်ထားပြီး ရေကျုံး၊မီးကျုံး၊ကျုံးခြောက်၊
သုံးထပ်နဲ့တားဆီးထားတယ်။ သတ်ကွင်းကို
ရန်သူဝင်ရောက်နိုင်အောင် မက်လုံးပေးထားတယ်။
တပင်ရွှေထီးတပ်တွေဟာ ကြည်းကြောင်း ၄၀၀၀၊ ရေကြောင်းချီ စစ်သည် ၁၅၀၀၀
ကို တိုက်လှေ ၈၀၀၊သံလှေ ၅၀၀၊ကုန်လှေ ၁၀၀
ပေါ်မှာတင်ပြီး ၁၅၄၆ ခုနှစ် အောက်တိုဘာ
မှာစတင်ချီတက်တယ်။
ထိတွေ့တိုက်ခိုက်ခြင်း
++++++++++
မင်းတိက္ခခေါင်းဆောင်တဲ့ ရခိုင်စစ်သင်္ဘော ၃၅ စင်းဟာ နာဂရစ်အငူ ကစောင့်ပြီး တောင်ငူရေကြောင်းချီတပ်ကို
စစ်မြှူပြီးပိတ်ဆို့ဖို့ကြိုးစားတယ်။
တပင်ရွှေထီးဟာ ရခိုင်စစ်သင်္ဘောစုနဲ့
ထိတွေ့တိုက်ခိုက်မှုမလုပ်ဘဲ ရှောင်ထွက်ခါ
သံတွဲအရောက်ချီတက်ခဲ့တယ်။
၁၅၄၆ အောက်တိုဘာ ၂၈ ရက်နေ့မှာ သံတွဲ
တောင်ဖက်ပိုင်းမှာ တောင်ငူကြည်းကြောင်းချီတပ်နဲ့ရေကြောင်းချီတပ်တို့
တွေ့ဆုံပူးပေါင်းတယ်။
ရခိုင်တွေရေးဆွဲထားတဲ့အတိုင်း တောင်ငူတပ်တွေက သံတွဲကို အပြင်းအထန်မတိုက်ခိုက်ပဲ
ရသွားတယ်။တပင်ရွှေထီးက ဦးရီးတော်
မင်းအောင်လှ ကို သံတွဲမှာ နန်းတင်တယ်။
ရခိုင်တပ်တွေက တောင်ငူတပ်တွေကို အတို့အဆိပ်ကလေးနဲ့ စစ်မြှူ ခဲ့တယ်။
၁၅၄၇ ၊ဇန်နဝါရီမှာ တောင်ငူတပ်တွေဟာ သံတွဲ
မှမြောက်ဦးသို့ စစ်ချီတယ်။
ဇန်နဝါရီဒုတိယပတ်လောက်မှာ တောင်ငူတပ်ဟာ မြောက်ဦးခံစစ်ဇုံကို စတင်ခြေချမိ
တယ်။
ရခိုင်တွေရဲ့ စစ်ဗျူဟာမှာ လှည့်စားမှုတွေ အများကြီးရှိခဲ့တယ်။အဓိကချေမှုန်းပစ်ရမယ့်
နေရာမှာ အင်အားကို နည်းနည်းသုံးပြီး
ပထဝီအားသာချက်ကိုသုံးတယ်။ မြှူ စစ်နဲ့
ခွာစစ်တွေမှာ အင်အားထုထည်နဲ့သုံးတယ်။
ရခိုင်တွေရဲ့အားသာချက်က ရေကြောင်း
တိုက်ပွဲဖြစ်တယ်။ တောင်ငူတပ်ကလည်း
ဒီအားသာချက်ကိုသိထားတယ်။ ဒါကြောင့်
မြောက်ဦးမြို့အနောက်ဖက် ကုလားတန် မြစ်ကြောင်းချီတပ်ကိုအပြည့်နဲ့ ချီတက်စေခဲ့တယ်။
ဒီရေအတက်ကိုအားကိုးပြီးတက်လာတဲ့ တောင်ငူရေတပ်ဟာပိုးချီကျွန်းအရောက်မှာ ရခိုင်
ရေတပ်နဲ့ပေါ်တူဂီကြေးစားတပ်ရဲ့
နှစ်ဖက်ညှပ်ဖျက်ဆီးခြင်းကို ခံလိုက်ရတယ်။
နောက်ချန်ရေတပ်ဟာလည်း ရေအဆန်ကို
မတက်နိုင်လို့ အကူအညီမပေးနိုင်ခဲ့ဘူး။
တပင်ရွှေထီးရဲ့ မုတ္တမရေကြောင်းအတွေ့အကြုံဟာ ကုလားတန်မြစ်မှာ နှစ်မြှုပ်ခံလိုက်ရတယ်။
ကြည်းကြောင်းချီတောင်ငူတပ်တွေက
တော့ မြောက်ဦးအရှေ့တောင် တဖက်သို့ ဦးတည်ချီတက်လာခဲ့တယ်။ ရခိုင်တွေဟာ ကုလားတန်မြစ်ကြောင်းကို ကာကွယ်နိုင်ခဲ့ပေမယ့် လောင်းကြတ် ကိုတော့ လက်လွှတ်လိုက်ရတယ်။
( ဘာကြောင့် လောင်းကြတ်ခံတပ်ကိုလက်လွှတ်ခဲ့သလဲဆိုတာကို သိရှိနိုင်ဖို့ ပြီးခဲ့တဲ့ နှစ်ပတ် တနင်္ဂနွေနေ့မှာ လောင်းကြတ်ကိုသွားရောက်လေ့လာခဲ့တယ်။ Ko KoGyi နဲ့MyoTheim အကူအညီနဲ့ လက်မ၊နဂါရာ၊နန်းကျ၊လောင်းကြတ် ရေကြောင်းသမိုင်းကျွမ်းကျင်သူ ဆီမှာ မေးမြန်းခွင့် ရခဲ့တယ်။ နှစ်ပေါင်း ၄၇၂ ကျော်က ရေကြောင်းကို နှစ် တစ်ရာတစ်ကြိမ်ပြောင်းလဲမှုနဲ့ အခြေခံခန့်မှန်းကြည့်မိတယ်။
အခု လောင်းကြတ်ချောင်းဟာ ရန်မောင်
ချောင်းအဖြစ် လောင်းကြတ်တောင်မော်မှာ မြစ်ဖျားခံခဲ့ပြီးပင်မချောင်းအဖြစ်ရှိခဲ့တယ်လို့ပြောပါတယ်။လောင်းကြတ်ောင်အနောက်ဖက်ကတော့လေးမြို့ချောင်းတည်ရှိခဲ့ပါသတဲ့။ ရခိုင်လောင်းကြတ်ခံတပ်ဟာ
အဲဒီခေတ်က မြောက်ဦးကို ကာကွယ်ပေးဖို့
စိုးမိုးကုန်းလိုဖြစ်နေပါတယ်။ ရေကြောင်း နှစ်မျက်နှာကို ထိန်းချုပ်ထားနိုင်တဲ့
သဘာဝကင်းစခန်းလို အသုံးပြုနိုင်ပေမယ့်
စစ်မျက်နှာနှစ်ဖက်ခွတိုက်ရလို့ ကာကွယ်ဖို့
မလွယ်နိုင်ဘူးလို့ အချက်အလက်တွေက
ညွှန်ပြနေပါတယ်။ Ko KoGyi ဆီမှာတော့
အသံဖိုင်ရှိပါတယ်။)
တိုတိုပဲပြောကြပါစို့။
မင်းဘင်ရဲ့ မဟာဗျူဟာက တောင်ငူတပ်မကို
သတ်ကွင်းဆီ မျှားခေါ်ဖို့ ဖြစ်ပါတယ်။
ဒါပေမယ့် တိုက်ရိုက် ဆွဲခေါ်ခဲ့ရင် ရန်သူက
မယုံသင်္ခါဖြစ်ပြီး နည်းပရိယာယ်ကို ရိပ်မိ
သွားနိုင်ပါတယ်။ ဒါကြောင့် ခံတပ် (၁၁)နဲ့ စစ်မျက်နှာကို ဖြန့်ပစ်လိုက်တော့ တပင်ရွှေထီးဟာမြို့တော်ရဲ့ ကာကွယ်ရေးအစီအမံထက်ခံစစ် ကွန်ရက်ကို ဖြိုပစ်ဖို့ ကိုပဲ အာရုံစိုက်ရပါတော့တယ်။
ကုလားတန်ကြောင်းချီရေကြောင်းတပ်မ
ဖျက်ဆီးခံလိုက်ရလို့ မြို့သိမ်းဖို့စိတ်
အနှောက်အယှက်ဖြစ်နေတဲ့ တပင်ရွှေထီး
ဟာ ခံတပ်တွေကို အတင်းတိုက်ပြီး ဝက်သိုး
တစ်ကောင်လို မြို့တော်ဆီ အရောက်ချီ
ပါတော့တယ်။ ရခိုင်ခံတပ်တွေဟာ ကွန်ရက်
သဏ္ဍာန်တည်ဆောက်ထားတော့ ဆုတ်ခွာစစ်
မှာ အလွန်အားသာချက်ရှိခဲ့ပါတယ်။ မူလနည်း
ဗျူဟာအတိုင်း မြောက်ဦး သတ်ကွင်းကို
ချီတက်ဖို့ ဝက်သိုး ကို လမ်းကြောင်းပေး
လိုက်ပါတယ်။ မြောက်ဦးအရှေ့ဖက်ကို
ရောက်လာတဲ့ တောင်ငူတပ်တွေဟာ အလွန်
စိတ်ဓာတ်တတ်နေပါတယ်။
စစ်ပွဲဆိုတာ ဓားဓားချင်းခုတ်နေလို့မပြီးပါ
ဘူး။ မိမိ အခြေအနေကို အရှိအတိုင်းမပြ
ရပါဘူး။ မင်းဘင်ဟာ သံတမန်အဖြစ် ဘုန်း
တော်ကြီး ၄ ပါးကို တပင်ရွှေထီး ထံ စေလွှတ်ခါ ညှိနှိုင်းဖို့ ပရိယာယ်ဆင်ပါတော့
တယ်။ တပင်ရွှေထီး ဖက်ကလည်း မြောက်ဦးသံတမန်တွေ လာမှာကို ကြိုသတင်းရထား
လို့ အကောင်းဆုံး စစ်သည်တွေ ၊အကောင်းဆုံးမြို့သိမ်းလက်နက်တွေကို ပြသထား
ပါတယ်။ သံတမန်တွေ မြင်တွေ့ပြီးစိတ်
ဓာတ်ကျသွားအောင်ပါ။
မင်းဘင်လိုချင်တဲ့ အကွက်ဝင်လာပါတော့တယ်။
မြို့တော်ကို တိုက်ခိုက်ဖို့ တောင်ငူရဲ့
အရဲရင့်ဆုံး၊ အသန်မာဆုံး၊ ဘွဲ့ထူးဂုဏ်ထူး
ရချင်တဲ့ စစ်သည်တွေ၊ဆင်မြင်းတပ်တွေ
ဟာ သတ်ကွင်းမှာ စုစည်းပြီးစအချိန်မှာပဲ
လျှို့ဝှက်ရေတံခါးကို ဖောက်ချပစ်ပြီး တောင်ငူကြည်းတပ်ကို အပြီးသတ် ချေမှုန်းပစ်
လိုက်ပါတယ်။
ပေါ်တူဂီကြေးစားအမြောက်ကြီးတွေ
ပဲ ကျန်ခဲ့လေတော့ တပင်ရွှေထီး ရဲ့စိတ်
ဓာတ်လည်း ကျဆင်းသွားခဲ့သလို လက်ကျန်
တောင်ငူတပ်သားတွေ ခမျာလည်း စိတ်ဓာတ်ပျက်ကုန်ကြပါတယ်။
အရေးထဲမှာ ထိုင်းတွေက ထားဝယ်ကို ထိပါး
တဲ့ သတင်းစကားကို ကြားလိုက်ရတော့
တပင်ရွှေထီး အနေနဲ့ စစ်ရပ်စဲခါ တပ်ပြန်
ခေါက်ဖို့ပဲ ရှိပါတယ်။ အဆုတ်မှာ ရခိုင်တွေ
ရဲ့ လိုက်လံတိုက်ခိုက်ဖို့ကလည်း သေချာ
သလောက်ပါပဲ။
ရခိုင်တွေမှာလည်း ပြဿ နာ က ပေါ်လာတယ်။
မြောက်ပိုင်းရခိုင် ရာမူးကို တြိပူရတောင်
ပေါ်လူရိုင်းတွေက လာရောက်တိုက်ခိုက်နေ
တယ်။ ဒါကို ချက်ချင်းအရေးယူဆောင်ရွက်ဖို့
လိုတယ်။ ဒါကြောင့် တောင်ငူတမန် ဘုရင့်
နောင်မှတဆင့် အဆိုပြုလာတဲ့ အချက်အလက်
တွေကို မင်းဘင်က စဉ်းစားပေးဖို့ ဖြစ်
လာရတော့တယ်။
စစ်ပြေငြိမ်း ခြင်း
-----------------------------
၁၅၄၇ခု၊ဇန်နဝါရီ ၃၀ မှာ စစ်ပြေငြိမ်းကြ
တယ်။သဘောတူညီချက် အနှစ်ချုပ်ကတော့-
၁။ ရခိုင်နယ်နိမိတ်ကို ယခင် အတိုင်း တောင်ငူ
က အသိအမှတ်ပြုဖို့ သဘောတူတယ်။
(တောင်ငူတပ်တွေက ရခိုင်အလယ်ပိုင်းနဲ့ တောင်ပိုင်းကို ယာယီသိမ်းထား တော့ စစ်မဖြစ်မီက အခြေအနေကိုပဲ ရခိုင်တွေ တောင်း
ဆိုခြင်းဖြစ်နိုင်တယ်။)
၂။ မင်းဘင်ကလည်း သံတွဲနဲ့ ၎င်း၏အရံ ခုနစ်မြိုရဲ့ အုပ်စိုးသူ အဖြစ် ဦးရီးတော် မင်းအောင်လှကို အသိအမှတ်ပြုပေးဖို့ သဘောတူရ
တယ်။
စစ်ပွဲပြီး လှုပ်ရှားမှု
-------------------
၁၅၄၇ ခု၊ ဖေဖော်ဝါရီ ၂ ရက်နေ့မှာ တောင်ငူတပ်တွေ ဆုတ်ခွာသွားခဲ့တယ်။ တောင်ငူ
တပ်မနှစ်မကတော့ သံတွဲမှာ စောင့်ကြည့်
ဖို့ကျန်နေခဲ့တယ်။ ၁၅၄၉ မှ သံတွဲက အပြီး
အပိုင်ဆုတ်ခွာခဲ့တယ်။
နောက် ၇ နှစ်အကြာ ၁၅၅၄ ခုနှစ်မှာ မင်းတိက္ခဟာ သံတွဲကို သီရိဓမ္မာသောက မင်း
(မင်းအောင်လှသား၊ဘုရင့်နောင်ရဲ့တူမနဲ့
လက်ဆက်ထားသူ။) ကိုဖယ်ရှား သိမ်းပစ်လိုက်
တယ်။
ဘုရင်နောင်ဟာ တောင်ငူ သရဖူကို
1550 မှာ ရယူခဲ့တယ်။ အင်ဒိုရှိုင်းနား ၊မလေး
ကျွန်းဆွယ်အထိ သိမ်းပိုက်အောင်မြင်ခဲ့
ပေမယ့် သူ့နန်းသက်တလျှောက်လုံး
1580 အထိ ရခိုင့်ဘုရင့်နိုင်ငံတော် ကို လက်
ရှောင်ခဲ့ပါတယ်။ ဒါကြောင့် တောင်ငူအင်ပါယာမှာ သံတွဲနဲ့တောင်ပိုင်းဒေသကို ထည့်ဆွဲထားတာကို ပြန်သုံးသပ်သင့်ပါတယ်။
1599 မှာ ရခိုင်တွေဟာ တောင်ငူအင်ပါယာရဲ့
နေပြည်တော် ဟံသာဝတီ ကို သိမ်းပိုက်
လိုက်ပြီး တောင်ငူအင်ပါယာကို နိဂုံးချုပ်စေခဲ့
တယ်။ ရခိုင်ပိုင်နက်ကို သံလျင်အထိတိုးချဲ့နိုင်ခဲ့
တယ်။ ဒါပေမယ့် ပေါ်တူဂီတွေသစ္စာဖောက်လို့ တာရှည်မထိမ်းထားနိုင်ခဲ့ပါဘူး။
ရခိုင့်အင်အားဟာလည်း 1666 မှာ စတင်ပြို
ကွဲခဲ့ရတယ်။
$$$$$$$$$$%%%%%%%%%%&&&&&&&
စစ်ပွဲသုံးသပ်ချက်တွေကိုတော့ စစ်ပညာရှင်
တွေပဲ သုံးသပ်ကြပါစေတော့။
ဒါကြောင့် ရခိုင်လူငယ်တွေကို ပြောချင်
တာက အ နေတဲ့ သမိုင်းဆရာတွေကို ချင့်
ချိန်ပြီး ယုံကြဖို့နဲ့ ဘိုးဘေးတွေရဲ့
ကြိုတင်ပြင်ဆင်တတ်မှု၊ အခြေအနေ
တိုင်းကို န်ိုင်ငံရေးအမြင်၊စစ်ရေးအမြင်
တို့ချည်းသာမက စိတ်ရှည်စောင့်ဆိုင်းနိုင်
မှုတို့ကို မီအောင်လိုက်ကြပါလို့ တိုက်တွန်း
ချင်ပါတယ်။
လိုအပ်ချက်တွေကို သမိုင်းပညာရှင်တွေက
နားလည်ပေးနိုင်ပါစေ။
No comments:
Post a Comment