Monday, October 26, 2020

မျက်ရည်ကျအောင်ကောင်းတဲ့တရား

မျက်ရည်ကျအောင်ကောင်းတဲ့တရား
~~~~~~~~~~~~~~
အနာထပိဏ်သူဌေးကြီးဟာ တစ်နေ့ကို ဘုရားကျောင်းကို တစ်ခေါက် အနည်းဆုံး သွားတယ်။

သွားတဲ့  အချိန်တိုင်းလည်း ယာဂု ဖယောင်းတိုင် ပန်း
စတုမဓု သကာရည် ပျားရည် သုံးဆောင် ကောင်းတာများ ယူဆောင် သွားလေ့ရှိတယ်။

နေ့တိုင်း သံဃာ ၅၀၀ အိမ်မှာ ဆွမ်းကျွေးတယ် နည်းတဲ့အလှူ မဟုတ်ဘူး။ ဘုရားကလည်း
တွေ့တိုင်း တရားဟောတဲ့အခါ ခုလုပ်နေတဲ့ ဒါနတွေဟာ ငါဘုရား လုပ်ခဲ့ရတယ်။

ဒကာကြီးက ဘုရားလမ်းစဉ် အတိုင်း လုပ်နေတာပဲ
ရှင်သာရိပုတ္တရာ ရှင်မောဂ္ဂလန်တို့ကလည်း
ဒါနလုပ်နေတာ ကျေးဇူးများကြောင်း ဟောကြတယ်။

နှစ်ပေါင်း ၃၈-နှစ် ကြာလာတော့ သူဌေးကြီး နာမကျန်း
ဖြစ်လာတယ် သူ့စိတ်မှာလည်း ဒီဝေဒနာက
မကျော်နိုင်တော့ဘူး ဆိုပြီး အခိုင်းစေ တစ်ယောက်
ခေါ်ပြီး ဘုရားထံ စေလွှတ်ပါတယ်။

ဘုရားကိုလျှောက်ပြီး ရှင်သာရိပုတ္တရာထံ၀င်ပြီး
အိမ်လည်းကြွပေးဖို့ ပင့်လျှောက်ခိုင်းတယ်။

ရှင်သာရိပုတ္တရာလည်း ရှင်အာနန္ဒာကိုခေါ်ပြီး
သူဌေးကြီးအိမ်ကြွလေသည်။ "ဒကာကြီး ဘယ့်နှယ်
နေသတုန်း" မေးတော့

ဝေဒနာဟာ ရှေ့သာ တိုးပါတယ်ဘုရား
နောက်ဆုတ်တယ် မရှိပါဘူး
ခေါင်းကိုက်တာလည်း
လွန်လို့ ၀မ်းထဲ ပူလိုက်တာဘုရား"

ဒါနဲ့ အကဲခတ်ကြည့်
တော့ ဒီဝေဒနာဟာ သေမဲ့ဝေဒနာလို့ သိလိုက်တာနဲ့
အားပေး စကား မပြောတော့ပါဘူး။

ကျုပ်တရားဟောမယ် နားထောင်ပါ။

ဒကာကြီး
မြင်စိတ်ကို မစွဲလို့ရှိရင် မြင်စိတ်ကြောင့် နောက်ခန္ဓာ
မလာဘူး။

မြင်စိတ်နဲ့ တွဲမည့်ခန္ဓာ မလာဘူး။ ကြားစိတ်ကို
မစွဲလို့ရှိရင်ကြားစိတ်နဲ့တကွဖြစ်မည့် ခန္ခာမလာဘူး။

နံစိတ်ကိုမစွဲရင် နံစိတ်နဲ့တွဲဖြစ်မဲ့ ခန္ဓာမလာဘူး။
လျှာပေါ်ကပေါ်တဲ့ စိတ်ကလေး စားစိတ်ကို
မစွဲရင် စားစိတ်နဲ့ ပတ်သက်တဲ့ နောက်ခန္ဓာ
မလာတော့ဘူး။

ယားစိတ်ကောင်းစိတ် မကောင်းစိတ်တွေကို
မစွဲရင် သူနဲ့ပတ်သက်တာတွေ မလာတော့ဘူး။

မနောစိတ်တွေကို ဘယ်စိတ်မဆို မစွဲရင်
မနောစိတ်ဆိုတာ လောဘ ဒေါသ မောဟ
အလောဘ အဒေါသ အမောဟ ဒါတွေကိုမစွဲရင်

မနောဝိညာဏ်တွေနဲ့ ပတ်သက်တဲ့ခန္ဓာ မလာတော့
ဘူး
မစွဲနဲ့ဆိုတာက ဒကာဒကာမတွေ နားမလည်မှာ
ဆိုးလို့ ဒီတိုင်းနေဖို့မဟုတ်ဘူး ဖြစ်ပျက် ရှုပြစ်ရမှာ။

ဘယ်လိုရှုမလဲ အနိစ္စလို့ရှု မြင်စိတ်ကို အနိစ္စရှု
တော့ တဏှာ ဥပါဒါန် စွဲလန်းတာ မလာတော့
ဘူး။

မြင်လိုက်တာနဲ့ စွဲစွဲလန်းလန်း ကြည့်တော့တာပဲ။

မမြင်ရင် မြင်တဲ့နေရာ ရှာကြည့်တယ်။
ဒါတဏှာ
ဥပါဒါန် ကံလိုက်နေတာ။ တဏှာ ဥပါဒါန်
ကံလိုက်နေတော့ ဇာတိ ဇရာ မရဏ လွတ်ပါ့မလား။
မြင်ရင် လိုချင်မယ် စွဲလန်းမယ်။

မြင်လျက်မတ္တနဲ့ မြင်မြင်ချင်း အပါယ်ရောက်မဲ့
ကံတွေ ကြိုးစားမိပါလိမ့်မယ်။ ဒါစွဲလန်းလို့ပဲ
ကာယကံနဲ့ ၀စီကံနဲ့ အားထုတ်နေတယ် ကမ္မဘ၀။

မြင်တာနဲ့ ဖြစ်ပျက်ရှုလိုက်နိုင်ရင် မြင်တဲ့နောက်
မှာ တဏှာမလိုက်တော့ဘူး။ ဥပါဒါန်မလိုက်တော့
ဘူး။ ဉာဏ်လိုက်လာတာ။ ဒီဉာဏ်က
၀ိပဿနာဉာဏ်။

၀ိပဿဿနာဉာဏ်က ကံဖြတ်ချလိုက်တာပဲ။
တဏှာ ဥပါဒါန်တွေ ပေါ်ခွင့်မရတော့ အကျိုးပေးလည်း
ရပ်သွားတယ်။

ကမ္မ ဝိပါကဆိုတဲ့ ဝိပါက်အကျိုးတွေ လာခွင့်
မရတော့ဘူး။ ကံမပြတ်ရင် ဘုရားတောင်မဖြစ်ဘူး။

ဝေဿန္တရာမင်း လှူဒါန်းမှုတွေအများကြီးပဲ
ကံမပြတ်တော့ အရိယာ မဖြစ်နိုင်ဘူး။

ဒီကံက နတ်ပြည်အကျိုးပေးလည်း ဇာတိ ဇရာ မရဏ

ဗြဟ္မာပြည် အကျိုးပေးလည်း
ဇာတိ ဇရာ မရဏ ဒုက္ခသစ္စာချည်းပဲ။

ဒုက္ခကနေ နောက်ဒုက္ခရတာ ရှုံးလား မြတ်လား။

စက္ခုဝိညာဏ်ကို မစွဲရင် မှီနေတဲ့ ပဋိသန္ဓေစိတ်
မလာတော့ဘူး။

ငါ့ကိုယ် ငါ့ဟာထင်နေရင် ဒိဋ္ဌိက လာမှာပဲ။
သတ္တဝါတစ်ယောက်မှာ အပြစ်အကြီးဆုံးသင့်တာဟာ
ဒီဘ၀စုတေပြီး နောက်ဘ၀ရတာ အပြစ်ကြီးဆုံးပဲ။

သူဌေးကြီး မျက်ရည်ကျနေပြီဆိုတာ ရှင်အာနန္ဒာမြင်
တော့

အကဲခတ်ပြီး ဒကာကြီးမှာ ချမ်းသာတဲ့ပစ္စည်း
တွေ သားသမီးတွေကိုစွန့်ရမှာ ကြောက်လို့
မျက်ရည်ကျတာလား မေးတော့

"အရှင်ဘုရား
ဒီလိုမပြောပါနဲ့ ဒါတွေမစွဲပါဘူး အကဲခတ်မလွဲပါနဲ့

ခုမျက်ရည်ကျတာက ဘုရားနဲ့ရော အရှင်ဘုရားတို့
ရော နှစ်ပေါင်းများစွာ နေခဲ့ရတယ် ဘယ်ဟာမှ
မစွဲနဲ့ဆိုတဲ့တရား မနာဖူးခဲ့ဘူး။

ခုမှနာရတော့ ရဟန္တာဖြစ်မဲ့တရားဆိုတာ သိလိုက်ရလို့
မွန်မြတ်တဲ့ တရား မနာခဲ့ရတာ ၀မ်းနည်း
လွန်းလို့ ငိုတာပါဘုရား"

ဒီတရားဟာ မဟောချင်လို့မဟုတ်ဘူး ဒကာကြီး
လူတွေမှာက သားစွဲ သမီးစွဲ ပစ္စည်းစွဲတွေက ရှိတော့

တရားက နက်နဲပေနဲ့ သူတို့က အမိုက်ထူနေရင် မထောင်နိုင်တဲ့နား ရှိနေလိမ့်မယ်။
ဒါကြောင့် အချိန်ခါသင့်မှ ဟောကြားရပါတယ်
ဒကာကြီး။

မိုးကုတ်ဆရာတော်ကြီး

Credit..U tin zaw moe

ပြန်လည်ကူးယူ ဒါနပြုပါသည်။ 🙏🙏🙏
#SanThuya://www.facebook.com/groups/443388239944617/permalink/694078798208892/?sfnsn=mo

No comments:

Post a Comment