Monday, October 26, 2020

တဏှာကို စွဲမှီ၍ ဖြစ်ပေါ်လာသောတရား(၉)-ပါး💗

💗တဏှာကို စွဲမှီ၍ ဖြစ်ပေါ်လာသောတရား(၉)-ပါး💗

၁။ လိုချင်မှု တဏှာကို စွဲမှီ အကြောင်းပြု၍
   ရှာမှီးရခြင်း၊
၂။ ရှာမှီးခြင်းကို အကြောင်းပြုစွဲ မှီ၍
   ရရှိလာခြင်း၊
၃။ ရရှိလာခြင်းကို စွဲမှီ၍ အသုံးချရန်
   စိတ်ပိုင်းဖြတ်ရခြင်း၊
၄။ စိတ်ပိုင်းဖြတ်ခြင်းကို စွဲမှီ၍ နှစ်သက်
   တပ်မက်မှု ဆန္ဒရာဂ ဖြစ်ခြင်း၊
၅။ ဆန္ဒရာဂကို စွဲမှီ၍ ငါ ငါ့ဥစ္စာဟု
    မြဲမြံစွာ ဆုံးဖြတ်ခြင်း၊
၆။ မြဲမြံစွာ ဆုံးဖြတ်ခြင်းကို စွဲမှီ၍ သိမ်းဆည်းရခြင်း၊
၇။ သိမ်းဆည်းခြင်းကို စွဲမှီ၍ နှမြောဝန်တိုမှု ဖြစ်ခြင်း၊
၈။ ဝန်တိုမှု ဖြစ်ခြင်းကို စွဲမှီ၍ စောင့်ရှောက်ရခြင်း၊
၉။ စောင့်ရှောက်ရခြင်းဟူသော အကြောင်းကြောင့်
   တုတ်, ဓား စသော လက်နက်ကိုင်ဆောင်ရခြင်း,
  ခိုက်ရန်ဖြစ်ရခြင်း, ငြင်းခုံရခြင်း,
  မခံသာအောင် ပြောဆိုခြင်း, ကုန်းတိုက်ခြင်း,
  မဟုတ်မမှန် ပြောခြင်း ဟူသော များစွာသော
   အကုသိုလ်များ ဖြစ်ပွားရခြင်း။

( အင်္ဂုတ္တရနိကာယ် ၊ နဝကနိပါတ် ၊
  သတ္တဝါသဝဂ် ၊ တဏှာမူလကသုတ် )

No comments:

Post a Comment