Monday, October 26, 2020

စူဠပုဏ္ဏမသုတ်

" စူဠပုဏ္ဏမသုတ် မှ သူယုတ်မာမှန်းသိရန်-"
⭕⭕⭕⭕⭕⭕⭕⭕⭕⭕
               စူဠပုဏ္ဏမသုတ် မှ

အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်
အခါတစ်ပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိ
ပြည် ပုဗ္ဗာရုံကျောင်း ဝိသာခါ၏ ပြာသာဒ်၌
သီတင်းသုံး နေတော်မူ၏။ ထိုအခါ မြတ်စွာ
ဘုရားသည် တစ်ဆယ့်ငါးရက်မြောက်သော
ထိုလပြည့် ဥပုသ်နေ့ညဉ့်၌ ရဟန်းအပေါင်း
ခြံရံလျက် လွင်တီးပြင်၌ ထိုင်နေတော်မူ၏။
ထိုအခါ မြတ်စွာဘုရားသည် တိတ်တိတ်
ဆိတ်ဆိတ်ဖြစ်သော ရဟန်းအပေါင်းကို
ကြည့်ရှုတော်မူ၍ ရဟန်းတို့ကို
မိန့်တော်မူ၏-

ရဟန်းတို့ သူယုတ်မာသည် သူယုတ်မာကို
''ဤအသျှင်သည် သူယုတ်မာတည်း ဟု
သိနိုင်သလော'' ဟု(မေးတော်မူ၏)။
အသျှင်ဘုရား မသိနိုင်ပါ ဟု
(လျှောက်ကြကုန်၏)။

ရဟန်းတို့ ဟုတ်မှန်၏၊ ရဟန်းတို့ သူယုတ်
မာသည် သူယုတ်မာကို ''ဤ အသျှင်သည်
သူယုတ်မာတည်း'' ဟု သိနိုင်ခြင်းသည်
အကြောင်းမဟုတ် အရာမဟုတ်။

ရဟန်းတို့ သူယုတ်မာသည် သူတော်
ကောင်းကို ''ဤအသျှင်သည် သူတော်
ကောင်းတည်းဟု သိနိုင်သလော'' ဟု
(မေးတော်မူ၏)။ အသျှင်ဘုရား
မသိနိုင်ပါ ဟု (လျှောက်ကြကုန်၏)။

ရဟန်းတို့ ဟုတ်မှန်၏၊ ရဟန်းတို့ သူယုတ်
မာသည် သူတော်ကောင်းကို ''ဤ
အသျှင်သည် သူတော်ကောင်းတည်း''ဟု
သိနိုင်ခြင်းသည် အကြောင်းမဟုတ်
အရာမဟုတ်။

၁။ ရဟန်းတို့ သူယုတ်မာသည် သူယုတ်
မာတရားနှင့် ပြည့်စုံ၏၊
၂။ သူယုတ်မာ၌ ဆည်းကပ်ခြင်း ရှိ၏၊
၃။ သူယုတ်မာတို့၏ အကြံကိုကြံလေ့ ရှိ၏၊
၄။ သူယုတ်မာတို့၏ အတိုင်အပင်ကို
တိုင်ပင်လေ့ ရှိ၏၊
၅။ သူယုတ်မာ စကားကို ပြောလေ့ ရှိ၏၊
၆။ သူယုတ်မာ အမှုကို ပြုလေ့ ရှိ၏၊
၇။ သူယုတ်မာ အယူကို ယူလေ့ ရှိ၏၊
၈။ သူယုတ်မာတို့၏ အလှူကို ပေးလှူ၏။

၁။ ရဟန်းတို့ အဘယ်သို့လျှင် သူယုတ်
မာသည် သူယုတ်မာတရားနှင့် ပြည့်စုံ
သနည်း၊ ရဟန်းတို့ ဤလောက၌
သူယုတ်မာသည် ယုံကြည်မှု သဒ္ဓါတရား
မရှိ၊ အရှက် မရှိ၊ အကြောက် မရှိ၊
အကြားအမြင်နည်း၏၊ ပျင်းရိ၏၊ သတိ
မေ့၏၊ ပညာကင်း၏။ ရဟန်းတို့ ဤသို့
လျှင် သူယုတ်မာသည် သူယုတ်မာ
တရားနှင့် ပြည့်စုံ၏။

၂။ ရဟန်းတို့ အဘယ်သို့လျှင် သူယုတ်
မာသည် သူယုတ်မာ၌ ဆည်းကပ်ခြင်း
ရှိသနည်း၊ ရဟန်းတို့ ဤလောက၌
ယုံကြည်ခြင်း သဒ္ဓါတရား မရှိကုန် အရှက်
မရှိကုန် အလန့် မရှိကုန် အကြားအမြင်
နည်းကုန် ပျင်းရိကုန် သတိမေ့ကုန် ပညာ
ကင်းကုန်သော သမဏဗြာဟ္မဏတို့
သည် သူယုတ်မာ၏ မိတ်ဆွေ ဖြစ်ကုန်၏၊
အပေါင်းအဖော် ဖြစ်ကုန်၏။ ရဟန်းတို့
ဤသို့လျှင် သူယုတ်မာသည် သူယုတ်မာ
၌ ဆည်းကပ်ခြင်း ရှိ၏။

၃။ ရဟန်းတို့ အဘယ်သို့လျှင် သူယုတ်
မာသည် သူယုတ်မာ အကြံကို ကြံလေ့
ရှိသနည်း၊ ရဟန်းတို့ ဤလောက၌
သူယုတ်မာသည် မိမိကို ဆင်းရဲစေခြင်း
ငှါလည်း ကြံ၏၊ သူတစ်ပါးကို ဆင်းရဲ
စေခြင်းငှါလည်း ကြံ၏။ နှစ်ဦးလုံးကို
ဆင်းရဲစေခြင်းငှါလည်း ကြံ၏။ ရဟန်းတို့
ဤသို့လျှင် သူယုတ်မာသည် သူယုတ်မာ
အကြံကို ကြံလေ့ရှိ၏။

၄။ ရဟန်းတို့ အဘယ်သို့လျှင် သူယုတ်
မာသည် သူယုတ်မာ အတိုင်ပင်ကို
တိုင်ပင်လေ့ ရှိသနည်း၊ ရဟန်းတို့ ဤ
လောက၌ သူယုတ်မာသည် မိမိကို
ဆင်းရဲစေခြင်းငှါလည်း တိုင်ပင်၏၊
သူတစ်ပါးကို ဆင်းရဲစေခြင်းငှါလည်း
တိုင်ပင်၏၊ နှစ်ဦးလုံးကို ဆင်းရဲစေခြင်း
ငှါလည်း တိုင်ပင်၏။ ရဟန်းတို့ ဤသို့
လျှင် သူယုတ်မာသည် သူယုတ်မာ
အတိုင်ပင်ကို တိုင်ပင်လေ့ ရှိ၏။

၅။ ရဟန်းတို့ အဘယ်သို့လျှင် သူယုတ်
မာသည် သူယုတ်မာ စကားကို ပြောဆို
လေ့ ရှိသနည်း၊ ရဟန်းတို့ ဤလောက၌
သူယုတ်မာသည် မဟုတ် မမှန်သော
စကားကို ပြောဆိုလေ့ရှိ၏၊ ကုန်းချော
စကားကို ပြောဆိုလေ့ရှိ၏။ ကြမ်းတမ်း
သော စကားကို ပြောဆိုလေ့ရှိ၏၊ သိမ်ဖျင်း
သော စကားကို ပြောဆိုလေ့ ရှိ၏။ ရဟန်း
တို့ ဤသို့လျှင် သူယုတ်မာသည်
သူယုတ်မာ စကားကို ပြောဆိုလေ့ရှိ၏။

၆။ ရဟန်းတို့ အဘယ်သို့လျှင် သူယုတ်
မာသည် သူယုတ်မာ အမှုကို ပြုလေ့ရှိ
သနည်း၊ ရဟန်းတို့ ဤလောက၌
သူယုတ်မာသည် အသက်ကို သတ်လေ့
ရှိ၏၊ မပေးသည်ကို ယူလေ့ရှိ၏၊ ကာမ
တို့၌ မှားယွင်းသော အကျင့်ကို ကျင့်လေ့
ရှိ၏။ ရဟန်းတို့ ဤသို့လျှင် သူယုတ်မာ
သည် သူယုတ်မာ အမှုကို ပြုလေ့ ရှိ၏။

၇။ ရဟန်းတို့ အဘယ်သို့လျှင် သူယုတ်
မာသည် သူယုတ်မာ၏ အယူကို ယူလေ့
ရှိသနည်း၊ ရဟန်းတို့ ဤလောက၌
သူယုတ်မာသည် ''ပေးလှူအပ်သော
အလှူ၏ အကျိုးသည် မရှိ၊ ယဇ်ခေါ်
ပူဇော်မှုကြီး၏ အကျိုးသည် မရှိ၊ ဟုံးပူ
ဇော်ခြင်း၏ အကျိုးသည် မရှိ၊ ကောင်းမှု
မကောင်းမှုတို့၏ အကျိုးဝိပါက်သည်
မရှိ၊ ဤလောကသည် မရှိ၊ တစ်ပါးသော
လောကသည် မရှိ၊ အမိ၌ ပြုအပ်သော
အကျိုးသည် မရှိ၊ အဖ၌ ပြုအပ်သော
အကျိုးသည် မရှိ၊ (တစ်ဆယ့်ငါးနှစ်ရွယ်
ပဋိသန္ဓေအားဖြင့် ကိုယ်ထင်ရှား ဖြစ်ပေါ်
လာသော) ဥပပါတ် သတ္တဝါတို့သည်
မရှိကုန်၊ ဤလောကကို လည်းကောင်း၊
တစ်ပါးသော လောကကိုလည်းကောင်း
ကိုယ်တိုင်ထူးသော ဉာဏ်ဖြင့် သိ၍ မျက်
မှောက်ပြုလျက် ဟောကြားနိုင် ကုန်သော
ဖြောင့်မှန်သော အရိယမဂ်သို့ ရောက်ကုန်
သော ကောင်းသော အကျင့် ရှိကုန်သော
သမဏဗြာဟ္မဏတို့သည် လောက၌ မရှိ
ကုန်'' ဟု ဤသို့ အယူရှိ၏။ ရဟန်းတို့
ဤသို့လျှင် သူယုတ်မာသည် သူယုတ်မာ
၏ အယူကို ယူလေ့ရှိ၏။

၈။ ရဟန်းတို့ အဘယ်သို့လျှင် သူယုတ်
မာသည် သူယုတ်မာတို့၏ အလှူကို
ပေးလှူသနည်း၊ ရဟန်းတို့ ဤလောက၌
သူယုတ်မာသည် အလှူကို မရိုမသေ
လှူ၏၊ ကိုယ်တိုင် မပေးလှူ၊ စိတ်ပါလက်
ပါ မပေးလှူ၊ စွန့်ပစ်သကဲ့သို့ ပေးလှူ၏၊
အကျိုး ရှိလိမ့်မည် ဟု အယူမရှိဘဲ ပေး
လှူ၏။ ရဟန်းတို့ ဤသို့လျှင် သူယုတ်မာ
သည် သူယုတ်မာတို့၏ အလှူကို ပေးလှူ၏။

ရဟန်းတို့ ထိုသူယုတ်မာသည် ဤသို့
သူယုတ်မာ တရားနှင့် ပြည့်စုံ၍ ဤသို့
သူယုတ်မာ၌ ဆည်းကပ်ခြင်းရှိ၍ ဤသို့
သူယုတ်မာ အကြံကို ကြံလေ့ရှိ၍ ဤသို့
သူယုတ်မာတို့၏ အတိုင်ပင်ကိုတိုင်ပင်
လေ့ရှိ၍ ဤသို့ သူယုတ်မာတို့၏ စကား
ကို ပြောဆို၍ ဤသို့ သူယုတ်မာ၏ အမှု
ကို ပြုလေ့ရှိ၍ ဤသို့ သူယုတ်မာတို့၏
အယူကို ယူလေ့ရှိ၍ ဤသို့ သူယုတ်မာ
တို့၏ အလှူကို ပေးလှူ၍ ကိုယ်ခန္ဓာ
ပျက်စီး၍ သေသည်မှ နောက်၌ သူယုတ်
မာတို့၏ လားရာဂတိ၌ ဖြစ်ရာ၏။ ရဟန်း
တို့ သူယုတ်မာတို့၏ လားရာ ဂတိကား
အဘယ်နည်း၊ ငရဲသော် လည်းကောင်း၊
တိရစ္ဆာန်သော် လည်းကောင်း ဖြစ်၏။

စူဠပုဏ္ဏမသုတ်၊ ဒေ၀ဒဟ၀ဂ်၊ ဥပရိပဏ္ဏာသ။

  Posted by U Lawkanartha
🙏🙏🙏🙏🙏🙏🙏🙏🙏🙏

🍓🍓🍓🍓🍓🍓🍓🍓🍓🍓🍓
ဗုဒ္ဓတရားတော်များ
🙏🙏🙏🙏🙏

ပိုစ့် ကိုသေချာဆုံးအောင်ဖတ်ပါ
#ဒီပိုစ်လည်းမထင်မှတ်ဘဲရှည်သွားပြန်ပြီမို့သီးခံဖတ်ပေးကြပါအုံးဗျာ

#ရက္ခိုင်စကားကိုဗမာတွေနားမလည်ဘဲဗမာစကားကိုရက္ခိုင်တွေဘာ
ကြောင့်မူကြိုခလေးတွေကအစနားလည်တာပါလဲ---?????
#ဗမာစကားရဲ့မိခင်ဘာသာစကား
ဟာရက္ခိုင်စကားဖြစ်လို့ပါ-------
((((အစက ကျနော်ဒီပိုစ်ကိုမရေးချင်
လို့တိမ်းရှောင်နေတာ-အခုစာရေးရ
သက်သာမယ့်-ဆရာခိုင်လင်း"မေ
ဃဝတီ"ရဲ့ဆောင်းပါးစုစည်းမှုကို
တွေတော့ အုဋ်ဂူသေးပန်းအဖွဲ့ရဲ့
ဒုဥက္ကဌငစျာန်စိတ်ကူပေါက်ရာလျှောက်ရေးတဲ့စာကိုသွားသတိရမိ-----
***ရက္ခိုင်နဲ့ဗမာစကားဆင်တူတာ
ကရက္ခိုင်စကားဟာဗမာတွေရဲ့
ဒေသိယျဘာသာစကားဖြစ်လို့**တဲ့
အခု-အလျဉ်းသင့်လို့ကျနော်ပြန်ပြီး
စကားနဲနဲပြောပါ့မယ်--))))))
#သွေးရူးသွေးတန်းနဲ့လာပြီးတော့မဟောင်နဲ့--ခိုင်မာတဲ့သက်သေပြ
ချက်နဲ့လာခဲ့--ကျောက်စာတွေနဲ့လာ
ပါ-ပုဂံကျောက်စာပါစကားတချိူ့ တွေကိုရက္ခိုင်ကစာမတတ်သူတွေတောင်နေ့တိုင်းပြောဆိုနေတာကို
လက်တွေ့ပြမယ်--လာခဲ့
****အရင်ကျနော်တောင်မင်းကျော်
ထွီးအကောင့်နဲ့""ပဉ္စမသင်္ဂါယနာတင်သမိုင်းနဲ့ရက္ခိုင်စာပေမြန်မာပြည်အ
နှံ့ပြန့်ပွားရောက်ရှိသွားပုံ ပိုစ် ၅ တွဲ-
တင်ပြဖူးပါတယ်-အဲဒီပိုစ်တွဲမှာပုဂံ
ကျောက်စာပါစကားတွေကိုရက္ခိုင်
တွေနေ့တိုင်းပြောနေတဲ့ပုံစံစတိ
လေးဘဲချပြခဲ့တာ-အခုဆရာခိုင်လင်းရဲ့စာကိုချပြမယ်-
ဒီဆောင်းပါးစုစည်းမှုဟာ"ကျမ်းကိုး"
တွေနဲ့နော်--အနှစ်သာရအပြည့်-
ဟောင်တာ အူတာလောက်တော့
ရက္ခိုင်ကသွေးသစ်လေးတွေတောင်
ထထမကြည့်ဘူး-အိပ်ရေးပျက်လို့-
#ဆရာခိုင်လင်းရဲ့ဆောင်းပါးစုစည်းမှုကိုမတင်ပြခင်ကျနော်စကားနဲနဲ
ပြောပါ့မယ်-----
ကုန်ခဲ့တဲ့နှစ်(1000)ကျော်ကပုဂံဗမာကျောက်စာများနဲ့ရက္ခိုင်ကျောက်စာများကိုကိုးကားပြီးဗမာစကားရဲ့မိခင်(သို့)ပင်ရင်းဘာသာစကားဟာရက္ခိုင်စကားဖြစ်တယ်လို့အတိကျ  ပြောနိုင်ပါတယ်----ဘာကြောင့်လဲဆိုတော့-
ဒီနေ့ရက္ခိုင်တွေပြောဆိုနေတဲ့ဘာသာစကားများဟာရှေးခေတ်ကျောက်စာပါဝေါဟာရများနဲ့တစ်ထပ်တည်းနီးပါးတူညီနေပြီးဗမာစကားက တော့ကျောက်စာပါဝေါဟာရများနဲ့အများကြီးကွာခြားနေတဲ့အတွက်  ကြောင့်ပါဘဲ------
ရက္ခိုင်စကားဟာစကားလုံးအနဲငယ်တစ်ချို့ကလွဲပြီးနဂိုမူရင်းရှေးဟောင်းဘာသာစကားအတိုင်းပြောဆိုနေတဲ့ရှေးဟောင်းမူလစကားဖြစ်ပြီး--- ဗမာစကားမှာတော့ရှေးဟောင်းကျောက်စာပါစကားများနဲ့အပြောင်းလဲကြီးပြောင်းလဲနေပြီဖြစ်လို့ဗမာစကားရဲ့မူလဘူတဘာသာစကားဟာရက္ခိုင်ဘာသာစကားဖြစ်တယ်လို့ကျနော်ပြောရင်ဘယ်သူငြင်းဆန်မလဲ-?????? တစ်နည်းပြောရင်-------- ဗမာစကားဟာရက္ခိုင်စကားကတစ်ဆင့်ဆင့်ကဲပြောင်းလဲသွားတဲ့ခေတ်သစ်ဘာသာစကားတစ်ခုသာဖြစ်ပါတယ်-----
ဗမာစကားတွင် "ရသံ" "ယ သံ"ရရစ်သံယပင့်သံ"လုံးဝမကွဲပြားဘဲ"ယ"သံနဲ့"ယပင့်"သံဘဲရှိတယ်--
"ရရစ်သံ"နဲ့"ရ "သံတွေဟာမရှုမလှ ပျောက်ဆုံးနေတာ-----မရှိဘူးလို့
ပြောတာက ပိုမှန်ပါမယ်---ဒါမယ့်
ရက္ခိုင်တွေမှာတော့"ရသံ-ယသံ" ရရစ်သံ-ယပင့်သံရှိတယ်------
ဥပမာ-------ဗမာတွေဟာ "ကျား"သတ္တဝါကိုလည်း ကျား---- နားနဲ့ကြားတာကိုလည်း"ကျား"လို့ ယပင့်သံတစ်မျိုးတည်းကိုသုံးတယ်-
ဒီလိုဘဲ ရိုးရာ-ရင်ခုန်-ရိုက်စား စတဲ့ "ရ"သံပါ ဝေါဟာရများကို"ရ"သံ ပီပီသသမထွက်တတ်ဘဲ
ယိုးယာ-ယင်ခုန်-ယိုက်စား စတဲ့ "ယ"သံများနဲ့သာမှားယွင်းအသံထွက်နေကြတာ -ငြင်းကြည့်ကြပါ-----စကားမပီတဲ့လူမျိုးလို့ပြောရလေမလား-????
ရက္ခိုင်တွေက ကြားကို Krarr (ကြား)ကျား ကို Kyarr (ကျား) ရိုးရာကို Roera(ရိုးရာ)-ရိုက်စားကို ရိုက်စား(Rike Sarr) ---ဒီလိုအသံ
ထွက်တာသိကြမှာပါ- -----
ဗမာတွေဟာရက္ခိုင်ပြောတဲ့စကားကိုအတူနေထိုင်ဖူးတဲ့ဗမာအနည်းငယ်မှလွဲပြီး-!!!!!!!
ရက္ခိုင်စကားအနဲငယ်သင်ထားသူဗမာတစ်ချို့ကလွဲပြီှးလွဲပြီးဘယ်ဗမာမှနားမလည် ကြပါဘူး-----လွန်ခဲ့တဲ့နှစ် ငါးဆယ်ခန့်ကဆိုရင် ပိုလို့တောင်နားမလည်ကြတာလေ့
လာတွေ့ရှိရတယ်--ဘာလို့လဲဆို
တော့ရက္ခိုင်/ဗမာသိပ်မထိတွေဖြစ်
လို့ပါ---------ဒါပေမယ့်ဗမာစကား
ကိုရက္ခိုင်အကုန်နားလည်တယ်----
*ဒီဖတ်စာသင်နေရလို့ဆိုပြီးမပြောနဲ့
*မူကြိုခလေးသွားပြီးဗမာကဗျာရွတ်
ပြလိုက်-----ခလေးအကုန်နားလည်
တာ-ဘာလို့လဲဆိုတော့ ရက္ခိုင်စကားဟာရှေးဟောင်းမူလဘာသာစကားဖြစ်နေလို့-----
ဒါဆို ရက္ခိုင်စကားကိုဗမာတွေဘာ
လ်ို့နားမလည်တာလဲ-?????
#ဗမာတွေကခေတ်သစ်ဘာသာစကားဘဲပြောတတ်တော့မူလရှေး
ဟောင်းဘာသာစကားကိုမတတ်လို့ပါ-------
စဉ်းစားကြပေါ့------
ရှေးဟောင်းဘာသာစကားနဲ့ခေတ်သစ်ဘာသာစကားမှာခေတ်သစ်ဘာသာစကားကို သင်စရာမလိုဘဲ ရှေးဟောင်းကိုသာပြန်လည်သင်ယူရတာသဘာဝ-ပါဘဲ   
#ရှေးဟောင်းကျောက်စာများပါ ဝေါဟာရများကိုစာဖတ်တတ်သူ သာမန်ရက္ခိုင်အများစုဖတ်ရှုနိုင်ပြီးဗမာတွေအနေနဲ့သမိုင်းစာပေလေ့လာလိုက်စားသူအနဲငယ်ကလွဲပြီးမဖတ်ရှုနိုင်တာဘာကြောင့်လဲ-????? ကျောက်စာပါဝေါဟာရများဟာ ခေတ်သစ်ဗမာဝေါဟာရများနဲ့ကွာ ခြားနေလို့ပါဘဲ------ဒါကိုကြည့်ခြင်းနဲ့ဘဲရက္ခိုင်တွေနေ့စဉ်ပြောဆိုနေသောစကားများဟာ
ရှေးဟောင်းမူလဘာသာစကားများ ဖြစ်ပြီးဗမာတွေပြောဆိုနေတဲ့နေ့စဉ်သုံးစကားများဟာရှေးဟောင်းစကား (သို့)ရက္ခိုင်ဘာသာစကားမှတစ်ဆင့်ပြောင်းလဲသွားတဲ့ဘာသာစကား
ဖြစ်တယ်လို့ကျနော်%ပြည့်ပြောချင်
တယ်---------
အောက်မှာကျနော်ဦးခိုင်လင်း(မေဃဝတီ)ရေးသားတဲ့ရှေးဟောင်းဗမာကျောက်စာပါရက္ခိုင်ဝေါဟာရများကို ထုတ်နှုတ် တင်ပြထားပါတယ်-
#လေ့လာချင်သူတွေအတွက်ပါ----
(((ဆရာခိုင်လင်း-ခရက်ဒစ်ပါဗျာ)))
*******************
တစ်နေ့တစ်လံ ပုဂံဘယ်ပြေးမလဲ-? စာအုပ်မှာ ဒေါက်တာသန်းထွန်းက ဒုတိယစည်သူခေတ်ကျောက်စာနဲ့ပတ်သက်လို့----
ဆာဂျာ အဖုဝ် အဖိယ် အမိအဖ က္လည်စောပေဆပ်ဧအ် - လို့တွေ့တယ်----အဖိုးအဖိယ် အမိအဖလို့ရေးထားတော့ " အဖိယ် "ဟာအဘွားကိုခေါ်တာဖြစ်နေပါတယ်---ဒါလည်း ခုမှ သိရတဲ့ ဝေါဟာရအနေနဲ့မှတ်ထားသင့်ပါတယ်--လို့  ဒေါက်တာသန်းထွန်းက ရေးထားခဲ့ပါတယ်--------
အမှန်က "အဖိယ် "ဟာ အဖိုး-အဖွားရဲ့အမေကိုခေါ်တာဖြစ်ပါတယ်---- ရခိုင်မှာ ဒီနေ့ အချိန်ထိ "အဖီး" လို့ခေါ်နေဆဲပါ---
(((ကျနော် နာရေးကြေငြာရင်"မြီး---
ယောက်ရဲ့အဖိုး-မြိုက်-----ယောက်
ရဲ့အဖီး ဖြိုက်သူ---------ဒီလိုမျိူ းနေ့
တိုင်းလိုလိုကြေငြာနေကျပါ))))--
ပုဂံကျောက်စာတော်တော်များများမှာ ရခိုင်ဝေါဟာရများရှိနေပါတယ်-- ပုဂံကျောက်စာတွေထဲကနောက်ပုဂံကျောက်စာတစ်ခုမှာ " က္လောင် နိယ်သော သ္ခိင်" ကို ဒီနေ့စာနဲ့ ပြန်ရေးရင် ( ကျောင်းနေသော သခင်)ဖြစ်ပါတယ်။ ရခိုင်လို ရေးရင်တော့ (ကျောင်းနီသော သခင်)ပါ--" နိယ်" ဆိုတဲ့ " နီ" ကို ရခိုင်တွေဒီနေ့အချိန်ထိသုံးစွဲနေဆဲပါ
((((ဒေက"နီ"အစော်အချိန်လားဖို့
ယောင်-ဒီကနေဘယ်အချိန်သွားမှာလဲ?-ဆိုပြီးပြောနေကျ စကားပါ)))----

နောက်ထပ်ပုဂံကျောက်စာတစ်ခုမှာ --- " ကြိယ် သပိတ်၊ ကြိယ်ခြု ၊ ကြိယ်ကြာ ၊ ကြိယ်မုံ " လို့တွေ့ရပါတယ်-- ဒီနေ့ခေတ်လို ရေးရရင် (ကြေးသပိတ်-ကြေးခြူ ကြေးကြာ-ကြေးမုံ)ဖြစ်ပါတယ်---- ရခိုင်လိုရေးရရင် ( ကြီးသပိတ်၊ကြီးခြူ ၊ ကြီးကြာ၊ ကြီးမုံ)လို့ဖြစ်ပါတယ်---" ကြိယ် " ဆိုတဲ့ " ကြီး" ကို ရခိုင်တွေ ဒီနေ့ အချိန်ထိ သုံးစွဲနေဆဲဖြစ်ပါတယ်---
(((ကြီးဆင်းတု-ကြီးဘုရား-ကြီးလောင်ပွန်း-ကြီးပလ္လင်--ဒါတွေ
ကကျနော်တို့ကျောက်ဖြူ မှာနေ့တိုင်း
ပြောနေတာ)))))-----;

နရသိင်္ဃ ဥစ္စနာမင်း(၁၂၃၀-၁၂၃၅)ရဲ့သမီး ကျောက်စာမှာ " ငမဟိက မြက်နုရိယ်ကြည်ဟိရာ လာစိယ်သတေ" လို့ ကျွန်တွေကို လွှတ်ပေးခဲ့ပါတယ်(လှူ ခဲ့ပါတယ်)- ဒီနေ့ စာနဲ့ ပြန်ရေးရရင် " ငါမရှိက မြက်နုရေကြည်ရှိရာ သွားစေသတည်း " လို့ဖြစ်ပါတယ်-
(ငမဟိက)မှာ "ဟိ" ဝေါဟာရကို ရခိုင်တွေ ဒီနေ့အချိန်ထိ (ဟိ)ကို သုံးစွဲနေတုံးဖြစ် ပါတယ်-----
((((ငါမ"ဟိ"ကေငါ့ခြုပ်မဟိရေ ယူလီဖိ---ငါမရှိရင်ငါ့ချွေးမရှိတယ်
ယူသွား--ဒီလိုပြောတာဗျာ)))))
(မြက်နုရိယ်ကြည်)မှာလည်း " ရိယ်" ကို မြန်မာလို (ရေ)လို့ ဒီနေ့အချိန်မှာ သုံးစွဲနေပေမယ့် ရခိုင်တွေကတော့ " ရိယ် " ကို (ရီ)လို့ဆက်လက်သုံးစွဲနေဆဲဖြစ်ပါတယ်---
(((ညဇာသား"ရီ"ခပ်ဖို့လာရေလူတိ-ညနေရေခပ်လာမယ့်လူတွေ))))

(လာစိယ်သတေ)မှာ “လာ”က လားကိုရေးတာ ထင်ရှားပါတယ်-- လားဆိုတဲ့ ဝေါဟာရကို ရခိုင်တွေ ဒီနေ့အချိန်ထိ သုံးစွဲနေပေမယ့် မြန်မာတွေကတော့(သွား)ကို သုံးနေကြပါတယ်--
(((မတ်  အစော်လားလဲဝေး--မင်း
ဘယ်သွားလဲဟေ့--ဘာသာပြန်ပေး
နေတာနော်-ကျောက်စာသင်တန်း
လို့မှတ်လိုက်))))----
(လာစိယ်သတေ)မှာဘဲ (စိယ်) အသံထွက်ကို ရခိုင်တွေက (စီ)လို့ ဒီအတိုင်းထွက်နေကြပေမယ့် မြန်မာတွေကတော့ (စေ)လို့ အသံထွက်ပါတယ်---
((သာစီ မာစီ လာပါလီဖိ---သာစေ
မာစေ လာပါစေတော့))))

ကျောက်စာအပြင်ပေထက်အက္ခရာတင်တဲ့ အခါမှာလည်း ဒီနေ့ မြန်မာတွေ ရေးသလို " ပေ" လို့မရေးဘဲ " ပိယ်" လို့ ရေးပါတယ်။ " ပိယ်" ကို ရခိုင်တွေ ဒီနေ့အချိန်ထိ " ပီ" လို့ သုံးစွဲနေဆဲဖြစ်ပါတယ်---
(((ပီစာ ပီထုတ်ကို ပီအစုတ်ဆိုပနာ
ဝေးမပိုက်ကေ့---ပေစာ ပေထုတ်
ကိုပေစာအစုတ်ဆိုပြီးလွှင့်မပြစ်ပါနဲ့)

နောက်ပုဂံကျောက်စာဆုတောင်းတစ်ခုမှာ " နိဗ္ဗန်မည်သော မသိယ်ပြည်လျှင် ၀င်ရလိုဝ်သတေ" ဖြစ်ပါတယ်-//////အသေအချာ စူးစိုက်ဖတ်ရင် ဖတ်နိုင်တဲ့ အရေးအသားပါ--အဲဒီဆုတောင်းမှာ (မသိယ်)ဆိုတာ (မသီ)ဆိုတဲ့ ရခိုင်ဝေါဟာရ တစ်ခုဖြစ်ပါတယ်--- ရခိုင်တွေလက်ရှိအချိန်ထိသုံးစွဲနေတဲ့ ဝေါဟာရတစ်ခုဖြစ်ပါတယ်---- မြန်မာတွေကတော့ “ မသေ” လို့ ပြောဆိုရေးသားပါတယ်-----
(((ငါ ဆောက်ခတ်သတ်ပလိုက်
ကေ ဒေသူ"သီ"ပါလားဖို့ယာဒေ--
ငါတွေရာနဲ့ပစ်လိုက်လိုဒီကောင်
သေသွားနိုင်တယ်  ငါ--/)))

" ငါဖ္လစ်လိယ်ရရ အရပ်" ဆိုတာကတော့ (ငါဖြစ်လေရာ အရပ်)လို့ရေးခြင်းဖြစ်ပါတယ်-အဲဒီ စကားရပ်မှာ " လိယ်" ကတော့ ရခိုင်တွေ ဒီနေ့ အချိန်ထိ သုံးစွဲနေတဲ့ (လီ)ဖြစ်ပါတယ်---
(ဖြိုက်လီရာဘဝတိမာ--ဖြစ်လေရာ
ဘဝတွေမှာ))))

ပုဂံ အမိန့်ပြန်တမ်းတစ်ခုမှာတော့ " ခြိယ်လက်ဖြတ်သော" ဆိုတာ ပါရှိပါတယ်----- မြန်မာလို “ခြေလက်ဖြတ်သော” ဖြစ်ပါတယ်-- " ခြိယ်" ဆိုတဲ့ ဝေါဟာရကတော့ ရခိုင်တွေ ဒီနေ့ အချိန်ထိ " ခြီ " ကို ပြောဆိုရေးသားသုံးစွဲနေဆဲဖြစ်ပါတယ်----(((အခြီနာနီပိုင်တွိလို့ဒေနီငါ
ဘောလုံးမကျောက်--ခြေနာနေသ
လိုခံစားရလို့ဒီနေ့ငါဘောလုံးမကန်)

ဓမ္မရံကြီးဘုရားမြောက်ဘက်မှာ ရှိတဲ့ အစေါဝ်လတ်ကျောက်စာမှာ " အမိ မရိယ်ခဘူသော က္လောက်စာ " လိုရှိပါတယ်--ဒီနေ့စာနဲ့ ပြန်ရေးရရင် " အမိ မရေးခဲ့ဖူးသာ ကျောက်စာ " ဖြစ်ပါတယ်--ဆိုတော့ ရခိုင်မှာ အများစုက အမေကို (အမိ)လို့ဒီနေ့အချိန်ထိခေါ်နေဆဲဖြစ်ပါတယ်-((((ဝါကျွတ်ကေအမိနှာင့်
အဖကိုကန်တော့ဖို့---သီတင်းကျွတ်
ရင်အမေနဲ့အဖေကိုကန်တော့မလို့)

စာ(မရိယ်), စာ(ရိယ်)ဆိုတဲ့ စာ(မရီး) စာ(ရီး)ဆိုတဲ့ အသုံးအနှုံးဟာ ဒီနေ့ ရခိုင်တွေ သုံးနေဆဲ ဝေါဟာရဖြစ်ပါတယ်-=- (မရိယ်ခသော)မှာ ပါတဲ့ (ခ)ကလည်း ရခိုင်တွေ နေ့တဓူ၀ သုံးစွဲနေဆဲဖြစ်ပါတယ်----- ဥပမာ ( စာအုပ်ကို ထားခ)ဆိုတဲ့ ပုံစံမျိုးတွေဖြစ်ပါတယ်-((((ဒါကျတော့ကျနော်ဘာသာပြန်စ
ရာမလိုဘူး  ဟဲ  ဟဲ))))---
မြန်မာလိုဆိုရင်တော့ (စာအုပ်ကို ထားခဲ့)ဖြစ်ပါတယ်-----
ပုဂံသက်စိုးတောင် မရှက်စန်ဖာ ငရောက်သင်ခေါ်တဲ့ ကံကုန်စာချီသမီးကျောက်စာမှာ
" ရှုယ်တောင်တက်သကာ တိုင်သလင်လဆန် ၁၀ ၈ျက် ကြသပတိယ်နိယ် " ဆိုတဲ့ အရေးအသားမှာ (ကြာသပတိယ်)ဆိုတဲ့((((နေ့တိုင်း
ပြောနေကျစကားပါ--*နင်ကကြာသပတီးဆိုကေငါကစနီ
-ယကေမဖြိုက်-နင်ကကြာသပတေး
ဆိုရင်ငါကစနေ-ဒီလိုဆိုမဖြစ်))))

( ကြာသပတီး)ကိုရော (နိယ်)ဆိုတဲ့ (နိ)ကိုပါ ရခိုင်တွေ ဒီနေ့ အချိန်ထိ သုံးစွဲနေဆဲဖြစ်ပါတယ်---(((ကြာသ
ပတီးနိ--ကြာသပတေးနေ့))))

ဖွားစောကျောက်စာမှာ " က္လောက်ဆည် မ္လိယ် ၁၀၀ ပိယ်တ်မူ၏ " ဖြစ်ပါတယ်-'' က္လောက်" မှာ အောက်က (လ) " မ္လိယ် " မှာ အောက်က(လ)တွေဟာ ယပင့်ရော ရရစ်အတွက်ပါ---- ပုဂံကျောက်စာတွေမှာ သုံးကြပါတယ်-----ဆိုတော့ ( ကျောက်ဆည် မြေ ၁၀၀ ပေးတော်မူ၏)လို့ ဖြစ်ပါတယ်----
((မြီေဧကပီးရေ-မြေဧကပေးတယ်)
( မ္လိယ်)ဆိုတဲ့ (မြီ)ကိုရော (ပိယ်)ဆိုတဲ့ (ပီး)ကိုရော ရခိုင်အမျိုးသားတွေယခုပစ္စက္ခကာလမှာ သုံးစွဲနေဆဲဖြစ်ပါတယ်-----
နောက်ပုဂံကျောက်စာတစ်ခုမှာ " ပုရှာလှူသောလဲ ပါလိယ်ဧအ် " မှာ (ပါလိယ်)ဆိုတဲ့ (ပါလီ)ကို ရခိုင်တွေ သုံးစွဲနေဆဲဖြစ်ပါတယ်--
((တချက်ရီမြုတ်လို့သီ ပါလီ ဖိ---
ရေမြုတ်လို့သေပါစေတော်--))))

ပုဂံခေတ်မှာ ပုရှာကတော့ ဘုရားလို့ရေးပါတယ်----
ဖွားစောကျောက်စာတခုမှာ " တန်ဆောင်မှုန်လပ္လည် စနိယ်နိယ်" ဖြစ်ပါတယ်-------ဒီနေ့မြန်မာတွေ စနေနေ့ ဖြစ်သွားပေမယ့် ရခိုင်တွေကတော့ (စနိယ်နိယ်) “စနီနိ”လိုသုံးစွဲနေဆဲဖြစ်ပါတယ်
((((ဘာသာပြန်စရာမလိုဘူးဟ))))
အဲဒီကျောက်စာမှာဘဲ (ရိယ် မ္လိယ်ခပ်သိမ်းသော) စတဲ့ အရေးအသားတွေ ပါရှိသေးပါတယ်၊ (ရိယ် မ္လိယ်)ဆိုတဲ့ ( ရီမြီ)ကို အထက်မှာ ဖော်ပြခဲ့သလို ရခိုင်တွေ “ ရီမြီ” ကို သုံးနေဆဲ ဖြစ်ပေမယ့် မြန်မာတွေကတော့ “ ရေမြေ” လို့သုံးပါတယ်-------
အဲဒီ ဖွားစော ကျောက်စာမှာ နောက်ထပ်တွေ့ရတာက " ငါလင် သ္ခိင်မင်ကြီ ငါသာမင်ကြီ ငါ မ္လိယ်မင်ကြီး " ဖြစ်ပါတယ်---- အထက်က ပြောခဲ့သလို ဗျည်းအောက်က(လ)ဟာ ယပင့် ရရစ်ကို သုံးစွဲခြင်းဖြစ်ပါတယ်။ ဆိုတော့ (ငါ မ္လိယ်မင်ကြီး)မှာ( ငါ့မြေး)လို့
မြန်မာတွေ ဒီနေ့သုံးစွဲနေပေမယ့် ရခိုင်တွေကတော့ (ငါ မ္လိယ်) (ငါ့မြီး)လို့ ဒီနေ့အချိန်ထိ ယှဉ်သန်သုံးစွဲနေဆဲဖြစ်ပါတယ်---
သိင်္ဃသူသမီးကျောက်စာမှာ “ အချင်ချင် အမျက်အဤ တစိယ် မဟိယ်၊ ချတ်သုမ္ပက်စိဖ္လင် ရှုကြရစိယ်အေ်” မှာပါတဲ “ တစိယ် မဟိ စိယ်” ဆိုတဲ့ “ တစိ ၊ မဟိ ၊ စီ “ ဟူသော ဝေါဟာရများကို ရခိုင်နေ့စဉ်သုံး စကားလုံးများအဖြစ် ဒီနေ့ အချိန်ထိ တွေ့နေရပါတယ်---
(((ဝင်မပြောတာ ရှင်းလင်းနေလို့)))
လောကထိပ်ပန်ဘုရားနံရံက ရခိုင်ဝေါဟာရကိုဆွဲထုတ်ပြချင်ပါတယ်----အထက်မှာ ပါ၀င်ခဲ့တယ် စကားလုံးတချို့လည်းပါကောင်းပါနိုင်ပါတယ်--ရခိုင်တွေ ဒီနေ့အချိန်ထိ နေ့စဉ်သုံး ဝေါဟာရများဖြစ်ပါတယ်- စာမှာ ခြီ ၊ ခြီယ် (မြန်မာ ခြေ ၊ ရခိုင် ခြီ)။ စာမှာ “ နိ ၊ နီ ၊ နိယ် ၊ နီယ် ၊ ပိ ၊ ပီ ၊ ပိယ် ၊ ပီယ် ၊ ပ္လီ ၊ ပ္လီယ် “ ဝေါဟာရများကို ယနေ့ မြန်မာက “ နေ့ ၊ နေ ၊ ပေ ၊ ပေး ၊ ပြေး ၊ “ သုံးစွဲကြပါတယ်--ရခိုင်တွေကတော့ ကျောက်စာပါ အသံထွက်အတိုင်း သုံးစွဲနေကြဆဲဖြစ်ပါတယ်---
အဲဒီ ဘုရားနံရံပေါ်မှာ “ ရိယ် ၊ ရီယ် ၊ ရှိ ၊ လီ ၊ လီယ်” ဝေါဟာရတွေကို မြန်မာတွေက “ ရေ ၊ ရှေ့ ၊ လေ “ လို့ဒီနေ့အချိန်မှာ သုံးစွဲနေပေမယ့် ရခိုင်တွေကတော့ကျောက်စာပါအတိုင်း “ ရီသောက်ဖို့၊ အရှိအရပ်က နီထွက် ၊ အေနိလီတိုက်ဖို့“ လို့ နေ့စဉ်သုံးဝေါဟာရအဖြစ်သုံးစွဲနေဆဲဖြစ်ပါတယ်------
အဲဒီ ဘုရားနံရံပေါ်မှာ နောက်ထပ်တွေ့ရှိတာကတော့ “ စီ ၊ စီယ် ၊ မိယ် ၊ ရသိ ၊ ရသိယ် ၊ သိယ်” တွေဖြစ်ပါတယ်------ ကနေ့မြန်မာတွေက “ စေ ၊ မေး ၊ ရသေ့၊ သေ “ လို့နေ့စဉ်သုံးစွဲနေပေမယ့် ရခိုင်တွေကတော့ ဘုရားနံရံပေါ်က အသံထွက်အတိုင်း ယနေ့တိုင် ပြောဆိုနေကြပါတယ်------
နရသီဟပတိ(၁၂၅၆ - ၁၂၈၇ )မင်းကို ကျောက်စာတွေမှာ “ တရုတ်ပ္လိယ်” မင်းအဖြစ် မှတ်တမ်းတင်ပါတယ်------- တရုတ်ပြေးမင်းပေါ့------- ဒီနေရာမှာလည်း “ ပ္လိယ်” က ရခိုင်နေ့စဉ်သုံးဝေါဟာရဖြစ်ပါတယ်ဒီမင်းလက်ထက်က ၁၂၅၅ (အေဒီ)ထိုးကျောက်စာတစ်ခုမှာ “ သင်္ဃာတိုဝ်ကိုဝ် ခြီယ်ဆိယ် ၊ လက်ဆိယ်ရိယ်” ဆိုတဲ့ ဝေါဟာရ ပါ၀င်ပါတယ်--------မြန်မာလို “ သံဃာတို့ကို ခြေဆေး၊ လက်ဆေးရေ “ လို့အဓိပ္ပါယ်ဖော်ကြပါတယ်။ သင်္ဃာစကားလုံးကပါဠိဘာသာဖြစ်တဲ့အတွက် အငြင်းပွားနိုင်ပေမယ့် မြန်မာတွေ “ သံဃာ” လို့ယနေ့ သုံးစွဲနေပေမယ့် ရခိုင်မြို့အတော်များများကတော့ “ သင်္ဃာ” လို့သုံးစွဲနေဆဲဖြစ်ပါတယ်- ကျန်တဲ့ “ ခြီယ်(ခြီ)ဆိယ်(ဆီး)၊လက်ဆိယ်(ဆီး)ရိယ်(ရီ)” ကတော့ ရခိုင်တွေရဲ့ နေ့စဉ်သုံးဝေါဟာရ စစ်စစ်များဖြစ်ပါတယ်-------
ရှင်ဒီသာပါမောက္ခကျောက်စာထဲမှာ အထက်ကတင်ပြချက်တွေပါပေမယ့် ရှင်ဒီသာပါမောက္ခနာမည်က မြန်မာနိုင်ငံအတွက် ယဉ်ပါးတဲ့ နာမည်တစ်ခုဖြစ်တာကြောင့်သူ့ကျောက်စာထဲကရခိုင်ဝေါဟာရတချို့ကို ထုတ်ပြချင်ပါတယ်------“ လွှတ်ရသည် (မဟိ)၊ ဟန်လင်နှိုက် (နိယ်ရလိယ်)၏၊ တရုတ်ပြည် ရောက်(လိယ်)၏၊ (နိယ်စိယ်)သတေ။ တန်လင် (မ ္လိယ်)” စသဖြင့် ပါရှိပါတယ်------ ခုဖော်ပြခဲ့တဲ့ဒီသာပါမောက္ခကျောက်စာထဲက ကွင်းစကွင်းပိတ်ထဲက ဝေါဟာရများဟာယနေ့ရခိုင်များသုံးစွဲနေတဲ့နေ့စဉ်သုံးဝေါဟာရများဖြစ်ပါတယ်-------
ပုဂံခေတ်က အပင်တွေထဲက သပြေကို (သိပြိယ်)နှင့် ပေပင်ကို (ပိယ်)ဟု ယနေ့သုံးရခိုင်အသံထွက် အတိုင်းကျောက်စာတွေမှာတွေ့ရပါတယ်----ဆွေများတော်စပ်ပုံတွေမှာ အခေါ်အဝေါ်တူနေခြင်းကအငြင်းပွားစရာဖြစ်ပေမယ့်အငြင်းပွားစရာမလိုတဲ့အခေါ်အဝေါ်တစ်ခုထူးဆန်းစွာ တွေ့ရပါတယ်--- အဲဒါကတော့ ဒီနေ့မြန်မာတွေသုံးနေတဲ့ “ ချွေးမ” ဖြစ်ပါတယ်---- ပုဂံခေတ်ကျောက်စာမှာ “ ချွေးမ”လို့ မရေးပါ။ ချွေးမကို “ ခြုယ်မ” (ပုံ ၂၆၅၊ ၃၇)လို့ ရေးထိုးပါတယ်----- ရခိုင်တွေကတော့ ချွေးမကို “ ခြုပ်မ” လို့ ယနေ့တိုင် ပြောဆို ရေးသားနေပါကြောင်း-------တဲ့ဗျာ
#အုဋ်ဂူသေးပန်းများဖင်ထောင်ပြီးငြင်းဆန်ပေးကြပါ-----(((ဆရာ  ခိုင်လင်းက ရည်ညွန်းချက်တောင်
ထည့်ပေးလိုက်သေးတာ-ဟဲ ဟဲ)))

ရည်ညွန်း
***********
ဒေါက်တာသန်းထွန်း၊ ((ခေတ်ဟောင်းမြန်မာရာဇ၀င်))
ဒေါက်တာသန်းထွန်း၊ (တစ်နေ့တစ်လံပုဂံဘယ်ပြေးမလဲ))
ဒေါက်တာသန်းထွန်း ၊ ((အစောဆုံးအက္ခရာတင် တိုင်းရင်းမြန်မာမှတ်တမ်းများ))

#ဒီရည်ညွန်းစာတွေကိုလည်းအုဋ်ဂူ
သေးပန်းတွေကလော်တုတ်ချင်တုတ်အုံးမှာ---သူတို့တွေကကိုယ့်ဆန္ဒ
မကိုက်ညီရင်"ပညာရှင်တွေရဲ့အုဋ်
ဂူတွေလိုက်ပြီးသေးပန်းနေတာကအဖွဲ့လိုက်-ကိုယ်-နူတ်-နှလုံးသုံးပါးနဲ့သေးပန်းနေတဲ့ကောင်တွေကတခါFBပေါ်အုပ်လိုက်ချီးကျူ းထောပနာပြုတာကဂရုလိုက်လာအုံးမယ်-----ကျနော်အရင်ပိုစ်တွဲမှာ
"မင်းရဲဘယ+ပေါက်ညိုမြ(or)စော
ပေါက်ညိုမင်းသမီးနဲ့မူးမတ်ပညာရှိ
နောက်ပါချွေရံသင်းပင်းတွေပုဂံသို့
ရောက်သွားပုံ--သူတို့မရောက်မီကပုဂံမှာဒီမြန်မာစာအရေးအသားမရှိဘဲပျူစာအကြွင်းအကျန်-မွန်စာ-ပါဠိတွေကိုသုံးရတာ-ပြီးတော့မှစော
လူးမင်းနန်းတက်ကျောက်စာ-ကျန်စစ်နန်းတက်ကျောက်စာ-မြစေ
တီကျောက်စာမှာရှိတဲ့မြန်မာစာအစ
ကိုတွေ့ရတာ-အနော်ရထာလက်
ထက်မတိုင်မီဒီမြန်မာစာဆိုတာမရှိခဲ့ပါဘဲနဲ့စောလူး/ကျန်စစ်မင်းလက်
ထက်မှာပေါ်လာတဲ့မြန်မာစာဟာ
*မိုးပေါ်ကကျလာတာလား*လို့ကျ
နော်မေးခဲ့ဖူးတယ်----ရက္ခိုင်တွေဆီ
ကပါသွားတဲ့ရက္ခိုင်စာရက္ခဝဏအက္ခရာတွေကတစ်ဆင့်ပြန့်ပွားသွား
တာကိုကျနော်ချပြဖူးတယ်-----
ရက္ခိုင်အိမ်ရှေ့မင်းသားမင်းရဲဘယနဲ့
နောက်ပါပညာရှိတွေဟာပုဂံနန်း
တွင်းမှာ ၃၈ နှစ်လုံးလုံးခိုလှုံရင်းဒီ
ရက္ခဝဏအက္ခရာတွေကိုဖြန့်ဖြူ းခဲ့
လို့ပုဂံသားတွေဒီမြန်မာစာက်ိုတတ်
ကျွမ်းလာခဲ့ရတာပါ-ကျနော်တို့ရဲ့
လက်ယာမင်းနန်တောင်ပုဂံနန်းဝင်း
မှာမွေးဖွားကြီးပြင်းခဲ့ပြီးမှကျန်စစ်မင်း
လက်ထက်မြေးတော်အလောင်း
စည်သူကရက္ခိုင်ပရိန်ထီးနန်းသို့ရက္ခိူင်လက်ယာမင်းနန်ကိုနန်းတင်ခဲ့တာ
ကိုကျနော်ခုနှစ်တွေစိစစ်ပြီးချပြခဲ့ပါ
သေးတယ်-မင်းရဲဘယသေဆုံးပြီး
နောက်မိခင်စောပေါက်ညိုမင်းသမီး
နဲ့လက်ယာမင်းနန်ဟာအလောင်း
စည်သူမင်းသားဦးဆောင်မှုနဲ့ဗမာစစ်သားတစ်သိန်း+မွန်စစ်သားတစ်
သိန်းပေါင်းစစ်ချီလာခဲ့လို့အမ်းမြစ်ဝ
မှာရက္ခိုင်ဘုရင်မင်းပတိတပ်နဲ့တိုက်
တော့မိခင်စောပေါက်ညိုမင်းသမီး
ဟာသားတော်မင်းနန်ကိုစိုးရိမ်ပူပန်
စိတ်နဲ့"ရင်ဘတ်ကိုတီးပြီး"အမောဆို့သေပွဲဝင်ခဲ့ရတဲ့နေရာဟာခုထိရှိ
ပါတယ်-အခုလူတွေကတော့"ရင်ခတ်တီး"
ကျွန်းလို့ခေါ်နေကြဆဲ-(((တောင်ဖီ
လာအုပ်စု-အမ်းမြို့နယ်-မင်းတက်
ကမ်း"အခုမင်းတက်ရွာ"အနားမှာရှိ
တာလက်တွေ့သိချင်ရင်လာခဲ့လို့
လည်းကျနော်ဖိတ်ကြားခဲ့ပြီးပြီ-----
မင်းနန်ကိုအလောင်းစည်သူနန်းလာ
တင်တာလည်းဗမာရာဇဝင်အစောင်
စောင်မှာပြထားတာဘဲလေ------
#ဒီစာပေဒီစကားဟာရက္ခိုင်မူလဘူတဘာသာစာစကားလို့လည်းဗမာတွေသိနေကြပြီဘဲ---
နှစ်1000ကျော်ကာလအတွင်းအဆင့်ဆင့်တိုးတက်ပြောင်းလဲလာတဲ့ဒီ
ရက္ခဝဏအက္ခရာတွေဟာဗမာတွေ
အဖို့ခေတ်သစ်ဘာသာစကားအဖြစ်
ပြောဆိုနေကြပေမယ့်ကျနော်တို့
ရက္ခိုင်တွေအတွက်တော့မူလဘူတ
ဘာသာစကားကိုဘဲနေ့တိုင်းပြောဆိုနေကြတာပါ--ဒါကြောင့်ပြောတာ
**ရက္ခိုင်ကရေးတတ်ဖတ်တတ်သူ
တွေတောင်ပုဂံကျောက်စာကိုလက်
တန်းဖတ်နိုင်သလို-စာမတတ်တဲ့
ရက္ခိုင်တွေကပုဂံကျောက်စာပါဝေါ
ဟာရအသံတွေကိုနေ့တိုင်းပြောဆို
နေကြတာပါ--ဒီတော့ ငစျာန်ပြော
သလို--ရက္ခိုင်စကားဟာဗမာတွေရဲ့
ဒေသိယျစကားလား-???
#ဗမာစကားဟာရက္ခိုင်ကပြန့်ပွားသွားတဲ့ဒေသန္တရစကားလားဆိုတာထမင်းစားသူတိုင်းသိလောက်ပါပြီ--
******တော်လောက်ပါပြီ-ဆက်
ပြောရင်အများကြီးပြောရအုံးမှာ-FB
တွေကိုအားနာတယ်-စာရှည်ရင်
ဖတ်သူငြီးငွေ့မှာစိုးပါတယ်----
-ဒီအုဋ်ဂူသေးပန်းအဖွဲ့ဟာမဟာဗမာ
ဝါဒကိုဆုပ်ကိုင်ချင်လွန်းလို့သူတို့အ
လိုဆန္ဒနဲ့မကိုက်ညီရင်ပညာရှင်ဦး
ကုလားကိုဆဲတယ်-စွပ်စွဲတယ်-
ဒေါက်တာထင်အောင်-ဦးသာမြတ်-
ဒေါက်တာသန်းထွန်း-စတဲ့ပညာရှင်
တွေရဲ့စာကိုဆန္ဒနဲ့ကိုက်ညီရင်ကိုး
ကားပြပြီးမဟာဗမာဝါဒအပြင်ဖက်
ရောက်နေရင်အပြစ်ဖို့-လွှဲချ-အသုံး
မကျသူတွေအဖြစ်fbမှာပုံဖေါ်ကာက
လော်တုတ်တယ်-ဒီလိုသေးပန်းနေ
တာတွေကိုသူတို့ဂရုကမန့်တွေနဲ့
အားပေးအားမြှောက်ပြု ပြန်တယ်-
#တကယ့်ကိုဘုန်းကြီးရူးနဲ့လှေလူးတွေပါဘဲဗျာ---ရိုးသားမှုမရှိရင်သမိုင်း
ပညာဟာလူတွေကိုအကျိူ းမပြု ဘဲ
အဆိပ်သာသင့်စေမှာ-ဒါကိုသတိထားပြု ပြင်သင့်ပါတယ်-
#ဒီအုဋ်ဂူသေးပန်းအဖွဲ့ဟာပညာရှင်တွေကိုစော်ကားပြီးဗဟာဗမာဝါဒကိုဆုပ်ကိုင်နေကြပေမယ့်------
*****တကယ်အပင်ပန်းခံလေ့လာ
နေသူတွေဖြစ်လို့ကျနော့်ရင်ထဲကသိမှတ်ပြုပါတယ်ဗျာ***သူတို့တွေ
အဂတိလွတ်အောင်သမိုင်းပညာကို
တန်ဖိုးမြှင့်ခဲ့ရင်ဘယ်အချိန်မှာဖြစ်
ဖြစ်ကျနော်လေးစားမြတ်နိုးမိမှာပါ-
----ရက္ခိုင်သမိုင်းနယ်ပယ်သွေးသစ်
တွေဆိုရင်ဒီအုပ်စုပိုစ်တက်လာရင်
အရင်ကတုန့်ပြန်ဖို့ကြိုးစားကြတာ
တွေ့ရပေမယ့်  အခုအဲဒီပိုစ်တွေကို
ဟာသမြောက်ရီစရာအဖြစ်ဘဲသ
ဘောထားလာတာထင်ထင်ရှားရှား
မြင်နေရပါပြီ-အိပ်ရေးပျက်လိုထထ
မကြည့်ဘူးတဲ့ဗျာ-------
#အမှန်ကသမိုင်းပညာကိုမြတ်နိူးသူတိုင်ဟာတသွေးတသားတည်းဖြစ်သင့်ပါတယ်-----
****ကျနော်တို့ရဲ့ပဏ္ဍိတ်ဆရာကြီး
ဦးဦးသာထွန်းနဲ့ကျောက်စာဝန်ပညာ
ရှင်ဦးစံရွှေဘုတို့ဒေါက်တာသန်းထွန်းတို့အဖွဲ့အကြိမ်အများကြီးတွေ့ခဲ့
ကြပေမယ့်ဗမာတွေဘယ်သူမှနုတ်
လှန်မထိုးရဲခဲ့သလိုအဖိုးသျှင်တို့က
လည်းဗမာသမိုင်းပညာရှင်တွေနဲ့
တကယ့်ကိုတသွေးတသားတည်း
ဖြစ်ခဲ့ကြတာပါဗျာ------
#အခုကျနော်ပြောတာမှာဗမာတွေကိုထိခိုက်စေလိုတဲ့ဆန္ဒမပါဘဲအမှန်ကိုတွေးဆစေချင်လို့ပါ------
((((ဘယ်သူမဆိုဝင်ရောက်ဆွေး
နွေးနိုင်ပါတယ်-အဆင့်မရှိရင်ဝင်မ
လာပါနဲ့)))))---------

          ခိုင်-မှိုင်းဝေ(ကျောက်ဖြူ )
          (သမိုင်း/ဘာသာဗေဒ)
    ရက္ခိုင့်သမိုင်းနိုင်ငံရေးသုတေသီ