"
***************************
ရခိုင်လူမျိုးတို့ သည် ၎င်းတို့၏ ဇာတိနေရပ်ဖြစ်သော နတ်မြစ်ဝမှ မော်တင်စွန်း (ယခု ဧရာဝတီတိုင်း) အထိ
ရှည်လျားသည့် ရခိုင်ကမ်းမြောင် ဒေသ တစ်လျှောက်တွင်နေထိုင်ကြသည်။ ရခိုင်ကမ်းမြောင်ဒေသ သို့မဟုတ် ရခိုင်ပြည် သည် ခေတ်အဆက်ဆက် ရခိုင်ဘုရင်များ အုပ်စိုးရာ သီးခြား လွတ်လပ်သည့် တိုင်းပြည် ဖြစ်ခဲ့၏။ ရခိုင်ဘုရင်များ လက်ထက်တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ စစ်တကောင်းဒေသ နှင့် အိန္ဒိယနိုင်ငံ တြိပူရ ဒေသတို့သည် ရခိုင်ပြည်၏ လက်အောက်ခံ ဖြစ်ခဲ့သဖြင့် ထိုစဉ်ကလကပင် ရခိုင်လူမျိုးအချို့သည် အုပ်ချုပ်သူ လူတန်းစားအဖြစ် ဘင်္ဂလားဒေသနှင့် တြိပူရဒေသတို့ တွင်လည်း အစဉ်အဆက် နေထိုင်ခဲ့ကြပြီး ယနေ့ထက်တိုင် နေထိုင်ကြဆဲလည်း ဖြစ်သည်။ မြန်မာ့လူဦးရေ၏ လေးရာခိုင်နှုန်းနှင့် အထက်သည် ရခ်ိုင်လူမျိုးတို့ဖြစ်သည်။
နောက်ခံ သမိုင်းကြောင်းနှင့် ပေါ်ပေါက်လာပုံ
ရခ်ိုင်ဆိုသော စကားသည် ပါဠိ စကားမှ ဆင်းသက်လာသည်။ ရက္ခိတ (အမျိုးကို စောင့်ရှောက်သူ) ဟု အဓိပ္ပါယ်ရသည်။
ပျူ နှင့်အနွယ်တူ ကမ်းယံ လူမျိုးများ မြန်မာနိုင်ငံဧရာဝတီမြစ်ဝှမ်း ဒေသဘက် သို့ဝင်ရောက်သည့် အချိန်ကာလ လောက်မှာပင် အနောက်တိဗက်အနွယ်ဝင် အခြား လူမျိုးစုများသည်လည်း ရခိုင်ကမ်းရိုးတန်း ဒေသများသို့့အိန္ဒိယနိုင်ငံ အရှေ့ပိုင်းဒေသ များဘက်မှ ဝင်ရောက်လာကြသည်။ ရခိုင်ကမ်းရိုးတန်းဒေသနှင့် သက်ဆိုင်သည့် သမိုင်းများကို လေ့လာသည့် အခါ ရှေးအကျဆုံး မင်းဆက်များနှင့် တိုင်းပြည် နယ်ပယ်များသည် စစ်တွေပတ်ဝန်းကျင် ဒေသတဝိုက်လောက်တွင် အခြေခံသည်ကို အများဆုံးတွေ့ရှိရသည်။
ရခိုင်ကမ်းရိုးတန်းတောင်ပိုင်း ဒေသများ သို့ဝင်ရောက် ခြေချသည့် လူ့အဖွဲ့အစည်းများမှာ ပျူနှင့် အနွယ်တူကမ်းယံ လူမျိုးများ သည် ဧရာဝတီမြစ်ဝှမ်း အရပ်ဒေသများမှတဆင့် ဝင်ရောက် လာဖွယ်ရာရှိသည်။ ရခိုင်ရာဇဝင်ဟောင်းများ၌ ရေးသား ဖေါ်ပြထားသည်မှာ ဗုဒ္ဓပွင့်တော် မမူမှီ လွန်ခဲ့သည့်နှစ် ပေါင်း ၅၀၀၀ ကျော်လောက်မှ စ၍ဓညဝတီ ကို တည်ထောင်သည့် မာရယု မင်းဆက် ၅၄ ဆက်မျှ စိုးစံခဲ့ကြောင်း ဒုတိယအကြိမ် ဓညဝတီကိုတည်ထောင်သည့်ကံရာဇာကြီး မင်းဆက် ၂၉ ဆက်မြောက် စန္ဒသူရိယမင်းသည် ဗုဒ္ဓနှင့် ခေတ်ပြိုင်ဖြစ်ပြီး မဟာမုနိရုပ်ပွားတော်ကို သွန်းလုပ်ခဲ့ကြောင်း ရေးသား ဖေါ်ပြကြသည်။
ရခိုင်ကမ်း ရိုးတန်းဒေသတဝိုက်တွင် တွေ့ရှိရသည့် သမိုင်းဝင်ထောက်အထားများအရ ပုဂံပြည် မတိုင်မှီ ရာစု နှစ်များစွာကပင် တိုင်းပြည် မင်းဆက်များ ထူထောင်ပြီးစီးကြောင်း တွေ့ရှိရသည်။ အထူးသဖြင့် ဓညဝတီ၊ ဝေသာလီနှင့် လောင်းကြက် ပြည်များသည် သူ့ခေတ်နှင့် သူ့အခါ ထင်ရှားကြီးကျယ် သည့် တိုင်းပြည် များဖြစ်ခဲ့ကြသည်။ မြောက်ဦးခေတ် ရောက်သောအခါ ရခိုင်ဘုရင်များသည် ရခိုင်ကမ်းရိုးတန်းဒေသတ ခုလုံးကိုစည်းလုံး သိမ်းသွင်းနိုင်ခဲ့ရုံမျှမက၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ စစ်တကောင်းဒေနှင့် အိန္ဒိယနိုင်ငံ တြိပူရ ဒေသများကိုပါ နှစ်ပေါင်း ရာနှင့်ချီ၍ သိမ်းပိုက်ထားနိုင်ခဲ့ကြသည်။ မြန်မာတနိုင်ငံလုံး ကို စတင်စည်းရုံးခဲ့သည့် ပုဂံမင်းဆက်ဘုရင်များသည်လည်းကောင်း၊ ဒုတိယ မြန်မာနိုင်ငံကို ထူထောင်သည့် ဘုရင့်နောင်သည်လည်းကောင်း၊ တတိယမြန်မာနိုင်ငံကို စည်းလုံးတည်ထောင်သည့် အလောင်းဘုရားသည် လည်းကောင်း ရခိုင်ပြည်ကို မြန်မာနိုင်ငံ၏ နယ်ပယ် တစ်ခု အဖြစ်သို့ မသိမ်းသွင်းနိုင်ခဲ့ကြချေ။ ီရခိုင်သည် ၁၈၇၄ ရောက်မှသာ ဘိုးတော်ဗဒုံမင်းလက်အောက်သို့ ကျရောက်ခဲ့ပြီး၊ မြန်မာနိုင်ငံတွင် ပါဝင်လာခဲ့သည်
ဘာသာရေး
ရခိုင်များသည် ဗုဒ္ဓဘာသာကိုးကွယ်သူများဖြစ်ကြသည်။ ရှေးအစဉ်အဆက်ကတည်းက ဘာသာရေးကို ရိုသေကိုင်းရှိုင်း ကြသည်။ ရိုးရာယဉ်ကျေးမှုနှင့် ဓလေ့ထုံးစံ
ရခိုင်လူမျိုးတို့ သည် ရခိုင်ဘာသာစကားနှင့် မြန်မာဘာသာစကားကို အများဆုံး အသုံးပြုကြသည်။ ရခိုင်ဘာသာစကားနှင့် မြန်မာ ဘာသာစကားသည် အတော်များများတူပြီး ရ-သံ /r/ နှင့် ယ-သံ /j/ ထွက်ကွာသည်။ ရခိုင်စာပေ အရေးအသားနှင့် မြန်မာစာပေး အရေး အသားသည် ဆင်တူသည်။ ရခိုင်လူမျိုးတို့သည် များသောအားဖြင့် ထေရဝါဒ ဗုဒ္ဓဘာသာ ကို ကိုးကွယ်ကြသည်။ သူတို့သည် အရှေ့တောင်အာရှ၏ ပထမဦးဆုံးသော ထေရဝါဒ ဗုဒ္ဓဘာသာ ကိုးကွယ်သူများ ဖြစ်ကြသည်။ ရခိုင်ယဉ်ကျေးမှုသည် ထေရဝါဒ ဗုဒ္ဓဘာသာ အခြေခံထား၍ပေါ်ပေါက်လာခဲ့သည်။ ရခိုင်လူမျိုးတို့၏ စာပေ၊ ဂီတ နှင့် အနုသုခုမပညာရပ်တို့သည် ဘာသာရေးကို အခြေခံပြီး တိုးတက်လာခဲ့သည်။ ရခိုင်လူမျိုးတို့၏ ကျင် အားကစားနှင့် ရခိုင်ဆီမီးခွက်အကတို့သည်ထင်ရှားသည်။
ဝတ်စားဆင်ယင်မှု
ရခိုင်လူမျိုးများသည် မြန်မာန်ိုင်ငံ အနောက်မြောက်ပ်ိုင်းတွင် နေထိုင်ပြီး ယဉ်ကျေးမှုနှင့် ကိုးကွယ်ယုံကြည် မှုတွင် အစဉ်အလာ ကြီးမားသည်။ ရခိုင်အမျိုးသားများသည် ပုဝါစကို နဖူးတွင် စည်းနှောင်ထားပြီး ရင်ဖုံး တိုက်ပုံကိုရိုးရာပုဆိုးနှင့်တွဲဖက်ဝတ်ဆင်ကြသည်။အမျိုးသမီးများသည်ဇာပုဝါကိုရင်စလွယ်သိုင်းပြီးကော် လာမဲ့ ရင်စေ့လက်ရှည်အင်္ကျီကို ရိုးရာလုံချည်နှင့် တွဲဖက်ဝတ်ဆင်သည်။ ၁၅ မှ ၁၈ ရာစု ရခိုင်မင်းဆက်များ၏ ဗိသုကာ လက်ရာများနှင့် ဗုဒ္ဓဘာသာနှင့် သက်ဆိုင်သော အဆောက်အဦးများကို မြောက်ဦးမြ်ို့တွင်လေ့လာ နိုင်သည်။
စာပေ သမိုင်းကြောင်း
ရခိုင် စာပေသည် ဓညဝတီခေတ် (အေဒီ တစ်ရာစု) ခန့်ကပင် စတင် ထွန်းကားခဲ့ကြောင်း၊ အထောက်အထားတွေ့ရသည်။ ဓညဝတီ မြို့ဟောင်းအနီးမှ တောင်ပေါက်ကြီးကျောက်စာတွင် အသောကခေတ်က အသုံးပြုခဲ့သော ဗြဟ္မီအရေးအသားဖြင့် ရေးထိုးထားသည်ကိုတွေ့ရသည်။ ထို့ပြင် ဗြဟ္မီအက္ခရာ အရေးသား စာတန်းပါ ဗိုက်ပူဘုရား ကျောက်စာသည်လည်း ဓညဝတီခေတ် ရခိုင်စာပေ ထွန်းကားမှု၏ သက်သေ ပင် ဖြစ်ပါသည်။ ဝေသာလီခေတ် (အေဒီ လေးရာစုမှ ဆယ်ရာစု) တွင် ရခိုင်စာပေ ထွန်းကားမှုသည် ကျယ်ပြန့်ခဲ့ပါသည်။ အေဒီ ခြောက်ရာစု ဂုပ္ပတ အက္ခရာ ဖြင့် ရေးထိုးထားသော ယေဓမ္မာ ရခိုင်ကျောက်စာများစွာကို ဤခေတ်တွင် တွေ့ရသည်။ ဝေသာလီခေတ်၏ အထင်ရှားဆုံး ကျောက်စာမှာ အေဒီ ၇၂၉ တွင် ရေးထိုးသော အာနန္ဒစန္ဒြမင်း ကျောက်စာဖြစ်သည်။ ထိုကျောက်စာတွင် ရခိုင် မင်းဆက်များကို ဂါထာ ၆၅ ဂါထာဖြင့် ရေးထိုးထားသည်။ ထိုသို့ မင်းစဉ်မင်းဆက်များကို အစအဆုံးမှတ်တမ်း တင်ထားသည့် ကျောက်စာမျိုးမှာ မြန်မာပြည်တွင်သာမက အိန္ဒိယပြည်တွင်ပါ အစောဆုံးဟု သိရသည်။ ဝေသာလီခေတ်တွင် ကျောက်စာများသာမက မော်ကွန်းလင်္ကာ၊ သျွှန်းလိုက်ရတု၊ စသည့် ရတုကဗျာများ ထွန်းကားခဲ့သည်။ အမတ်ကြီး မေဓပညာရေးသားသည့် မေဓပညာ မော်ကွန်းလင်္ကာမှာ ဝေသာလီခေတ် လက်ရာဟု ထင်ရှားသည်။ လေးမြို့ခေတ် (အေဒီ ၁၁ ရာစု ၁၅ ရာစု) တွင် ကျောက်စာအရေးအသားများများနှင့် အတူ ကဗျာစာပေများလည်း ထွန်းကားသည်။ ဗျည်း ၃၃ လုံးလင်္ကာမှာ လေးမြို့ခေတ်တွင် ပေါ်ထွန်းခဲ့ခြင်းဖြစ်ပြီး၊ မြန်မာစာပေတွင် ထင်ရှားသည့် လောကသာရပျို့ကို ရခိုင်သူမြတ်က လေးမြို့ခေတ်တွင် ရေးသားခဲ့ခြင်း ဖြစ်သည်။ လေးမြို့ခေတ် ရခိုင် ကျောက်စာများအနက် ထင်ရှားသော ကျောက်စာများမှာ လောင်းကြက်တောင်မော် ကျောက်စာနှင့် မဟာထီး မီးကျောင်းရုပ် ကျောက်စာတို့ ဖြစ်သည်။ လောင်းကြက်တောင်မော် ကျောက်စာသည် အလျား ပေ ၃၀ ရှိပြီး မြန်မာပြည်တွင် အကြီးဆုံး ကျောက်စာ ဖြစ်သည်။ မြောက်ဦးခေတ်တွင် ရေးစပ်သီကုံးခဲ့သော ဘဒူမင်းညို၏ ရခိုင်မင်းသမီးဧချင်း၊ နန်းတွင်းမိညို၏ ကိုယ်ရည်သွေးရတုနှင့် စာဆို ဥက္ကာပျံ၏ ၁၂ လ ရာသီ ရတုတို့မှာ ကျော်ကြားသည်။
မြောက်ဦးခေတ် ရခိုင်စာဆိုတော် ဥက္ကာပျံ၏-
အောက်အာကာဗွီ၊ ဝါယောထွီ၍
ရီထက်ကားမြီ၊ မြီထက်လီနှင့်
ပထဝီဟု၊ ထူထု နှစ်သိန်း၊
လေးသောင်းကိန်းထက်၊ ရံသိန်းစကြာဝဠာ
ညီစွာဝန်းလည်၊ ကျောက်တိတည်ကား
ဟူသည့် မိုးဖွဲ့ရတုသည် ရခိုင်ဘာသာစကား၊ ရခိုင်သံ၊ ရခိုင်ကာရန် တို့ဖြင့် ရေးဖွဲ့ထားသည့် ရခိုင်စာပေ ၏ အကောင်းဆုံး သာဓက ပြယုဂ် ဖြစ်သည်။
ရခိုင်ခေတ်များ
* ဝါသုဒေဝညီနောင်တကျိပ်တို့တည်ထောင်သော ဒွါရာဝတီခေတ် )
* ပထမ ဝေသာလီခေတ် သက္ကရာဇ် ၅၃၁၆ မှ ၃၃၂၅ BCE အထိ၊ )
* ပထမ ဓညဝတီခေတ် သက္ကရာဇ် ၃၃၂၅ မှ ၁၅၀၇ BCE အထိ၊ )
* ဒုတိယ ဓညဝတီခေတ် သက္ကရာဇ် ၁၅၀၇ မှ ၅၈၀ BCE အထိ၊ )
* တတိယ ဓညဝတီခေတ် သက္ကရာဇ် ၅၈၀ BCE မှ ၃၂၇ ADE အထိ၊ )
* ဒုတိယ ဝေသာလီခေတ် သက္ကရာဇ် ၃၂၇ မှ ၈၁၈ ADE အထိ၊ )
* လေးမြို့ခေတ် သက္ကရာဇ် ၈၁၈ မှ ၁၄၃၀ ADE အထိ၊ )
* မြောက်ဦးခေတ် သက္ကရာဇ် ၁၄၃၀ မှ ၁၇၈၄ ADE အထိ၊ )
ရခိုင်ပြည်နယ်ရှိမြို့များ
ပြည်နယ်မြ်ို့တော် စစ်တွေ
အကျယ်အဝန်း ၁၄၂၀၀ စတုရန်းမိုင်ခန့်
လူဦးရေ ၃.၈၃၆ သန်းခန့် (၂၀၁၀ ပြည့်နှစ် စာရင်း)
ခရိုင် ၅ ခရိုင်
မြ်ို့နယ် ၁၇ မြို့နယ်
ကျောက်တော်မြို့
ကျောက်ဖြူမြို့
ဂွမြို့
စစ်တွေမြို့
တောင်ကုတ်မြို့
ပုဏ္ဏားကျွန်းမြို့
ပေါက်တောမြို့
ဘူးသီးတောင်မြို့
မာန်အောင်မြို့
မောင်တောမြို့
မင်းပြားမြို့
မြေပုံမြို့
မြောက်ဦးမြို့
ရသေ့တောင်မြို့
ရမ်းဗြဲမြို့
သံတွဲမြို့
အမ်းမြို့
ရခိုင်ပြည်နယ်ရှိ တိုင်းရင်းသားလူမျိုးများ
၁၉၈၂ မြန်မာနိုင်ငံသား အက်ဥပဒေအရ၊ တရားဝင် အသိအမှတ်ပြုထားသော၊ မြန်မာနိုင်ငံ၏ တိုင်းရင်းသား (၁၃၅) မျိုးတွင် ပါဝင်သည့် ရခိုင်ပြည်နယ်မှ လူမျိုး နှင့် မျိုးနွယ်စု (၇) မျိုးမှာ အောက်ပါ အတိုင်း ဖြစ်သည်။
1. ရခိုင်လူမျိုး
2. ကမန် မျိုးနွယ်စု
3. ခမီ မျိုးနွယ်စု
4. ဒိုင်းနက် မျိုးနွယ်စု
5. မရမာကြီး မျိုးနွယ်စု
6. မြို မျိုးနွယ်စု
7. သက် မျိုးနွယ်စု
ရည်ညွှန်းကိုးကား
ရခိုင်ရာဇဝင် ။ အောင်သာဦး
စန္ဒမာလာလင်္ကာရ။ ရခိုင်ရာဇဝင်သစ် ရခိုင်သမိုင်း ၊ ၁၅ ၊ ၁၈ ရာစု
အရှေ့တောင်အာရှရာဇဝင်၊ ဟော-၁၉၅၅
မြန်မာရာဇဝင် (ဟာဗေး ၁၉၂၅)
မိတ်ဆိနာ-ခေတ်ဦး ဖုနန်-ဖန်-ပျူ နှင့် ရခိုင် ယိုးဒယားသင်း ဂျာနယ်။
#Credit.. ရခိုင်သတင်းစုံ
No comments:
Post a Comment